Month: October 2024
တင်ဒါအမှတ် – 17DMS/ 2024-2025(L) နှင့် 18DMS/ 2024-2025(F) တို့အတွက် Technical Specification ဖွင့်ဖောက်စိစစ်ခြင်း အစည်းအဝေး
တင်ဒါအမှတ် – 17DMS/ 2024-2025(L) နှင့် 18DMS/ 2024-2025(F) တို့အတွက်Technical Specification ဖွင့်ဖောက်စိစစ်ခြင်း အစည်းအဝေး ဖိတ်ကြားခြင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၂၄-၂၀၂၅)ခု၊ဘဏ္ဍာရေးနှစ်အတွက် မြန်မာကျပ်ငွေဖြင့် တင်ဒါအမှတ် – 17DMS/2024-2025(L)ဖြင့်လည်းကောင်း၊ အမေရိကန်ဒေါ်လာ ဖြင့် တင်ဒါအမှတ် – 18DMS/2024-2025(F)ဖြင့်လည်းကောင်း ဆေးရုံအဆင့်မြှင့်တင်ရေး လုပ်ငန်း အတွက်ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရေး တင်ဒါခေါ်ဆိုခဲ့ပြီး အဆိုပါ တင်ဒါအား(၂၈-၁၀-၂၀၂၄) ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီတွင် တင်ဒါပိတ်သိမ်းခဲ့ပြီး Envelope– B တွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိကို (၂၈-၁၀-၂၀၂၄)ရက်နေ့တွင် စိစစ်ခဲ့ပြီး ဖြစ်ပါသဖြင့် Technical Specification ဖွင့်ဖောက်စိစစ်ခြင်းအစည်းအဝေးအား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်ထားသည့် ကုမ္ပဏီများမှ အဆုံးအဖြတ်ပေးနိုင်သည့်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအား မပျက်မကွက် တက်ရောက်ပေးနိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။
တင်ဒါအမှတ် – 17DMS/2024-2025(L) နှင့် 18DMS/2024-2025(F) တို့၏ Envelope (B) ပါ စာရွက်စာတမ်းများ စိစစ်ခြင်းအစည်းအဝေး
တင်ဒါအမှတ် – 17DMS/2024-2025(L) နှင့် 18DMS/2024-2025(F) တို့၏ Envelope (B) ပါ စာရွက်စာတမ်းများ စိစစ်ခြင်းအစည်းအဝေး
သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အခမ်းအနားနှင့် သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း
သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အခမ်းအနားနှင့် သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း ၁၀-၁၀-၂၀၂၄၊ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင် ဗဟိုအဆင့်ဆေးရုံကြီး များနှင့် တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံများမှ သူနာပြုကြီး(၁၄၈)ဦးတို့အား သူနာပြုစုမှုဆိုင်ရာစီမံခန့်ခွဲ မှုသင်တန်းအခမ်းအနားနှင့် သစ်လွင်သူနာပြုခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ပါ သည်။ ယင်းနေ့တွင်ပင် သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့တွင် သူနာပြုသိပ္ပံဘွဲ့ရ သစ်လွင် သူနာပြု(၁၄၆)ဦးအား တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများကို တစ်ပြိုင်တည်း ကျင်းပပြုလုပ်ပါသည်။
ဆရာဝန်(သစ်လွင်)နှင့် ဆရာဝန်(သွားနှင့်ခံတွင်း)နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
ဆရာဝန်(သစ်လွင်)နှင့် ဆရာဝန်(သွားနှင့်ခံတွင်း)နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း