ဆေးဘက်ကျွမ်းကျင်(၃)(ဆေးစပ်)(၆)လ သင်တန်းများ ဖွင့်လှစ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများ/ တိုင်း ဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက် ကျွမ်းကျင်(၃)(ဆေးစပ်)နေရာများ၌ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာန အလိုက် ဆေးဘက်ကျွမ်းကျင်(၄)(ဆေးစပ်) လစာနှုန်း (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)မှ ဆေးဘက် ကျွမ်းကျင်(၃)(ဆေးစပ်) လစာနှုန်း (၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ) ရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေး အတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသော သင်တန်းသားများအား တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီး(၁၅)ရုံတွင် (၁-၉-၂၀၂၅)ရက်နေ့မှစ၍ စာတွေ့(၂)လ၊ မိခင်ဌာန/ဆေးရုံများတွင် လက်တွေ့(၄)လဖြင့် ဆေးဘက်ကျွမ်းကျင်(၃) (ဆေးစပ်) သင်တန်းများ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါသည်။ စဉ် သင်တန်းဖွင့်လှစ်လျက်ရှိသော ဆေးရုံကြီးများ တက်ရောက်လျက်ရှိသော သင်တန်းသားအရေအတွက် ၁ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၁၁)ဦး ၂ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး (၁၁)ဦး ၃ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး (၉)ဦး ၄ … Read more

စိတ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးဝန်ဆောင်မှုပေးနိုင်ရန်ညွှန်းပို့ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့်သင်တန်း ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိငလျင်ဘေးသင့်ပြည်သူလူထုအား စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများအတွက် သေဆုံးသူများ/မိသားစုဝင်များ/ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများကို Focus ထား၍ Psychosocial Support ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ စုပေါင်းဆောင်ရွက်ရန်၊ Referral and Networking to Provide Psychosocial Services  နှင့် Hotline  တည်ထောင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ( ၁-၉-၂၀၂၅) ရက်နေ့မှ (၅-၉-၂၀၂၅) ရက်နေ့အထိ ကုသရေးဦးစီးဌာန၊ အစည်းဝေးခန်းမ(၂)တွင် (၅)ရက် ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲနှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး ချုပ်၊ ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ (စိတ်ကျန်းမာပညာ)၊ (ဆေးတက္ကသိုလ်(၁)၊(၂)ရန်ကုန်နှင့်မန္တလေးဆေးတက္ကသိုလ်တို့မှ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ကြီးများ၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဒုတိယတိုင်းဒေသကြီး ကုသရေးနှင့် … Read more

ဆရာဝန်၊သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များ ခေါ်ယူခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနတွင်လစ်လပ်လျက်ရှိသော ဆရာဝန်(သစ်လွင်) (၂၂၉)ဦးနှင့် ဆရာဝန်(သွားနှင့်ခံတွင်း) (၅၀)ဦး ရာထူးနေရာများအတွက်လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ (အစားအသောက်) (၄)ဦး၊ ဦးစီးအရာရှိ(ဆေးဝါး) (၅)ဦးနှင့် ဦးစီးအရာရှိ(ဓာတ်ခွဲ)(၄)နေရာ တိုအတွက် လည်းကောင်း ပြည်ထောင်စုရာထူးဝန်အဖွဲမှ နိုင်ငံပိုင် သတင်းစာများတွင် လျှောက်လွှာခေါ်ယူခဲ့ပြီးဖြစ်ပါသဖြင့် လျှောက်ထားလိုသူများအနေဖြင့် ၃-၁၀-၂၀၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်သို လူကိုယ်တိုင် (သိုမဟုတ်) စာတိုက်မှတဆင့် ပေးပိုလျှောက်ထားနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။