Weekly News

📱RFANov 12 | 22:18

ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို~~~ ◼️ ငလျင်ဘေးသင့်ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီ တို့က တိကျပြတ်သားတဲ့ အရေးယူမှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်က ပြည်သူလူထုတွေအပေါ် ရက်စက်မှုတွေ ကျူးလွန်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီလ ၁၄ ရက်နေ့က စာပေးပို့ တောင်းဆိုလိုက်တာပါ။ သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱Kyaw SwarNov 12 | 16:31

မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံအဖြစ် ပါဝင်နိုင်ရေးဆွေးနွေးနိုဝင်ဘာ ၁၁နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာ အီမာနာလီယက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားနိုဝင်ဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။တွေ့ဆုံစဉ်မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင် လေ့လာသူနိုင်ငံအဖြစ်ဝင်ရောက်နိုင်ရေး၊ အာဆီယံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ဥရောပအာရှပေါင်းစည်းရေးဆိုင်ရာအစည်းအဝေးများ၊ပြပွဲအခမ်းအနားများတွင်မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ပြသနိုင်ရေးတို့ကိုအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။တွေ့ဆုံပွဲသို့နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ ဥရောပအာရှစီးပွားရေးကော်မရှင်ကိုယ်စားလှယ်များ၊မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အစ်ဇကန်ဒါ အဇီဇော့ဗ်နှင့် ရုရှား၊ ဘယ်လာရုစ်သံရုံးတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။#SittNaing

မြန်မာနိုင်ငံအား ဥရောပအာရှစီးပွားရေးသမဂ္ဂတွင…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 16:28

K-pop အဖွဲ့(၉၀)ရာခိုင်နှုန်းနီးပါး debut လုပ်နိုင်ခဲ့ပေမယ့်အေဂျင်စီငယ်တွေ ရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲရှိနေရောင်နီ (NP News) - နိုဝင်ဘာလ ၁၁https://www.npnewsmm.com/news/6af492e591bd7051b4061ec6https://www.nssmy.com/news_detail/27492/33/17လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱Eleven MediaNov 12 | 16:16

■ တောင်ကြီးမြို့တွင် မိုးရေချိန် စံချိန်တင် ရွာသွန်းခဲ့ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးတွင် မိုးရေချိန် စံချိန်တင် ရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ တောင်ကြီးမြို့တွင် ၇၆ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန် စံချိန်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။ မိုးလေဝသတိုင်းထွာချက်များအရ နိုဝင်ဘာ ၁၁ ရက်တွင် မာန်အောင်မြို့နှင့် တောင်ကြီးမြို့တို့၌ အမြင့်ဆုံး မိုးရေချိန် စံချိန်သစ်များ စံချိန်တင် ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။တောင်ကြီးမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၌ မိုးရေချိန် ၁၀၃ မီလီမီတာ (၄ ဒသမ ၀၅ လက်မ) ထိ ရွာသွန်းခဲ့ပြီး ၅၂ နှစ်အတွင်း စံချိန်သစ် တင်ခဲ့ခြင်းဖြစ်ကာ ယခင် မိုးရေချိန် စံချိန်ဟောင်းမှာ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရရှိခဲ့သည့် ၈၀ မီလီမီတာ (၃ ဒသမ ၁၅ လက်မ) ဖြစ်ကြောင်း သိရသည်။

■ တောင်ကြီးမြို့တွင် မိုးရေချိန် စံချိန်တင် ရွ…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 16:13

DC Studios ရဲ့အကြီးအကဲရာထူးမှ ဂျိမ်းစ်ဂန်း နုတ်ထွက်၊ မာဗယ်စတူဒီယိုအမှုဆောင်ဟောင်း ဂျယ်ရမီလက်ချမ်က အစားထိုးတာဝန်ယူမည်ရောင်နီ (NP News) - နိုဝင်ဘာလ ၁၁https://www.npnewsmm.com/news/6af4910491bd7051b4061ec5https://www.nssmy.com/news_detail/27491/19/1လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

DC Studios ရဲ့အကြီးအကဲရာထူးမှ ဂျိမ်းစ်ဂန်း နုတ်ထွက်၊…
ဆက်လက်ဖတ်ရန် →
📱Kyaw SwarNov 12 | 16:08

ရွာငံနှင့် မိုးကောင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြား ၆၁၁,၇၀၀ ပြား ဖမ်းဆီးရမိ၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဖမ်းဆီးအရေးယူနေပြည်တော်၊ နိုဝင်ဘာ ၁၁ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တို့တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား စုစုပေါင်း ၆၁၁,၇၀၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် မော်တော်ယာဉ်များကို စစ်ဆေးစဉ် သန်းထိုက်အောင် (၃၈) နှစ် မောင်းနှင်ပြီး မခင်သီတာအောင် (ခ) မီးမီး (၅၄) နှစ် လိုက်ပါလာသည့် SUZUKI CARRY ယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆၀၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ကျပ်သိန်း ၆,၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်။အလားတူ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲခန့်က မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်တွင် စိန်ဝင်း (၄၅) နှစ် မောင်းနှင်ပြီး မကေကေဝင်း (ခ) မကေ (၄၁) နှစ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁၁,၇၀၀ ပြား၊ တန်ဖိုးကျပ် ၁၇၅ ဒသမ ၅ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ဖမ်းဆီးရမိသူ လေးဦးကို သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။#SittNaing

ဆက်လက်ဖတ်ရန် →
📱Eleven MediaNov 12 | 16:06

■ အမေရိကန်၏ ပိတ်ဆို့မှုများကို ဆန့်ကျင်ရာတွင် ကျူးဘားဘက်မှ ခိုင်မာစွာ ရပ်တည်ကြောင်း တရုတ်ပြောကြားအမေရိကန်၏ ပိတ်ဆို့မှုမှုများကို ဆန့်ကျင်ရာတွင် တရုတ်အနေဖြင့် ကျူးဘားနိုင်ငံဘက်မှ ခိုင်မာစွာ ထောက်ခံရည်တည်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် ပါရီလာအား နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ဝမ်သည် ပေကျင်းမြို့သို့ ရောက်ရှိလာသည့် ရိုဒရီဂွက်ဇ်နှင့် တွေ့ဆုံချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။အမေရိကန်သည် ဇန်နဝါရီလမှ စတင်ပြီး ကျူးဘားနိုင်ငံအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများနှင့် ရေနံပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့ရာ ကျူးဘား၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် အခြေခံလိုအပ်ချက် ပစ္စည်းများ ပြတ်လပ်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

■ အမေရိကန်၏ ပိတ်ဆို့မှုများကို ဆန့်ကျင်ရာတွင် …
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 15:58

အင်ဒိုနီးရှားမှာ တောမီးငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်ပျက်ကျ၊ လေယာဉ်အမှုထမ်းတစ်ဦး သေဆုံးရောင်နီ (NP News) - နိုဝင်ဘာလ ၁၁https://www.npnewsmm.com/news/6af48c3de4f76b220e069f35https://www.nssmy.com/news_detail/27490/27/9လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱Kyaw SwarNov 12 | 15:52

November(11)ရက် ယမန်နေ့က(၂၆)ရက်မြောက်နေ့အဖြစ်ကျင်းပပြုလုပ်ခဲ့သောပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သို့တက်ရောက်ကြသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ။#SittNaing

ဆက်လက်ဖတ်ရန် →
📱Eleven MediaNov 12 | 15:51

■ ဖိလစ်ပိုင်တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်မည်ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်မည့် ၄၉ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကိုယ်စားပြုတက်ရောက်သွားမည်ဖြစ်ကြောင်း Philstar သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းတစ်နှစ်တာအတွင်း နောက်ဆုံးကျင်းပမည့် အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးပွဲအတွင်း အရှေ့တောင်အာရှနှင့် အခြားကမ္ဘာ့ခေါင်းဆောင်များသည် နိုဝင်ဘာလ ၁၅ ရက်မှ စတင်ပြီး မနီလာမြို့တော်တွင် တွေ့ဆုံကြမည်ဖြစ်သည်။ဖိလစ်ပိုင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (PICC) ၌ သုံးရက်ကြာ ကျင်းပမည့် အဆိုပါ အစည်းအဝေး၏ နောက်ဆုံးအစီအစဉ်ဖြစ်သော နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးသို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့် တက်ရောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာ်က နိုဝင်ဘာလ ၁၁ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

■ ဖိလစ်ပိုင်တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည…
ဆက်လက်ဖတ်ရန် →
📱Eleven MediaNov 12 | 15:47

■ ရေတာရှည်မြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ရေတာရှည်မြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၇ မိနစ်ခန့်တွင် တောင်ငူမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် (၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရေတာရှည်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၃၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၁) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့-အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပမာဏ ၃ ဒသမ ၇ (Richter Scale) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ရှိ ဒေသခံများ သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။#elevennews #ရေတာရှည်မြို့ #အင်အားရစ်ချ်တာစကေး #အင်အားအနည်းငယ် #မြေငလျင်■ Website Link- - - >>>https://news-eleven.com/article/316760

ဆက်လက်ဖတ်ရန် →
📱Kyaw SwarNov 12 | 15:45

လယ်ဝေးမြို့နယ်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှု မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဆောင်ရွက်နေပြည်တော်၊ နိုဝင်ဘာ ၁၁ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ ကြံခင်းကျေးရွာတွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကြောင့် သာဝတ္ထိနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ သစ်ပင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၅၀ မိနစ်တွင် လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။#SN

