လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဦးမျိုးမြင့်သိန်း
ဝမ်းတွင်းမဲဆန္ဒနယ်
မေးမြန်းချက်
ဝမ်းတွင်း မြို့နယ်၊ တမားကုန်း ကျေးလက် ကျန်းမာရေး ဌာနကို တိုက်နယ် ဆေးရုံ အဖြစ်တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ရန်နှင့် မြို့နယ် ဆေးရုံနှင့် တိုက်နယ် ဆေးရုံများတွင် ဆရာဝန်၊သူနာပြု၊ဝန်ထမ်း များ အပြည့်အစုံ ခန့်ထားပေးနိုင်ရေး၊ မြွေဆေးနှင့် ခွေးရူးပြန် ကာကွယ်ဆေး များ လိုအပ်သလောက်ရရှိနိုင်ရေး၊ ကျေးလက် ကျန်းမာရေးဌာနခွဲ(၄၉)ခုတွင် လည်း သတ်မှတ် ဝန်ထမ်း ပြည့်မီစွာ ခန့်ထား... ဝမ်းတွင်း မြို့နယ်၊ တမားကုန်း ကျေးလက် ကျန်းမာရေး ဌာနကို တိုက်နယ် ဆေးရုံ အဖြစ်တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ရန်နှင့် မြို့နယ် ဆေးရုံနှင့် တိုက်နယ် ဆေးရုံများတွင် ဆရာဝန်၊သူနာပြု၊ဝန်ထမ်း များ အပြည့်အစုံ ခန့်ထားပေးနိုင်ရေး၊ မြွေဆေးနှင့် ခွေးရူးပြန် ကာကွယ်ဆေး များ လိုအပ်သလောက်ရရှိနိုင်ရေး၊ ကျေးလက် ကျန်းမာရေးဌာနခွဲ(၄၉)ခုတွင် လည်း သတ်မှတ် ဝန်ထမ်း ပြည့်မီစွာ ခန့်ထား နိုင်ရေးနှင့် ဆေးဝါးများ ဖြန့်ဝေ ထားရှိ ပေးနိုင်ရေး တို့အား အစီအစဉ် ရှိ/မရှိ သိရှိလိုပါသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများ အပြည့်အစုံခန့်ထားပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆက်လက်ဖြေကြားမှာဖြစ်ပါတယ်။ ခုတင် (၅၀) ဆံ့ ဝမ်းတွင်းမြို့နယ် ဆေးရုံမှာ လက်ရှိဆရာဝန် (၃) ဦး၊ သူနာပြု (၁၀) ဦး၊ ကျွမ်းကျင်နှင့် အခြား ဝန်ထမ်း (၂၄)ဦး၊ စုစုပေါင်း (၃၇)ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှ အတွင်းလူနာ (၄၁) ဦး၊... မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများ အပြည့်အစုံခန့်ထားပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆက်လက်ဖြေကြားမှာဖြစ်ပါတယ်။ ခုတင် (၅၀) ဆံ့ ဝမ်းတွင်းမြို့နယ် ဆေးရုံမှာ လက်ရှိဆရာဝန် (၃) ဦး၊ သူနာပြု (၁၀) ဦး၊ ကျွမ်းကျင်နှင့် အခြား ဝန်ထမ်း (၂၄)ဦး၊ စုစုပေါင်း (၃၇)ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှ အတွင်းလူနာ (၄၁) ဦး၊ ပြင်ပလူနာ (၂၈) ဦးတို့အား ဆေးကုသမှုပေးနေတာဖြစ်ပါတယ်။ မြို့နယ်အတွင်းမှာ အောင်ချမ်းသာ၊ ဓနုကုန်း၊ ညောင်အုပ်ပီး၊ ပင်းတလဲ တိုက်နယ်ဆေးရုံ (၄) ရုံရှိပြီး တိုက်နယ်ဆေးရုံတိုင်းမှာ ဆရာဝန် (၁) ဦးစီ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ယင်းတိုက်နယ်ဆေးရုံများမှာ သူနာပြု (၁၄) ဦး၊ အခြား ဝန်ထမ်း (၁၅) ဦး တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံ၏ ဆေးကုသမှုလုပ်ငန်းများ ပိုမို ရောက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုလအတွင်းလက်ထောက် ဆရာဝန် (၃) ဦးအား