၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် e-Government  သင်တန်းဆောင်ရွက်ခြင်း

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government  သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများအတွက် (၁၉-၁-၂၀၂၆)ရက်နေ့မှ (၂၃-၁-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ အရာထမ်း/အမှုထမ်း (၆၀)ဦး တက် ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အောက်ရှိ ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများအတွက် (၂၆-၁-၂၀၂၆) ရက်နေ့မှ (၃၀-၁-၂၀၂၆) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူ (၅၄)ဦး၊ စုစုပေါင်းသင်တန်းသား/သူ အရာထမ်း/ အမှုထမ်း (၁၁၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်မည့် Power BI Software အသုံးပြုပုံနှင့် Advance Microsoft Excel အသုံးပြုပုံတို့ကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ တက်ရောက်လာကြသော သင်တန်းသား/သူအရာထမ်းများ မေးမြန်းကြသော မေးခွန်းများကိုလည်း သက်ဆိုင်ရာ … Read more

နေပြည်တော်ကလေးအထူးကုဆေးရုံကြီးသို့ ကွင်းဆင်းခြင်း

နေပြည်တော်ကလေးအထူးကုဆေးရုံကြီးသို့ ကွင်းဆင်းခြင်း (၁၁-၂-၂၀၂၆)ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာကျော်စိုးမင်း ဦးဆောင်သော ညွှန်ကြားရေးမှူး‌ (သူနာပြု) ဒေါ်အက်စ်ဘန်တောင် တို့ပါဝင်သည့်အဖွဲ့သည် (၁၁-၂-၂၀၂၆ ) ရက်နေ့တွင် နေပြည်တော်ကလေးရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော ကလေးလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ရရှိမှု၊ ကလေးလူနာများအား ပြုစု စောင့်ရှောက်ပေးမှု တို့ကို အဆိုပါဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး သူနာပြုများမှ မွေးကင်းစကလေးများအား အချိန်ပြည့် ကြည့်ရှုပေးနိုင်မှုကို အားပေးခဲ့ပါသည်။