ဆက်လက်ဖတ်ရန် →
📱Kyaw SwarNov 12 | 15:36

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ ၅ မြို့တွင် ရေဘေးသင့်ပြည်သူ ၁,၇၃၃ ဦးကို ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နှင့် မောက်မယ်မြို့တို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။နိုဝင်ဘာ ၁၁ ရက်အထိ ရေဘေးသင့်အိမ်ထောင်စု ၄၂၄ စုမှ လူဦးရေ ၁,၇၃၃ ဦးကို ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ခဲ့သည်။ထို့ပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။#SittNaing

ရှမ်းပြည်နယ်တောင်ပိုင်း မြို့ ၅ မြို့တွင် ရေဘေ…
ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 15:32

စစ်ကိုင်းနဲ့ ကချင်အစပ်က အင်းတော်၊ မော်လူးနဲ့ နန့်စီးအောင်ကြားကနေရာတွေမှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး တော်လှန်ရေးတပ်ဘက်က စခန်းတချို့သိမ်းဆည်းရမိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါအပြင် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေပါရှိနေတဲ့အခြေအနေကို စိုးသူအောင် သတင်းပေးပို့ ထားပါတယ်။ #dvbtvnews #မော်လူးဝန်းကျင် #တိုက်ပွဲ #ဆက်ဖြစ်နေ #myanmar https://youtu.be/v6I34ER-mEA

စစ်ကိုင်းနဲ့ ကချင်အစပ်က အင်းတော်၊ မော်လူးနဲ့ န…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 15:31

တောင်ကိုရီးယားမှာ မွေးဖွားနှုန်း ကျဆင်းနေပေမယ့်လည်း ကလေးအသုံးအဆောင်ပစ္စည်းဈေးကွက် ဒေါ်လာ (၅.၁) ဘီလီယံအထိ မြင့်တက်လာရောင်နီ (NP News) - နိုဝင်ဘာလ ၁၁https://www.nssmy.com/news_detail/27489/19/1https://www.npnewsmm.com/news/6af48a5292338f2d88224ac3လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 15:28

ရေစကြိုမြို့နယ် ဗလဘရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ~~~ မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘရွာဟာ ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်ခံရပြီးနောက် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုအတွင်း နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ရေစကြိုမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၅၆၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းတွေအပြင် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မက အင်အား၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 15:22

ငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် သုံးထောင်ကျော်ရရှိထား~~~ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီလို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။နိုင်ငံ၂၄ နိုင်ငံက ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် လေယာဉ်အခေါက်ရေ ၁၃၃ ကြိမ် ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ဧပြီလ ၁၄ ရက်နေ့ညမှာ ပြောဆိုပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦးအပြင် လူသားချင်းစာနာမှုအကူအညီအတွက် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၂၁၀ ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ လက်ခံရရှိထားပြီလို့ ဆိုပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 15:04

အာဏာသိမ်းစစ်တပ်က မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် တပ်မဟာ ၁ နယ်မြေအတွင်းက NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် တပ်စခန်း ၁၁ ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အခုလို တိုက် ခိုက်သိမ်းပိုက်နိုင်တဲ့အပေါ် စစ်ရေးလေ့လာသူတွေရဲ့ အမြင်ကို မေးမြန်းထားပါတယ်။#dvbtvnews #KNLAနဲ့NUG #အထူးတိုင်းစစ်ဌာနချုပ် #စစ်တပ် #သိမ်းပိုက် #myanmar https://youtu.be/DJIXxkeXR_E

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 14:34

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံတာ တွေဖြစ် ပေါ်နေသလို တချို့နေရာတွေမှာတော့ မြေပြိုပြီး လမ်းပိတ်ဆို့တာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သီရိတင်ဆက်ထားပါတယ်။ #dvbtvnews #ရှမ်းတောင်ပိုင်း #မြို့အချို့ #မိုးသည်း #ရေကြီးရေလျှံနေ #myanmar https://youtu.be/vUIyM7VqcOM

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 14:27

ထိုင်းဘက်ကျည်ကျရောက်မှု စစ်တပ်နှင့် KNU အပြန်အလှန်အပြစ်တင်---------------------ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်း- မြန်မာနယ်စပ်တလျှောက်တွင် မြန်မာဘက်က ပစ်ခတ်သည့်ကျည်များ ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်နှင့် ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ထုတ်ပြန်ချက်ထုတ်၍ အပြန်အလှန် စွပ်စွဲပြစ်တင်နေသည်။ထိုင်း - မြန်မာနယ်စပ်တွင် ဖြစ်ပွားသော တိုက်ပွဲအပါအဝင် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက် ကျရောက် ပေါက်ကွဲမှုနှင့်ပတ်သက်၍ ထိုင်းတော်ဝင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တာနွန်က မြန်မာစစ်သံမှူးကို နိုဝင်ဘာလ ၂ ရက်တွင် ထိုင်းစစ်တပ်ဌာနချုပ်၌ ခေါ်ယူပြောဆိုခဲ့သည်။ထိုသို့ ပြောဆိုခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်တွင် မြန်မာစစ်တပ်အပါအဝင် KNU ဘက်ကပါ အသီးသီးကြေညာချက် ထုတ်လာခြင်းဖြစ်သည်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82098/

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 14:18

သာယာဝတီအကျဉ်းထောင် ညှဉ်းပမ်းနှိပ်စက်မှု အချက်အချာနေရာဖြစ်နေ~~~ မြန်မာနိုင်ငံ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပင်္မးနှိပ်စက်မှု၊ ဆေးကုသခွင့်မရမှုတွေနဲ့ အဓမ္မလုပ်အားပေးတွေ ခိုင်းစေခံနေရတယ်လို့ ကမ္ဘာ့ညှဉ်းပမ်းနှိပ်စက်မှုတိုက်ဖျက်ရေးအဖွဲ့ OMCT က ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကထည်းက စစ်ကောင်စီဟာ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အတိုက်အခံတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားတွေကို လုပ်ကြံဖန်တီးပြီး နိုင်ငံရေးလှုံ့ဆော်မှုစွဲချက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။အဲဒီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်၊ ဘားအံနဲ့ ပြည်အကျဉ်းထောင်တို့က ပြောင်းရွှေ့လာသူတွေပါအဝင် စုစုပေါင်း အကျဉ်းသား ၃၉၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 14:17

မြန်မာ့ငလျင်ဘေးအတွက် တောင်ကိုရီးယား ထောက်ပံ့ရေးပစ္စည်းတွေပေးပို့~~~ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကိုရီးယားနိုင်ငံဟာ KOICA (ကိုရီးယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ) အရေးပေါ် သိုလှောင်ရုံက အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးပေးပို့မှုမှာ ရွက်ဖျင်တဲ ၅၀၀၊ စောင် ၈၀,၀၀၀ နဲ့ ရေသန့်ဗူး ၄,၀၀၀ ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းခွဲဖိုး ပါဝင်တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းတွေကို လေယာဉ်နဲ့ အဆင့်ဆင့် ပို့ဆောင်ပေးနေကြောင်းလည်း ဖော်ပြပါတယ်။ သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 14:09

K Comedy-Audio (11.11.2026)

K Comedy-Audio (11.11.2026)…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 14:08

ပြည်တွင်းလုပ်ငန်းရှင်တွေကို ပန်းစည်းယူမလား ပန်းခွေယူမလား မိုက်ကြေးခွဲတဲ့ NUG တင်ထွန်းနိုင်တို့အဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ခွင့်တောင်းမထား၊ လွှတ် တော်က စိတ်ဝင်စားဖွယ် ဆွေးနွေးချက်သုံးခု၊ ဆီ QR အတုပေါ်ရင် ပြန်လျှောက်ပါ၊ တောဝက်ထင်ပြီး ပစ်ခံရတဲ့ ချင်းလူငယ်(၁၁.၁၁.၂၀၂၆)https://www.nssmy.com/news_detail/27488/8/8လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱Han Nyein OoNov 12 | 13:53

အကြမ်းဖက် PDF တစ်ဦးက အမျိုသမီးတစ်ဦးအား မုဒိမ်းကျင့်ပြီး လည်လှီးသတ်ဖြတ်===================================ယမန်နေ့ ၁၀-၁၁-၂၀၂၆ ရက်နေ့က ဝက်လက်မြိုနယ်၊ အုတ်ပုံကျေးရွာတွင် အေးချမ်းစွာ နေထိုင်သည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲဝင်တစ်ဦးက ဓားပြတိုက်၊ မုဒိမ်းကျင့်ကာ လည်လှီးသတ်ဖြတ်ခဲ့ပြီး ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာများကို ယူဆောင်ထွက်ပြေးခဲ့ပါတယ်။ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးရာတွင် သေနတ်ဖောက်ပြီး လွတ်မြောက်သွားခဲ့ပါတယ်။ လက်ရှိတွင် အဆိုပါ PDF အဖွဲဝင်အား ဒေသခံ PDF အဖွဲက ကာကွယ်ပေးထားပြီး ပြည်သူများကို ဒီသတင်းနဲ့ပတ်သက်ပြီး နုတ်ပိတ်နေဖိုနဲ့ အကယ်၍မီဒီယာပေါ်ကိုတက်လာပါက ပြင်းပြင်းထန်ထန်အရေးယူမယ် ဆိုပြီးတော့လည်းခြိမ်းခြောက်ကာ သတင်းပိတ်ပင်ထားကြောင်း သိရပါတယ်။ ဒေသခံပြည်သူများက ဤလုပ်ရပ်ကို ရှုတ်ချပြီး အကြမ်းဖက်သမားများကို နှိမ်နင်းပေးရန် တောင်းဆိုနေကြပါတယ်။

