ဆေးဘက်ကျွမ်းကျင်(၃)(ဆေးစပ်)(၆)လ သင်တန်းများ ဖွင့်လှစ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများ/ တိုင်း ဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ပြည်သူ့ဆေးရုံများတွင် လစ်လပ်လျက်ရှိသော ဆေးဘက် ကျွမ်းကျင်(၃)(ဆေးစပ်)နေရာများ၌ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာန အလိုက် ဆေးဘက်ကျွမ်းကျင်(၄)(ဆေးစပ်) လစာနှုန်း (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)မှ ဆေးဘက် ကျွမ်းကျင်(၃)(ဆေးစပ်) လစာနှုန်း (၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ) ရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေး အတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသော သင်တန်းသားများအား တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီး(၁၅)ရုံတွင် (၁-၉-၂၀၂၅)ရက်နေ့မှစ၍ စာတွေ့(၂)လ၊ မိခင်ဌာန/ဆေးရုံများတွင် လက်တွေ့(၄)လဖြင့် ဆေးဘက်ကျွမ်းကျင်(၃) (ဆေးစပ်) သင်တန်းများ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါသည်။

စဉ်သင်တန်းဖွင့်လှစ်လျက်ရှိသော ဆေးရုံကြီးများတက်ရောက်လျက်ရှိသော သင်တန်းသားအရေအတွက်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး(၁၁)ဦး
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး(၁၁)ဦး
ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး(၉)ဦး
မန္တလေးပြည်သူ့ဆေးရုံကြီး(၁၄)ဦး
ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေးမြို့(၁၃)ဦး
ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီး၊ မန္တလေးမြို့(၁၄)ဦး
နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်(၁၀၀၀)(၄)ဦး
ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့(၅)ဦး
ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့(၁၈)ဦး
စဉ်သင်တန်းဖွင့်လှစ်လျက်ရှိသော ဆေးရုံကြီးများတက်ရောက်လျက်ရှိသော သင်တန်းသားအရေအတွက်
၁၀ပြည်သူ့ဆေးရုံကြီး၊ ပဲခူးမြို့(၁၀)ဦး
၁၁ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့(၁၁)ဦး
၁၂စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး(၁၄)ဦး
၁၃အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့(၁၃)ဦး
၁၄ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့(၂၉)ဦး
၁၅ပြည်သူ့ဆေးရုံကြီး၊ မအူပင်မြို့(၁၄)ဦး
စုစုပေါင်း(၁၉၀)ဦး

Leave a Comment