Month: September 2024
တင်ဒါအမှတ်- 15DMS/ 2024-2025 (L)
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၂၄-၂၀၂၅)ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ့ ဆေးရုံများအတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ဝယ်ယူရန် တင်ဒါအမှတ်- 15DMS/ 2024-2025 (L) ဖြင့် တင်ဒါခေါ်ယူအပ်ပါသည်။ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ – စတင်ရောင်းချမည့်ရက် ၂၇-၉-၂၀၂၄) ရက်၊ သောကြာနေ့ တင်ဒါပိတ်မည့်ရက်နှင့် အချိန် – (၁၀-၁၀-၂၀၂၄) ရက်၊ မွန်းတည့် (၁၂: ၀၀) နာရီ ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၆၇-၃၄၁၁၅၄၄၊ ၀၆၇-၃၄၁၁၆၃၄ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ကုသရေးဦးစီးဌာန ကျန်းမာရေးဝန်ကြီးဌာန
ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ပူးပေါင်းစီစဉ်သည့်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအားခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:၀၀)နာရီတွင် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ OSAKA UNIVERSITY မှ Professor Mikihiko kogo နှင့် အဖွဲ့ဝင်များ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများမှ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များ သင်တန်းသား စုစုပေါင်း(၃၁)ဦးတို့ တက်ရောက် ခဲ့ပါသည်။ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာ တွင် ၂၀၁၂ခုနှစ်မှစတင်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သော Japan Heart အဖွဲ့၏ ပူးပေါင်းကူညီဆောင်ရွက်မှုများကြောင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျေးဇူးတင်အသိအမှတ်ပြု ပါကြောင်း ဗဟိုအဆင့်ဆေးရုံများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများတွင် နှုတ်ခမ်းကွဲ၊ … Read more
Key Notes on World Patient Safety Day
By Dr Than Lwin Tun World Patient Safety Day, observed annually on 17 September, is a vital occasion for raising awareness about the importance of patient safety and fostering a culture of continuous improvement in healthcare practices worldwide. World Patient Safety Day is an opportunity to raise public awareness and foster collaboration between patients, health … Read more
သွားတုဆိုင်ရာလက်ထောက်ကျွမ်းကျင် (ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲ ခမ်းအနားကျင်းပခြင်း
နေပြည်တော်၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သွားတုဆိုင်ရာလက် ထောက်ကျွမ်းကျင် သင်တန်း(ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈: ၀၀)နာရီ တွင် သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်တော်)၊ သင်တန်းခမ်းမ၌ ကျင်းပပြုလုပ်ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အထူးကုဆရာဝန်များ၊ သင်တန်းနည်း ပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဆိုပါ သင်တန်း၏ရည်ရွယ်ချက်များအနေဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံများရှိ သွားနှင့်ခံတွင်းဆေးကုသဌာနများတွင် အများပြည်သူများကို သွားကျန်းမာရေး ဝန်ဆောင်မှုများ အရည်အသွေးပြည့်မီစွာကုသပေးနိုင်ရန် (Digital Dentistry) နည်းပညာများဖြင့် ကုသပေးနိုင်ရန်ရည်ရွယ်ပြီး သင်ကြားရေးဆိုင်ရာအတတ်ပညာများကို အခြေခံကျကျ တတ်မြောက် စေရန်၊ … Read more