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 13:51

စစ်ကောင်စီက စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးရာမှာ နယ်မြေခံရဲတပ်ဖွဲ့၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပါဝင်နေကြောင်း သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်၊၊ #dvbtvnews #စစ်မှုထမ်း #လူငယ် #ရဲ_ထွေအုပ်_ပျူစောထီး #ပူးပေါင်းဖမ်းဆီး #myanmar https://youtu.be/Otu5F9i6vnY

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 13:18

DVB TV နေ့စဉ်သတင်း အနှစ်ချုပ် - Daily News Briefing (11.11.2026)🗞 စစ်တပ်ကြောင့် ရခိုင်စစ်ရှောင်တွေ စားနပ်ရိက္ခာ ရဖို့ ခက်ခဲလာတယ်လို့ CAS ပြော🗞 ILO ပုဒ်မ ၃၃ ကြောင့် အလုပ်လက်မဲ့ဖြစ်ရတယ်ဆိုတဲ့ ပြောဆိုချက်ကို CTUM ပယ်ချ🗞 မူဆယ်မှာ တရုတ်ငွေဈေး မငြိမ်တဲ့လို့ လုပ်ငန်းရှင်တွေ အခက်ကြုံhttps://youtu.be/F-YmaYXhVoE

ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 13:12

ကြားဖြတ်ရွေးကောက်ပွဲ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ ရုတ်သိမ်းခြင်း၊ စိစစ်ခြင်းတို့ နှင့် စပ်လျဉ်းသည့် နေ့ရက်များ ကြေငြာ NP News - နိုဝင်ဘာလ ၁၁

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 13:11

အထက်တန်း ကျောင်းသင်ရိုးညွှန်းတမ်းတွင်ပါ စစ်တပ်၏ ဝါဒဖြန့်ခြိမ်းခြောက်မှုများ ရှိနေ---------------------------ထိုင်းဆန့်ကျင်ရေးကို အထက်တန်းကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခဲ့ဖူးသည့် စစ်ဗိုလ်ချုပ်များက ယခုအခါ စစ်တပ်ထောက်ခံရေးနှင့် ၎င်းတို့၏ ဥပဒေများကိုပါ ထည့်သွင်းပို့ချပေးနေသည်။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82138/

ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 12:34

နျူကလီးယား ဓါတ်အားပေးစက်ရုံစီမံကိန်းကို(၂၀၂၈-၂၉)ဘဏ္ဍာနှစ်တွင် စတင်မည်ကိုဖြိုး (NP News) နိုဝင်ဘာ-၁၁https://www.npnewsmm.com/news/6af460966ad0887e6976d53dလစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 12:32

DVB Digital ည ၇ နာရီ သတင်း (၁၁ ရက် နိုဝင်ဘာလ ၂၀၂၆)🗞 မော်လူးဝန်းကျင် တိုက်ပွဲဆက်ဖြစ်၊ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်🗞 ဧရာဝတီတိုင်းက ဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်နေပြီး မှောင်ခိုဈေး မြင့်တက်🗞 အောက်တိုဘာလအတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်လို့ ၁၄၅ ဦး သေဆုံးhttps://youtu.be/bK37T4UjaME

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 12:28

မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ~~~◼️ တရုတ် ကြားဝင်စေ့စပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုမရခဲ့တဲ့နောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ဒေသတွေ ဆက်တိုက် ဗုံးကြဲခံရတယ်လို့ TNLA က မေလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်က စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA) တို့တွေ့ဆုံခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စတဲ့ ဒေသတွေကနေ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တာကို TNLA ဘက်က ပယ်ချခဲ့တာကြောင့် ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။ သတင်းအပြည့်အစုံ

မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 12:20

“ဂုဏ်ပြုပန်းစည်းယူမလား၊ ပန်းခွေယူမလား” ဟု မြန်မာပြည်မှ သူဌေးကြီးများအား NUG မှ တင်ထွန်းနိုင် ခြိမ်းခြောက် သုတကျော် (NP News) - နိုဝင်ဘာ ၁၁ https://www.npnewsmm.com/news/6af45d4ef9d7413bd3131f59လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱People MediaNov 12 | 12:18

မိုးကုတ် မှ အပြန်

မိုးကုတ် မှ အပြန်…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 12:10

ကုလသမဂ္ဂမျက်နှာစာနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အကျိုးရှိမည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေးစော(NP News)- နိုဝင်ဘာ ၁၁https://www.npnewsmm.com/news/6af45ac57317281f2f585815လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 11:59

သဘင်တည်ထောင်ခွင့်လိုင်စင်များကို လာမည့်ဒီဇင်ဘာလကုန်တွင် နောက်ဆုံးထားပြုလုပ်ရမည်ထိုက်စံ(NP News)-နိုဝင်ဘာ ၁၁https://www.npnewsmm.com/news/6af458666665fb366c20f5d5လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

သဘင်တည်ထောင်ခွင့်လိုင်စင်များကို လာမည့်ဒီဇင်…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 11:52

ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (Personal Data Protection Law)ရေးဆွဲရန် အမျိုးသားလွှတ်တော်တွင်စတင်ဆွေးနွေးနေကိုဖြိုး (NP News) နိုဝင်ဘာ-၁၁https://www.npnewsmm.com/news/6af4567a5138763d6464ac93လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 11:50

🚨 နိုင်ငံတကာ သတင်းများ🗞 ဒုံးကျည်စခန်းသစ်တစ်ခုကို IRGC ထုတ်ဖော်ပြသ🗞 ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘော ၃ စီး ပေါက်ကွဲမီးလောင်🗞 ရုရှား သူလျှိုဆိုတဲ့ သံသယနဲ့ ကန်အရာရှိတစ်ယောက် ဗြိတိန်မှာ ဖမ်းဆီးခံရhttps://youtu.be/w_xAu-vfcyQ

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 11:33

လျှပ်စစ်မီးသုံးစွဲသူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုပြည့်မီအောင် မထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ၏ လျှပ်စစ်ဒုဝန်ကြီးက ဝန်ခံခဲ့ပြီး တရက်လျှင် ၂၄ နာရီလျှပ်စစ်မီး ရရန်အတွက် နှစ်၂၀ ခန့်ကြာမည့် လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေး စီမံချက်များကို စောင့်ရမည်ဟုဆိုသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82198/

လျှပ်စစ်မီးသုံးစွဲသူများလိုအပ်သည့် လျှပ်စစ်ဓ…
ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 11:25

သမ္မတအရေခြုံ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် အာဆီယံဆက်ပိတ်ပင်---------------------------နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မရသေးဘဲ စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးကိုသာ သွားရောက်ခွင့်ရထားသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82195/

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 11:24

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေ မူလကုမ္ပဏီတွေကို ပြန်ပြင်ခိုင်းမည်~~~ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံး၊ ဌာနအဆောက်အဦတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးသွားမယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။သတင်း အပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 11:23

မူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားလေးဦးသေဆုံး~~~ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မူးမြို့နယ်မှာ ဧပြီလ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားလေးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုး သားအစည်း အရုံး (KNU) က ဧပြီလ ၃၀ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။မူးမြို့နယ်မှာ ဧပြီလ ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကညင်တိုင်းကျေးရွာ လေကြောင်းကနေ တိုက်ခိုက် ခံရပြီး အသက် ၅၀ အရွယ် ဒေါ်မခိုင်ဝင်း၊ အသက် ၄၈ နှစ်အရွယ် ဦးစိန်ရန်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်အိရွှေဝင်းတို့သေဆုံးခဲ့သလို နောက်ထပ် အသက် နှစ်နှစ်နီးပါးအရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။သတင်း အပြည့်အစုံကို

မူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြော…
ဆက်လက်ဖတ်ရန် →
📱RFANov 12 | 11:21

ရှမ်းပြည်တပ်မတော်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမည်~~~◼️ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) လက်အောက်ခံ ရှမ်းပြည်တပ်မတော်(SSA) နဲ့ ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့အကြား စစ်ရေးတင်းမာမှုတွေကို ပြေလည်ဖို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ SSPP က ဧပြီလ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တော်ဟိုင်းရွာ၊ ဟူးမြီရွာ၊ နားနန်း၊ စိန်ကျော့ အပါအဝင် နေရာရှစ်ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပြင် ထိုးကြိတ် ရိုက်နှက် ဖမ်းဆီးမှုလည်း ၂၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 11:12

မြန်မာမှာ အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း~~~◼️ မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ နဲ့ လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာဆိုင်ရာ အမေရိကန်အကြီးတန်းအရာရှိ Sean O’Neill က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့မှာ ဧပြီ ၂၂ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့အညီ မြန်မာနိုင်ငံ အမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေး အဆင်ပြေချောမွေ့စေဖို့ အာဆီယံ နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ အမေရိကန်ပြည်ထောင်စုက အာမခံကြောင်းလဲ ပြောပါတယ်။ သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 11:07

နှိမ်နင်းခံရသဖြင့် အိမ်တွင်းအောင်းပြီး သားကောင်ရှာလာသည့်  ငွေလိမ်လုပ်ငန်းများ ---------------------------စီးနင်းခြိမ်းခြောက်ခံလိုက်ရသည့် ကျားဖြန့်လုပ်ငန်းများသည် ထိုင်းနယ်စပ်မှလှမ်းမြင်ရသောနေရာကို စွန့်ခွာလိုက်ရုံသာမက လုပ်ငန်းပုံစံကိုပါ အပြောင်းအလဲလုပ်လာကြောင်း တွေ့ရသည်။သတင်းထောက်က ကျားဖြန့်လုပ်ငန်းခွင်တခုတွင် အသွင်ယူဝင်ရောက်လေ့လာပြီးနောက် စုံစမ်းဖော်ထုတ်ရေးသားထားသော ဆောင်းပါး ဖြစ်သည်။---------------------------ဆောင်းပါးအပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82188/