ဖြည့်ဆည်းပေးရန် စီစဉ်ပြီး ဖြစ်ပါကြောင်း၊ တမားကုန်း ကျန်းမာရေး ဌာနအား တိုက်နယ်ဆေးရုံ အဖြစ် တိုးချဲ့ဖွင့်လှစ် ပေးနိုင်ရန် လက်တလောဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါ ကြောင်း၊ ဝန်ထမ်းအင်အား ဖြည့်တင်းနိုင်မှု အခြေအနေ အရ အချို့သော ဌာနခွဲ အနည်းငယ်မှာ အနည်းဆုံး (၁) ဦးစီသာ ရှိနိုင်ရန် ဆောင်ရွက် ပေးလျက်ရှိ ပါတယ်။ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန်ကာကွယ်ဆေးမျှ တားကို သိုလှောင်ထားရှိ နိုင်ရေး စီစဉ် ဆောင်ရွက် ထားပါကြောင်း ဖြေကြားခဲ့ ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
၁၅-၇-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၃ မက(က) ၂၀၂၆/၁-၃၃၂ ဖြင့် ဒေါက်တာထွန်းမြတ်အောင်၊ဒေါက်တာလင်းသန့်အောင်နှင့် ဒေါက်တာကျော်ဇင်လင်းတို့အား ဝမ်းတွင်းပြည်သူ့ဆေးရုံသို့ တာဝန်ချထားပြီးဖြစ်ပါသည်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဦးလေးထွန်း
မင်းကင်းမဲဆန္ဒနယ်
မေးမြန်းချက်
မင်းကင်းမြို့နယ်ရှိ မြို့ပေါ် ခုတင်(၅၀)ဆံ့ ဆေးရုံနှင့် တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသည်မှာ ကြာမြင့်ခဲ့သည် ဖြစ်ပါသဖြင့် မင်းကင်းမြို့ပေါ်ရှိ ခုတင်(၅၀)ဆံ့ဆေးရုံနှင့် တိုက်နယ်ဆေးရ... မင်းကင်းမြို့နယ်ရှိ မြို့ပေါ် ခုတင်(၅၀)ဆံ့ ဆေးရုံနှင့် တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသည်မှာ ကြာမြင့်ခဲ့သည် ဖြစ်ပါသဖြင့် မင်းကင်းမြို့ပေါ်ရှိ ခုတင်(၅၀)ဆံ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံတို့ အတွက် လိုအပ်လျက်ရှိသော ဆရာဝန်များကို နိုင်ငံတော် အစိုးရအနေဖြင့် ပို့လွှတ်ချထားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
မင်းကင်းမြို့နယ်၊ ခုတင်(၅၀)ဆံ့ ဆေးရုံသို့ ကလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာထက်ဝေ (ဆမ-၅၅၀၅၅)အား စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာန အစီအစဉ်ဖြင့် တာဝန်ချထားပြီး တိုက်နယ်ဆေးရုံတွင် လိ... မင်းကင်းမြို့နယ်၊ ခုတင်(၅၀)ဆံ့ ဆေးရုံသို့ ကလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာထက်ဝေ (ဆမ-၅၅၀၅၅)အား စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာန အစီအစဉ်ဖြင့် တာဝန်ချထားပြီး တိုက်နယ်ဆေးရုံတွင် လိုအပ်လျက်ရှိသော ဆရာဝန်အား နယ်မြေဒေသလုံခြုံရေး အခြေအနေတိုးတက် ကောင်းမွန်လာပါက ပိုမိုခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဒေါ်ဆွေဆွေသင်း
(ပေါင်းတည်မဲဆန္ဒနယ်)
၃-၆-၂၀၂၆
မေးမြန်းချက်