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 10:56

မော်လူးမြို့အနီး တိုက်ပွဲတွင် စခန်းနှင့်သုံ့ပန်းများရ၊ အရပ်သား သေဆုံးမှုများရှိ -------------------------------------------စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည့် မော်လူးမြို့တောင်ဘက်အနီး စစ်တပ်စခန်းထိုင်ရာ ရွာသုံးရွာကို KIA၊ KPDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ရေးပြင်းထန်နေပြီး လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲနေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်။ မော်လူးမြို့ တောင်ဘက် စီပိန်း၊ ဖားပန့်နှင့် ပင်ဝယ် စသည့်ကျေးရွာသုံးရွာ၌ တပ်စွဲထားသည့် စစ်တပ် စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်၊ စစ်တပ်ဘက်မှ သေဆုံးသူဆယ်နှင့်ချီ ရှိခဲ့ပြီး ပြည်သူ့စစ်မှုထမ်း (ပစ)များနှင့် အမှတ် (၅၁၉) ခြေမြန်တပ်ရင်းတို့မှ စစ်သုံ့ပန်း ၁၈ ဦး ဖမ်းမိခဲ့သည်ဟု သိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်) နံနက် ၁၁ ခွဲခန့်က မော်လူးမြို့တောင်ဘက် သုံးမိုင်ခန့်အကွာ ပုန်းဟုန်ကျေးရွာကို တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်သောကြောင့် အသက် ခြောက်နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတို့ သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82153/

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 10:28

တော်လှန်ရေးအဖွဲ့များ၏ ထောက်ပို့လမ်းကြောင်း ဆုံးရှုံးမှုနှင့် စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲ---------------------------နိုင်ငံတဝန်းရှိ အဓိကဆက်သွယ်ရေးလမ်းပိုင်းများကို စစ်တပ်က ပြန်လည်ထိန်းချုပ်လာခြင်းကြောင့် တော်လှန်ရေးတပ်များအကြား ကူးလူးသွားလာရေးနှင့် ထောက်ပို့ရေး ပိုမိုခက်ခဲလာကြောင်း တော်လှန်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ကော့ကရိတ်- မြဝတီအာရှလမ်း၊ ရှမ်းမြောက်ရှိ ပြင်ဦးလွင်- နောင်ချို- ကျောက်မဲ- သီပေါလမ်း၊ မန္တလေး- မြစ်ကြီးနားလမ်းနှင့် ကလေး- တမူးလမ်းတို့အပါအဝင် အရေးပါသည့် ကုန်းလမ်းများကို ပြန်လည်ရရှိကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။ထိုလမ်းများအနက် အချို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်များက ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်စိုးမိုးခဲ့သည်။ စစ်တပ်သည် ၂၀၂၅ ခုနှစ်မှစ၍ တန်ပြန်ထိုးစစ်များ အရှိန်မြှင့်ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင်လည်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ လမ်းများကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ကြေညာလာသည်။ သို့သော် လမ်းအားလုံးကို စစ်တပ်က အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။ ---------------------------ဆောင်းပါးအပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82004/

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 10:27

တောင်သာပျူစောထီးခေါင်းဆောင်နှင့် ဇနီး လုပ်ကြံသတ်ဖြတ်ခံရ----------------------------အာဏာသိမ်းစစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း တောင်သာမြို့မှ ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ ခေါင်းဆောင် ဦးပြည့်ဖြိုးမောင် (ခေါ်) ငပြည့်နှင့် ဇနီးဖြစ်သူတို့သည် ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။ထိုလုပ်ကြံသတ်ဖြတ်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA- PDF) တာဝန်ခံ ကိုသံလွင်က Myanmar Now ပြောသည်။ အဆိုပါပျူစောထီးခေါင်းဆောင်သည် အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်ရာတွင် စစ်တပ်နှင့် ပူးပေါင်းပါဝင်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82093/

ဆက်လက်ဖတ်ရန် →
📱Han Nyein OoNov 12 | 10:16

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် KIA+PDF များလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်၁၁-၁၁-၂၀၂၆ ရက်နေ့  ယနေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်  KIA အဖွဲဝင် အမျိုးသား ၂ ဦး၊  KPDF အဖွဲဝင် အမျိုးသမီး ၁ ဦးနှင့် PDF အမည်ခံအဖွဲဝင် အမျိုးသား ၃ ဦး၊ စုစုပေါင်း အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတိုသည်  M-79 LL ၄၀ မမ ဆုံလည်သေနတ် ၁ လက်၊ K-25 သေနတ် ၂ လက်၊ KA သေနတ် ၁ လက်၊ ၄ဝ မမ ဗုံးသီး ၂၀ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၇.၆၂ ကျည် ၂၇၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်လာသည့် လူငယ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ မိဘများထံ ပြန်လည်လွှပြောင်းပေးအပ်ခဲ့။

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 10:13

တိုက်ပွဲပြင်းထန်နေသော စစ်တွေတွင် မြို့ခံများ ထွက်ခွာခွင့်မရ-------------------------အာရက္ခတပ်တော် (AA)၏ ထိုးစစ်သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ခြောက်မိုင်ခန့်အကွာသို့ ရောက်နေပြီး မြို့တွင်းတိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း စိုးရိမ်နေကြသူများလည်းရှိသည်။ စစ်ပွဲမှဘေးလွတ်ရာသို့ ထွက်ခွာလိုကြသည့် စစ်တွေမြို့ခံများကို စစ်တပ်ကခွင့်မပြုဘဲ မြို့တွင်းတွင် ပိတ်လှောင်ထားသည်ဟု ဒေသခံအချို့ကဆိုသည်။ ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ စစ်တပ်က စစ်တွေအထွက် ကုန်းလမ်းနှင့် ရေလမ်းတို့ကို ပိတ်ဆို့ခဲ့သည်။ကနဦးကာလတွင် AA ထိန်းချုပ်ရာ နယ်မြေများသို့ စက်လှေများဖြင့် ခိုးထွက်ကြသော်လည်း နောက်ပိုင်းတွင် စစ်တပ်က မြို့အဝင်အထွက်တို့ကို ကုန်းလမ်း၊ရေလမ်းတို့ဖြင့် ထွက်ခွာ၍ မရအောင် လုံးဝပိတ်ပင်လိုက်သည်။ထို့ကြောင့် လေကြောင်း တစ်ခုတည်းဖြင့်သာ ဗမာပြည်မဟုခေါ်သော ရန်ကုန်၊ မန္တလေးစသည့် ဒေသများသို့သာ ထွက်ခွာခွင့်ရကြသည်ဟု စစ်တွေဒေသခံတစ်ဦးကဆိုသည်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82150/

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 10:02

ပဲခူးတိုင်း ရွှေကျင်ရှိ NUG အထူးတိုင်းစစ်ဌာန အရာရှိစခန်းနှင့် တပ်ရင်းနေရာများစစ်တပ်ထံ လက်လွှတ်ရ ---------------------ကင်းထောက်ဒရုန်းများသုံးကာ အင်အားအလုံးအရင်းဖြင့် တောတိုးတက်လာသည့် စစ်တပ်က NUG အထူးတိုင်းစစ်ဌာနချုပ် ဒုကွပ်ကဲရေးမှူး ကိုအေးမင်းထွန်း၏ စခန်းအပါအဝင် PDF တပ်ရင်း သုံးရင်း၏ စခန်းများ၊ ဆေးခန်း၊ သင်တန်းလေ့ကျင့်ရေးကွင်းနှင့် ဒရုန်းတပ်ဖွဲ့နေရာတို့ကို တိုက်ခိုက်ရယူသွားသည်။ မွန်ပြည်နယ်ရှိ KNLA အမှတ် (၃) တပ်ရင်းစခန်း စစ်တပ်လက်ထဲ ကျရောက်သွားသည့် အခြေအနေနှင့် ပတ်သက်၍ ဌာနချုပ်မဟုတ်ဘဲ ရှေ့တန်းစခန်းတစ်ခုကိုသာ သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဆိုသည်။စစ်တပ်ဘက်က နိုဝင်ဘာလ ၃ ရက်မှစတင်၍ NUG တပ်စခန်းများနှင့် KNU တပ်မဟာ (၁) တို့ကို စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ PDF၊ KNLA တို့၏ စခန်းများနှင့် သေနတ် အလက် ၄၀ ခန့်၊ ခဲယမ်း ပစ္စည်းများ သိမ်းပိုက်ရရှိကြောင်း၊ ထိုးစစ်ကို ဆက်လက်အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း ယမန်နေ့ညပိုင်း၌ ဓာတ်ပုံများဖြင့်တကွ သတင်းထုတ်ပြနထားသည်။စစ်တပ်က ရယူသွားသည့်နေရာများတွင် PDF တပ်ရင်းတပ်ဖွဲ့များသာမက NUG ၏စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်သော KNU တပ်များလည်း လှုပ်ရှားနေကြသည်။ ယခုနှစ် စက်တင်ဘာလ ၂၄ ရက်က ပဲခူးတိုင်းရှိ အထူးတိုင်းစစ်ဌာန၏ စစ်စခန်းတစ်ခု ဗုံးကြဲခံရပြီး CDM တပ်ကြပ်ကြီး နေဝင်းအောင်နှင့် တော်လှန်ရေးရဲဘော် လေးဦး သေဆုံးခဲ့ကာ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှား ဒဏ်ရာရခဲ့သည်။ ထိုနယ်မြေသည် KNU၏ တပ်မဟာ (၁) နယ်မြေအတွင်း ပါဝင်နေသည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82162/

ပဲခူးတိုင်း ရွှေကျင်ရှိ NUG အထူးတိုင်းစစ်ဌာန အရာ…
ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 09:58

ကောလင်းအရှေ့ခြမ်းဆေးရုံ တိုက်ခိုက်ခံရမှု ဆရာဝန်နှင့် ဆေးကျောင်းသားသေဆုံး---------------------------ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အရပ်ဘက်ဆေးရုံကို ဗုံးကြဲခံရပြီး ဆေးကုသပေးနေသည့် ဆရာဝန်နှင့် ဆေးကျောင်းသားတစ်ဦးတို့ သေဆုံးသွားကြသည်၊ စစ်တပ်ဝါဒဖြန့်သူများကမူ PDF ဆေးရုံအဖြစ် စွပ်စွဲ ဖော်ပြနေကြသည်။  စစ်ကိုင်း၊ မကွေးနှင့် ရခိုင်တို့ကို စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ်သည် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းစသည့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်။ ပြီးခဲ့သည့်ရက်ပိုင်းကပင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ  ယာယီဆေးခန်းတစ်ခုကို ဗုံးကြဲခံရပြီး မွေးကင်းစ ကလေးအပါအဝင် ငါးဦးသေဆုံးခဲ့သည်။ ယင်းအပြင် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကရင်အမျိုးသား စာသင်ကျောင်း အနီးနှင့် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်တွင် စစ်ရှောင်စာသင်ကျောင်းတို့ ဗုံးကြဲခံရခြင်းကြောင့် ကလေးများအပါအဝင် ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82117/

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 09:46

ယူနီဆက်ဖ် သတိပေးသည့်ကြားမှ ဗုံးကြဲမှုကြောင့် ကလေးများအပါအဝင် ၁၁ ဦး သေဆုံး-------------------------------စစ်ပွဲကြားတွင် ကလေးများကို အကာကွယ်ပေးရေး ယူနီဆက်ဖ်အဖွဲ့က သတိပေးတိုက်တွန်းခဲ့သော်လည်း စာသင်ကျောင်းများကို စစ်တပ်က ဆက်လက်ဗုံးကြဲနေသဖြင့် ကလေးများအပါအဝင် ထိခိုက်သေဆုံးမှုများ ကနီနယ်၌ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာလ ၈ ရက်နံနက်က ဂျိုင်ရိုကော်ပတာ သုံးစီး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးသူများထဲတွင် အသက် နှစ်နှစ်၊ ငါးနှစ်နှင့် ခုနစ်နှစ်အရွယ် ကလေးများလည်း ပါဝင်နေသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သည့် အသက် ငါးနှစ်နှင့် ခုနစ်နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ အသက် နှစ်နှစ်အရွယ် ယောကျာ်းလေးတစ်ဦးမှာ ယမန်နေ့ နေ့လယ်တွင် ဆုံးပါးသွားသဖြင့် သေဆုံးသူ အရေအတွက် ၁၁ ဦးအထိ ရှိလာသည်။တန့်ဆည်မြို့နယ် ရွှေကြာတန်းရွာ စာသင်ကျောင်းကိုလည်း နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းတွင်လည်း တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးနှစ်လုံး ကြဲခဲ့ရာ စာသင်ကျောင်းဆောင်များအားလုံးပျက်စီးခဲ့သည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် (UNICEF) က မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့များအနေဖြင့် ကလေးများကို အကာအကွယ်ပေးရေး လိုအပ်သည့်အစီအမံများကို လိုက်နာဆောင်ရွက်ရန်နှင့် စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နေရာများနှင့် အရပ်ဘက်အခြေခံအဆောက်အဦများကို ကာကွယ်ပေးရန် ပြီးခဲ့သည့်ရက်က တိုက်တွန်းထားသည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82145/

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 09:31

“ဝ”နှင့် မိုင်းလားတို့၏ နယ်မြေတောင်းဆိုမှုအရေး ထပ်မံဆွေးနွေး---------------------------စစ်တပ်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က “ဝ”၊ မိုင်းလား တပ်ဖွဲ့ခေါင်းဆောင်များနှင့် ထပ်မံတွေ့ဆုံခဲ့စဉ် ထိုအဖွဲ့များက အစဉ်တစိုက် တောင်းဆိုနေသည့် ပြည်နယ်ရရှိရေး၊ အဆင်မြင့် အထူးဒေသသတ်မှတ်ရေး ထပ်မံဆွေးနွေးခဲ့ကြပြီး စစ်တပ်ဘက်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ဆောင်ရွက်ပေးမည်ဟုသာ အမြဲတုံ့ပြန်ထားသည်။ “ဝ” တပ်နှင့် မိုင်းလားအဖွဲ့တို့ အစဉ်တစိုက်တောင်းဆိုချက်များကို စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံညှိနှိုင်းနေသည်မှာ ရှမ်းမြောက်နှင့်နေပြည်တော်တို့၌ စုစုပေါင်းတွေ့ဆုံမှု သုံးကြိမ်ရှိပြီဖြစ်သည်။ ရှမ်းပြည် မြောက်ပိုင်းအခြေစိုက် ကိုးကန့်တပ်နှင့်တအာင်းတပ်တို့ကမူ နေပြည်တော်၌ တစ်ကြိမ်သာ တွေ့ဆုံသည်။ထိုနှစ်ဖွဲ့၏ တောင်းဆိုချက်များ တိုးတက်မှု ရှိမရှိ လတ်တလော မသိရသေးသော်လည်း ထိုအဖွဲ့များ၏ ခေါင်းဆောင်များ နေပြည်တော်သို့ လာရောက်စဉ် စစ်ခေါင်းဆောင်က ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံခဲ့သည်။ စစ်တပ်နှင့် စစ်တပ်ကိုထောက်ခံသော မီဒီယာများက ၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်သောဆောင်ရွက်ဖွယ်ရာကိစ္စများအား ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဖော်ပြထားကြသော်လည်း  မိုင်းလားဘက်က တုံ့ပြန်ဖြေကြားချက် မရသေးပေ။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82112/

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 09:30

ငလျင်ကာလ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၄၀ကျော်သေဆုံးကြောင်း NUG ထုတ်ပြန်~~~◼️ ငလျင်ဘေးကြုံနေရတဲ့ကာလမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၂ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၅ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ရှိခဲ့ပြီး သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ဒီအပြင် ကလေးငယ် ၃၃ ဦးအပါအဝင် လူပေါင်း ၃၉၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။သေဆုံးထိခိုက်မှု အများဆုံးက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 09:13

မြင်းမူမြို့နယ် ကန်တော်ရွာ စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ငါးဦးသေ၊ ရှစ်ဦးဒဏ်ရာရ~~~◼️စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဧပြီလ ၁၉ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အသက် ၃ နှစ်အရွယ် မစုမြတ်၊ အသက် ၁၇ နှစ်အရွယ် မမေဇွန်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်ပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 08:58

မြောက်ဦးကို စစ်တပ်ဗုံးကြဲ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ---------------------------အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နန်းကျားရွာကို အာဏာသိမ်း စစ်တပ်က ယမန်နေ့(နိုဝင်ဘာလ ၅ ရက် )၊ည ၁၁ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိသွားသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82133/

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 08:28

DVB Digital ညနေ ၃ နာရီ သတင်း (၁၁ ရက် နိုဝင်ဘာလ ၂၀၂၆)🗞 နွေဦးတော်လှန်ရေး အောင်မြင်ရေး ဦးဆောင်မှုနဲ့ ပြည်သူ့ညီညွတ်မှု လိုအပ်ကြောင်း SCEF ပြော🗞 အာဆီယံ ထိပ်သီးပွဲအကြို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်ဘာထူးနိုင်လဲ🗞 အောက်တိုဘာလအတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၉ ဦး သေဆုံး#dvbtvnews #dvbdigital #myanmar #dvbnews https://youtu.be/h85dFaAfy80

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 08:26

ရခိုင်ဒေသ ပြန်လည်သိမ်းပိုက်ရေး စစ်တပ်၏ ထိုးစစ်ကို AA တုံ့ပြန်တိုက်ခိုက်နေ---------------------------------၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော AA ထိုးစစ်သည် သုံးနှစ်နီးပါးရှိလာပြီး တော်လှန်ရေး အစိုးရတရပ် ဖွဲ့စည်း၍ အုပ်ချုပ်ရေးလည်ပတ်နေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း အင်အားအလုံးအရင်းဖြင့် ဖော်ဆောင်လာသော စစ်တပ်၏ ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးများကို တုံ့ပြန်တိုက်ခိုက်နေသည်။ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ဒေသများကို စွန့်ခွာတိမ်းရှောင်နေရပြီး ဗုံးခိုကျင်းများ တူးထားသည့်တိုင် ထိတ်လန့်နေရသည်ဟု ဒေသခံများက ဆိုသည်။လတ်တလောတွင် AA ၏ အစိုးရယန္တရားများလည်ပတ်နေသော်လည်း ပညာရေးကဲ့သို့ ဌာနဆိုင်ရာ လုပ်ငန်းများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်တန့်နေသည့် အခြေအနေဖြစ်ပေါ်နေပြီး စာသင်ကျောင်းများ ပိတ်ထားရသည်။ပြီးခဲ့သည့်စက်တင်ဘာလမှစတင်၍ ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တောနှင့် ကျောက်ဖြူနယ်တို့တွင် အပြင်းအထန်တိုက်ပွဲဖြစ်နေပြီး နှစ်ဖက် အထိအခိုက်များကာ အပြန်အလှန် ဝါဒဖြန့်ချိနေသည်။ စစ်တပ်အနေဖြင့် ငပြီကျွန်း ထိုးစစ်ဆင်မှုမှာ ကနဦး ထိုးစစ်ဆင်မှုဖြစ်ပြီး လာမည့်ပွင့်လင်းရာသီတွင် ရခိုင်ဒေသတွင် စစ်မီး ပိုမိုတောက်လောင်လာနိုင်ဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထား ကြသည်။ အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82075/

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 08:22

မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ဗြိတိန်အခြေစိုက် လူသုံးကုန်လုပ်ငန်းကြီး Unilever အတည်ပြု---------------------------အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက် ၁၉၆၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် မြန်မာမှ ထွက်ခွာသွားသော Unilever ကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာသို့ ပြန်လည်ဝင်ရောက်၍  ယခု  အရပ်သားအရေခြုံ စစ်အစိုးရလက်ထက်တွင် ပြန်လည်ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေးကဲ့သို့ လူသုံးကုန်ပစ္စည်းများထုတ်လုပ်သော Unilever ကုမ္ပဏီထွက်ခွာသွားရခြင်း၏ အကြောင်းအရင်းများအနက် တစ်ခုမှာ သွင်းကုန်လိုင်စင်ခက်ခဲမှုနှင့် ဆက်စပ်နိုင်သည်ဟု လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ကုန်ကြမ်းတင်သွင်းမှုတွင် ပြည်ပကို မှီခိုနေရပြီး သွင်းကုန်လိုင်စင် ဆက်လက်ပိတ်ဆို့ထားလျှင် ကာဘော်လစ်ဆပ်ပြာပင်ရရန်ခဲကြောင်း ၎င်းက ဆိုသည်။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82130/

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 08:21

ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် လူ ၄၀၀၀ ကျော် ထွက်ပြေးနေရ~~~◼️ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သား လေးထောင် ကျော်ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ဧပြီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။လိပ်ကုလား ၊ စံဒွန်းကုန်း၊ ကွမ်းဆိပ်၊ ကျုံချောင် ၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစု စတဲ့ ကျေးရွာ ခုနစ်ရွာက အိမ်ထောင်စု ၈၅၅ စု က လူ ၄၁၉၆ ဦးမှာ တိမ်းရှောင်နေရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 08:16

ကန့်ဘလူမြို့နယ် သင်တောရွာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံး~~~ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တောရွာဟာ ဧပြီလ ၂၀ရက် ညနေ ၆နာရီဝန်းကျင်မှာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဟာ ကုန်စုံဆိုင်ပေါ်နဲ့ အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 07:58

ယူကရိန်းရဲ့သတ်ခံရမယ့်လူစာရင်းထဲမှာ ထည့်သွင်းခံခဲ့ရတဲ့ ကွင်းလယ်ဂန္တဝင်အိုဇေးPika (NP News) - နိုဝင်ဘာလ ၁၁https://www.npnewsmm.com/news/6af4177db97d767d10567587https://www.nssmy.com/news_detail/27478/30/12လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ယူကရိန်းရဲ့သတ်ခံရမယ့်လူစာရင်းထဲမှာ ထည့်သွင်း…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 07:45

ပြင်သစ်မှာ ကျောင်းသားတွေက ကျောင်းပေါင်းများစွာကို ပိတ်ဆို့မှုတွေပြုလုပ်Pika (NP News) - နိုဝင်ဘာ ၁၁https://www.npnewsmm.com/news/6af41cc7db82c430aa48c5f6လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 07:37

ရုရှား၊ယူကရိန်းနဲ့အမေရိကန်တို့ကြား တံခါးပိတ်ဆွေးနွေးမှုတွေပြန်လည်စတင်Pika (NP News) - နိုဝင်ဘာ ၁၁https://www.npnewsmm.com/news/6af41b07be5758329b492035လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ရုရှား၊ယူကရိန်းနဲ့အမေရိကန်တို့ကြား တံခါးပိတ်…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 07:29

မော်လမြိုင်တွင် ဥပဒေဆိုင်ရာအထောက်အကူအကြံပေးရေးအဖွဲ့ မှ ဒုတိယ ညွှန်ကြားရေးမှူး ရွှေဆွဲကြိုးလုယက်ခံရပုလဲ (NP News) - နိုဝင်ဘာ ၁၁https://www.npnewsmm.com/news/6af41902b0cda9769d7bc166လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

မော်လမြိုင်တွင် ဥပဒေဆိုင်ရာအထောက်အကူအကြံပေးရ…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 07:24

ပြင်ဦးလွင်မြို့၌ “အာကာသအိပ်မက်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ပန်းချီ၊ ပိုစတာနှင့် ကာတွန်းပြိုင်ပွဲ ကျင်းပနေလင်း(ပြင်ဦးလွင်)- နိုဝင်ဘာ ၁၁https://www.npnewsmm.com/news/6af417f7fb6364228c4c9e97လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 07:21

PDF groups in Rakhine Yoma foothills extort and abduct Magway localsHsu/Htike San (NP News) - November 11https://www.npnewsmm.com/news/6af3e4c190b3075bfd3c9d18https://www.nssmy.com/news_detail/27473/8/8လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

PDF groups in Rakhine Yoma foothills extort and abduct Magway localsHsu/Htike San (NP News) - November 11https://www.npnewsmm.com/…
ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 06:36

ရွှေဘိုခရိုင်တွင် လယ်ယာသွင်းအားစုနဲ့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတဲ့အတွက် တောင်သူတွေဟာ စိုက်ပျိုးစရိတ်ကြီးမြင့်စွာနဲ့ အရှုံးခံစိုက်ပျိုးနေကြရပါတယ်။ အခုလိုကုန်ဈေးနှုန်းကြီးမြင့်တာဟာ အခွန်ဂိတ်တွေကြောင့် မဟုတ်ဘူးလို့ ဒေသခံ ပကဖတွေက ငြင်းဆိုကြပါတယ်။ #dvbtvnews #ရွှေဘို #ကုန်ဈေးနှုန်း #ကြီးမြင့် #myanmar https://youtu.be/RpkvCLGHW5Y

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 06:31

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ~~~ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဧပြီလ ၁၈ ရက်နေ့လယ်ပိုင်းက ဗုံးကြဲခံရပြီး အရပ်သားခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ပေါင် ၅၀၀ ဗုံးကြဲတာဗျ။ ယောက်ျားလေး လေးဦး၊ မိန်းကလေး နှစ်ဦး ဒဏ်ရာရသွားတာပါ။ သက်လတ်ပိုင်းတွေချည်းပဲဗျ” သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 06:28

သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးရှိလာ~~~ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို ဧပြီလ ၁၉ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၂၄ ဦးသေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။နေ့လယ် ၁ နာရီဝန်းကျင်မှာ ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးနဲ့ ရေထွက်ရွာထဲကို ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ထိခိုက်ဒဏ်ရာရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 06:07

ဦးဝင်းမြင့်မွေးနေ့ သတင်းစကားပေးသည့် ဂျာမနီသံရုံးအကြီးကဲကို စစ်တပ် ခေါ်ယူသတိပေး---------------------------အရပ်သားအစိုးရလက်ထက် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူကို ဆက်လက်ထောက်ခံနေပါက မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ကြောင်း အပါအဝင် ခေါ်ယူသတိပေးမှုများကို စစ်တပ် နိုင်ငံခြားရေးဝန်ကြီး ဌာနက လုပ်ဆောင်ခဲ့သည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82180/

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 06:00

KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်သားသုံးဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ~~~◼️ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ကြတာလို့ KNU ရဲ့ ဧပြီလ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သေဆုံးထိခိုက်မှုတွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တာပါ။သတင်းအပြည့်အစုံကို

KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်…
ဆက်လက်ဖတ်ရန် →
📱NP NewsNov 12 | 05:58

အမေရိကန်ရဲ့ မြန်မာ့ငြိမ်းချမ်းရေး မဟာဗျူဟာဆိုတာ ကိုယ်စားပြုစစ်တလင်းကို ဦးတည်နိုင်သလားHtay Oung (NP News) - နိုဝင်ဘာလ ၁၁https://www.npnewsmm.com/news/6af3e113a9bd93013c79db4dhttps://www.nssmy.com/news_detail/27470/20/2လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 05:58

ငလျင်ဘေးအတွက် ရုရှားနိုင်ငံက ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၀ ကျော် ပေးပို့~~~◼️ သမ္မတ ဗလာဒီမာပူတင် ရဲ့ ညွှန်ကြားချက် နဲ့ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၃၀ ကျော် ပေးအပ်ခဲ့ကြောင်း ရုရှားအစိုးရက ဧပြီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။IL-76 လေယာဉ်နဲ့ စည်သွတ်ဘူးတွေ၊ ပဲ ဂျုံ ပြောင်း၊ သကြား နဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ဟာ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီရေးကြိုးပမ်းမှု တစ်စိတ်တပိုင်း ဖြစ်ကြောင်းဖော်ပြပါတယ်။ ဒါပေမယ့် ခွဲဝေထောက်ပံ့မှု အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။ ရုရှားအစိုးရဟာ ဧပြီလ ၉ ရက်နေ့ကလဲ အလေးချိန် တန် ၆၀ နီးပါးရှိတဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီတွေကို IL-76 လေယာဉ်နှစ်စင်း နဲ့ မြန်မာနိုင်ငံကို ပေးပို့ခဲ့ပါတယ်။ ___________Photo: Ministry of Foreign Affair of Russia

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 05:56

ငလျင်အပျက်အစီး တန် နှစ်သန်းခွဲ အရေးပေါ်ဖယ်ရှားဖို့ လိုအပ်နေကြောင်း UNDP ပြော ~~~◼️ မြန်မာနိုင်ငံမှာ ငလျင်ကြောင့် အပျက်အစီး အနည်းဆုံး တန် နှစ်သန်းခွဲ၊ အကြမ်းဖျဉ်းအားဖြင့် ကုန်တင်ကား ၁၂၅,၀၀၀ စာခန့် အရေးပေါ် ဖယ်ရှားဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အပျက်အစီး ကြီးကြီးမားမားရှိခဲ့ပြီး၊ ပြန်လည် ထူထောင်ရေးအတွက် နေအိမ်တွေ၊ ဆေးရုံတွေ နဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ချက်ချင်းပြန်လည် တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFANov 12 | 05:40

ဆွမ်းကပ်နေချိန် ဗုံးကြဲခံရလို့ သုံးဦးသေ၊ ကိုးဦးဒဏ်ရာရ~~~မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောရွာ ဘုန်းကြီးကျောင်းမှာ ဧပြီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က သံဃာတွေကို ဆွမ်းကပ်လှူဒါန်းနေချိန် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။သေဆုံးသူတွေဟာ အသက် ၁၀ နှစ်အရွယ် အရှင်ကေလာသ၊ အသက် ၆၀ အရွယ် နော်မဝဲနဲ့ အသက် ၆၅ နှစ်အရွယ် နော်လှမြင့်တို့ဖြစ်ပါတယ်။အရှင် ဥတ္တရ ၊ အရှင် ကိတ္တိ ၊ အရှင်မာနိတတို့ အပြင် အသက် ၂၆ နှစ်အရွယ် နော်မုကို့ ၊ အသက် ၂၇ နှစ်အရွယ် နော်မမိုး၊ အသက် ၂၈ နှစ်အရွယ် စောမောင်နူ၊ အသက် ၄၄ နှစ်အရွယ် စောကျော်ကေ့၊ အသက် ၆၂ နှစ်အရွယ် စောဂွတိုနဲ့ အသက် ၇၀ အရွယ် စောမောင်ရွှေတို့ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 05:37

ပေါက်တော၊ အနောက်ရဲမွတ်စလင် ဒုက္ခသည်စခန်းအနီး စစ်တပ်ဗုံးကြဲ၊ လူငယ် ၁ ဦး သေဆုံး#dvbtvnewsရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲမွတ်စလင် ဒုက္ခသည်စခန်းအနီးကို နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူငယ်တယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။သတင်းဖတ်ရန် => https://burmese.dvb.no/post/295865

ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 05:36

မင်းအောင်လှိုင် တရုတ်ကို စိတ်ကောက်နေ---------------------------​ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ ပျက်စီးစေရန် စီမံအုပ်ချုပ်ခဲ့သူတွင် မည်သို့သော အရည်အချင်းမျိုးသာ ရှိနေသည်ကို တရုတ်သမ္မတရှီကျင့်ဖျင် သဘောပေါက်နိုင်ပြီဖြစ်သည်။---------------------------ဆောင်းပါးအပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82127/

မင်းအောင်လှိုင် တရုတ်ကို စိတ်ကောက်နေ--------------------------…
ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 05:02

နမ့်ခမ်းမြို့နယ်အရေး MNDAAနှင့် TNLA ပဋိပက္ခပြန်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်---------------------------“ ၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မဟာမိတ်အနေဖြင့် အတူလက်တွဲ လှုပ်ရှားခဲ့ကြသည့် TNLAနှင့် MNDAA တို့အကြား နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အငြင်းပွားမှုတွင်  ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ကိုးကန့်တပ်က အထူးဒေသ (၁) နယ်မြေအဖြစ် ဖော်ပြခဲ့သည့်  နမ့်ခမ်းမြို့နယ် မန်ကျားရွာသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနှင့် နမ့်ခမ်းမြို့အကြား တည်ရှိပြီး ယခင်က ပန်ဆေးပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ခဲ့သည့် ကျေးရွာများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ထိုတပ်ဖွဲ့ဝင်များက MNDAA ထံ လက်နက်ချပြီး ထိုနေရာအနီး ဆက်လက်လှုပ်ရှားနေကြသလို MNDAA နှင့် နီးစပ်သူအချို့ကလည်း အဆိုပါကျေးရွာများသည် နမ့်ခမ်းမြို့နယ်အတွင်း ပါဝင်သော်လည်း ကွတ်ခိုင်တိုက်ပွဲအပြီး MNDAA တပ်ဖွဲ့က ထိန်းချုပ်ခွင့်ရရှိထားသည့် နယ်မြေများသာဖြစ်ကြောင်း ဆိုကြသည်။အဆိုပါအခြေအနေနှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းရာ မှတ်ချက်ပေးရန် မရှိသေးကြောင်း ပြန်လည်ဖြေကြားထားသည်။TNLA အနေဖြင့် တရုတ်နယ်စပ်ထွက်ပေါက်ရှိသော နမ့်ခမ်းမြို့နယ်သည် အရေးပါသော အခြေအနေ ဖြစ်နေပြီး ယခုနှစ်လယ်က စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီနှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် နမ့်ခမ်း အပါအဝင် ၎င်းတို့ထိန်းချုပ်ဒေသများကို တအာင်းပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း စစ်တပ်ဘက်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ပေးထားသည့် နမ့်ဆန်၊ မန်တုံ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကိုသာ ပေးရန် လိုလားနေသည်။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82177/

ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 04:59

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသမှာ ကျောင်းသုံးပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်လာတာနဲ့အတူ ပညာသင်စရိတ် ကြီးမြင့်လာတာတွေကြောင့် ကျောင်းနေအရွယ် မူလတန်းကလေးငယ်တွေကအစ ပညာသင်ကြားခွင့် ဆုံးရှုံးပြီး ကျောင်းထွက်နှုန်း မြင့်တက်လာနေပါတယ်။ #dvbtvnews #ရခိုင် #ပညာသင်စရိတ် #ဈေးကြီး #ကျောင်းထွက်နှုန်းများလာ #myanmar https://youtu.be/u3W4ekPBa8k

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသမှာ…
ဆက်လက်ဖတ်ရန် →
📱DVBNov 12 | 04:28

DVB Digital မနက် ၁၁ နာရီ သတင်း (၁၁ ရက် နိုဝင်ဘာလ ၂၀၂၆)🗞 ဂျာမနီ သံရုံးယာယီတာဝန်ခံကို စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီးဌာန ခေါ်ယူ သတိပေး🗞 စစ်တပ် အထိုင်ချ ရွှေဘို-ဆိပ်ခွန်လမ်းကို ဒေသခံတွေ သွားလာဖို့ခက်ခဲနေ🗞 စစ်ကြောင်းတွေကြောင့် ကနီနယ်အတွင်းက ကျောင်းတွေ ပိတ်ထားရ#dvbtvnews #dvbdigital #myanmar #dvbnews https://youtu.be/QmVZ0cDbVzg

ဆက်လက်ဖတ်ရန် →
📱People MediaNov 12 | 04:19

အေးအေး

အေးအေး…
ဆက်လက်ဖတ်ရန် →
📱Myanmar NowNov 12 | 03:49

ကျွဲခတ်လို့ အသက်ပါ နုတ်ယူခံနေရတဲ့ ဘဝတွေ----------------------------လောင်းကစားဂိမ်းဆိုတာ လျှို့ဝှက်လုပ်ကိုင်ရတာဆိုပေမယ့် ခေတ်ပျက်နေချိန်မှာ လက်ကိုင်ဖုန်းကနေ အလွယ်တကူ ပါဝင်ကစားသူ အင်မတန်များပြား၊ ဘဝတွေ အကြီးအကျယ် ပြောင်းလဲလာနေပါတယ်။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/82173/

ကျွဲခတ်လို့ အသက်ပါ နုတ်ယူခံနေရတဲ့ ဘဝတွေ-------------------…
ဆက်လက်ဖတ်ရန် →
📱People MediaNov 12 | 03:48

မိုးကုတ် ကျပ်ပြင်အဝင်

မိုးကုတ် ကျပ်ပြင်အဝင်…
ဆက်လက်ဖတ်ရန် →
📱People MediaNov 10 | 00:42

TNLA အဖွဲ့ဝင် ၂၀၀ လက်နက်ချ အလင်းဝင်ရောက်#Peol@peoplemedianews

TNLA အဖွဲ့ဝင် ၂၀၀ လက်နက်ချ အလင်းဝင်ရောက်#Peol@peoplemedianews…
ဆက်လက်ဖတ်ရန် →
📱People MediaNov 10 | 00:42

လွှမ်းမိုးသီဆိုထားတဲ့ ဆရာမသီချင်းကို ကိုးကားပြီး လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း နေပြည်တော်၊ နိုဝင်ဘာ ၁၁ ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့် တင်သွင်းခဲ့သော ကျောင်းတွင်းအနိုင်ကျင့်မှု လုံးဝသည်းမခံရေးနှင့် ဘေးကင်းလုံခြုံရေးမူဝါဒကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် တိုက်တွန်းတဲ့အဆိုကို ဆွေးနွေးရာမှာ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ #PeopleMedia

ဆက်လက်ဖတ်ရန် →
📱People MediaNov 10 | 00:42

ပြည်တွင်းလုပ်ငန်းရှင်များကို ဂုဏ်ပြုပန်းခွေပေးပို့မယ်လို့ NLD ပါတီအဖွဲ့ဝင် ပြည်ပြေး အကြမ်းဖက် NUG ခေါင်းဆောင် ပြောဆိုနေပြည်တော်၊ နိုဝင်ဘာ ၁၁ပြည်တွင်းလုပ်ငန်းရှင်များကို ဂုဏ်ပြုပန်းခွေပေးပို့မယ်လို့ NLD ပါတီအဖွဲ့ဝင် ပြည်ပြေး အကြမ်းဖက် NUG ခေါင်းဆောင် တင်ထွန်းနိုင်က ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ (၈)ရက်က ကိုရီးယားနိုင်ငံ အင်ချွန်း ဘူဖျောင်းမြို့ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ပြည်ပြေး အကြမ်းဖက် NUG နဲ့ လူထုတွေ တွေ့ဆုံတဲ့ပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။#PeopleMedia

ပြည်တွင်းလုပ်ငန်းရှင်များကို ဂုဏ်ပြုပန်းခွေပ…
ဆက်လက်ဖတ်ရန် →
📱People MediaNov 10 | 00:42

မြန်မာမှာ ရုရှားနဲ့ ‌ပေါင်းလုပ်မယ့် နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်းတည်နေရာ ရွေးချယ်နိုင်ရေး (IAEA) ရဲ့ လမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်ရန် ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ(Rosatom)နဲ့ ညှိနှိုင်းဆွေးနွေးလျက်ရှိနေပြည်တော်၊ နိုဝင်ဘာ ၁၁ မြန်မာနိုင်ငံမှာ ရုရှားနဲ့ ‌ပေါင်းလုပ်မယ့် နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်းတည်နေရာ ရွေးချယ်နိုင်ရေး (IAEA) ရဲ့ လမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်ရန် ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ(Rosatom)နဲ့ ညှိနှိုင်းဆွေးနွေးလျက်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားလိုက်ပါတယ်။ယနေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မှာ ကျင်းပပြုလုပ်တဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့မှာ သာပေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ဒုဝန်ကြီး ဦးအေးကျော်က အခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ #PeopleMedia

ဆက်လက်ဖတ်ရန် →
📱NP NewsNov 10 | 00:42

ယနေ့ နိုဝင်ဘာလ(၁၁)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ(၁) နိုင်ငံအတွင်းရှိ ရေသယံဇာတအပါအဝင် သဘာဝအရင်းအမြစ်များကို အာကာသနည်းပညာအသုံးပြု၍ အချက်အလက်များရယူ အသုံးချရန် သမ္မတပြော(၂) အွန်လိုင်းလောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား (၁၅,၂၉၃) ဦးကို ထိန်းသိမ်းစစ်ဆေးနိုင်ခဲ့ပြီး (၁၄,၂၂၂) ဦးကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပြီးဖြစ်(၃)​ ပြင်သစ်မှာ ကျောင်းသားတွေက ကျောင်းပေါင်းများစွာကို ပိတ်ဆို့မှုတွေပြုလုပ်(၄) ရုရှား၊ယူကရိန်းနဲ့အမေရိကန်တို့ကြား တံခါးပိတ်ဆွေးနွေးမှုတွေပြန်လည်စတင်#NPNewshttps://www.nssmy.com/news_detail/27487/8/8လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ) အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱Han Nyein OoNov 10 | 00:42

လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဂျာမနီသံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရန် →
📱Han Nyein OoNov 10 | 00:42

သံဃာတွေနဲ့ လူနာတွေရှိတဲ့ ဆေးရုံကိုပါ ဗုံးကြဲတိုက်ခိုက်တဲ့ အကြမ်းဖက် PDF တွေရဲ့ ယုတ်မာရက်စက်မှု၁၁-၁၁-၂၀၂၆ ရက်နေ့ ယနေ့ညနေပိုင်းက ဝန်းသိုမြိုနယ် ပြည်သူ့ဆေးရုံကို အကြမ်းဖက် PDF တွေက ဒရုန်းနဲ့ Drop Bomb ချပြီး အောက်တန်းကျစွာ တိုက်ခိုက်ခဲ့ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေအပြင် သံဃာတော်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ ဆေးကုသမှုခံယူနေတာကို သိသိကြီးနဲ့ သံဃာဆောင်နားအထိ ရည်ရွယ်ချက်ရှိရှိ Drop bomb ချတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်ဒီလို အပြစ်မဲ့ ပြည်သူကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ပြီး ဒုက္ခပေးနေတဲ့ အကြမ်းဖက်သမားတွေကို အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းပေးဖို ပြင်းပြင်းထန်ထန်ချေမှုန်းသုတ်သင်ဖိုလိုပါတယ်

ဆက်လက်ဖတ်ရန် →
📱DVBNov 10 | 00:42

Base Jumper ၂ ဦး ကမ္ဘာ့စံချိန်သစ်တင် 🚨 DVB Digital 1 Minute International News 🚨11.11.2026 📢 🔔 Follow #dvbtvnews for daily #InternationalNews in #Myanmar 🔥

Base Jumper ၂ ဦး ကမ္ဘာ့စံချိန်သစ်တင် 🚨 DVB Digital 1 Minute International News 🚨…
ဆက်လက်ဖတ်ရန် →
📱DVBNov 10 | 00:42

အခွန်စည်းကြပ်မှုနှုန်း မြင့်မားလာလို့ အိမ်ခြံမြေစျေးကွက် အေးစက် 🚨 DVB Digital 1 Minute News 🚨11.11.2026 📢🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

ဆက်လက်ဖတ်ရန် →
📱DVBNov 10 | 00:42

ငွေဈေး ရွှေဈေး (၁၁ ရက် နိုဝင်ဘာလ ၂၀၂၆ ညနေပိုင်း)Evening Currency Exchange 11 11 2026#currency #exchange #Myanmar

ငွေဈေး ရွှေဈေး (၁၁ ရက် နိုဝင်ဘာလ ၂၀၂၆ ညနေပိုင်း)Ev…
ဆက်လက်ဖတ်ရန် →
📱DVBNov 10 | 00:42

နေ့စဉ် မိုးလေဝသ ခန့်မှန်းချက် - DVB Weather (၁၁ ရက် နိုဝင်ဘာလ ၂၀၂၆ ညနေပိုင်း)#DVBTV #Weather #MyanmarDVB TV - 11 11 2026

ဆက်လက်ဖတ်ရန် →
📱DVBNov 10 | 00:42

ဧရာဝတီတိုင်းက ဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်နေပြီး မှောင်ခိုဈေး မြင့်တက် 🚨 DVB Digital 1 Minute News 🚨11.11.2026 📢🔔 Follow #dvbtvnews for daily #news on #Myanmar 🔥

ဆက်လက်ဖတ်ရန် →
📱DVBNov 10 | 00:42

လူသားစက်ရုပ်များ ၀ရိန်ဆော်ပြီ 🚨 DVB Digital 1 Minute International News 🚨11.11.2026 📢 🔔 Follow #dvbtvnews for daily #InternationalNews in #Myanmar 🔥

လူသားစက်ရုပ်များ ၀ရိန်ဆော်ပြီ 🚨 DVB Digital 1 Minute International News…
ဆက်လက်ဖတ်ရန် →
📱DVBNov 10 | 00:42

🚨အရေးပေါ်ရိက္ခာပြင်ဆင်ဖို့ NUG က စာထုတ်ထားတယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု🚨 - DVB Fact Check#dvbfactcheck #Reels #myanmar #PDF #NUG

🚨အရေးပေါ်ရိက္ခာပြင်ဆင်ဖို့ NUG က စာထုတ်ထားတယ်ဆိ…
ဆက်လက်ဖတ်ရန် →
📰Delta NewsNov 7 | 06:08

တောင်သာမြို့မှာ ကိုယ်ဝန်ဆောင်ဇနီးကို ဆေးခန်းပြဖို့သွားတဲ့ လင်မယား ၂ ဦးကို PDF တွေက သတ်ဖြတ် ခဲ့တယ်ဆိုတဲ့ သတင်းအမှား

တောင်သာမြို့မှာ ကိုယ်ဝန်ဆောင်ဇနီးကို ဆေးခန်းပြဖို့သွားတဲ့ လင်မယား ၂ ဦးကို PDF တွေက သတ်ဖြတ် ခဲ့တယ်ဆိုတဲ့ သတင်းအမှား   ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ     ၇    ရက် [ဆက်လက်ဖတ်ရှုရန်] The post တောင်သာမြို့မှာ ကိုယ်ဝန်ဆောင်ဇနီးကို…
ဆက်လက်ဖတ်ရန် →
📊 100/100 သတင်း | Last Update: Nov 12, 2026 12:42 AM | Filter: Nov 5 - Nov 12
Khit Thit Mediayktnews.com
Myanmar Nowmyanmar-now.org
The Irrawaddyirrawaddy.com
Mizzima Newsmizzima.com
DVB (Democratic Voice of Burma)dvb.no
Narinjara Newsnarinjara.com
Kantarawaddy Timeskantarawaddytimes.org
BBC Burmesebbc.com/burmese
RFA Burmeserfa.org/burmese
VOA Burmeseburmese.voanews.com
Than Lwin Timesthanlwintimes.com
Delta News Agencydeltanewsagency.com
The 74 Mediathe74media.com
Ludu Nway Ooludunwayoo.com
Build Myanmarbuildmyanmarmedia.com
Burma VJhttps://www.bvjnews.com/

Scroll to Top