ပေါင်းတည်မြို့နယ်၊ ပြည်သူ့ဆေးရုံ အဆင့်မြှင့်နှစ်ထပ်ဆေးကုဆောင်သစ် ဆောက်လုပ်ရန်နှင့် အထူးကုပါရဂူများ ထားရှိပေးနိုင်ရေး သိရှိလိုခြင်း။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ တွင် ယခုအခါ အတွင်းလူနာ တက်ရောက်မှုမှာ (၄၁) ဦး ဖြစ်ခြင်းကြောင့် ဆေးရုံလုပ်ငန်း ဆောင်ရွက်မှု ယခုထက်ပိုမို တိုးတက်လာပါက လူနာဆောင် အသစ် တိုးချဲ့ဆောက်လုပ... ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ တွင် ယခုအခါ အတွင်းလူနာ တက်ရောက်မှုမှာ (၄၁) ဦး ဖြစ်ခြင်းကြောင့် ဆေးရုံလုပ်ငန်း ဆောင်ရွက်မှု ယခုထက်ပိုမို တိုးတက်လာပါက လူနာဆောင် အသစ် တိုးချဲ့ဆောက်လုပ်ရန် ဘဏ္ဍာငွေလျာထားပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆေးရုံအဆောက်အဦ များ ကာလကြာမြင့်မှုအရ ပြုပြင် မွမ်းမံ နိုင်ရေး စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
ကုသရေးဦးစီးဌာန၏ ၁၄-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၇/အင်-ယာ/၂၀၂၆(၁၂၀၆) ဖြင့် ဆေးရုံ အဆောက်အဦ များ ပြုပြင် မွမ်းမံဆောင်ရွက် နိုင်ရေး လိုအပ်သော တွက်ချက်မှုများနှင့် အမြန် ပြန်လည်တင်ပြပါရန် ... ကုသရေးဦးစီးဌာန၏ ၁၄-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၇/အင်-ယာ/၂၀၂၆(၁၂၀၆) ဖြင့် ဆေးရုံ အဆောက်အဦ များ ပြုပြင် မွမ်းမံဆောင်ရွက် နိုင်ရေး လိုအပ်သော တွက်ချက်မှုများနှင့် အမြန် ပြန်လည်တင်ပြပါရန် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနသို့ အကြောင်းကြားပြီး ဖြစ်ပါ သည်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဒေါ်မော်မော်ခိုင်
(ဒီးမော့ဆိုမဲဆန္ဒနယ်)
၃-၆-၂၀၂၆
မေးမြန်းချက်
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်း အင်အားမလုံ လောက်သည့် အခက်အခဲများ ရှိနေသည့်အတွက် လိုအပ်လျက် ရှိသော ကျန်းမာရေးဝန်ထမ်း အင်အား ဖြည့်ဆ... ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်း အင်အားမလုံ လောက်သည့် အခက်အခဲများ ရှိနေသည့်အတွက် လိုအပ်လျက် ရှိသော ကျန်းမာရေးဝန်ထမ်း အင်အား ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ အတွက် မြို့နယ်ကုသရေး ဦးစီး ဌာနမှူး ဒေါက်တာအောင်မျိုးမြတ် (ဆမ-၁၇၅၈၈) အား တာဝန်ချ ထားပြီး ၅-၆-၂၀၂၆ ရက်နေ့တွင် ကယားပြည်နယ်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ အထက်တန်းသူနာပြု (၂) ဦး၊ သူနာပြု (၁) ဦး ခန့်ထားကာ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့ တွင် တွဲဘက်တာဝန် ထမ်းဆောင် နေပါသည်။ နယ်မြေဒေသလုံခြုံရေးအခြေအနေ... ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ အတွက် မြို့နယ်ကုသရေး ဦးစီး ဌာနမှူး ဒေါက်တာအောင်မျိုးမြတ် (ဆမ-၁၇၅၈၈) အား တာဝန်ချ ထားပြီး ၅-၆-၂၀၂၆ ရက်နေ့တွင် ကယားပြည်နယ်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ အထက်တန်းသူနာပြု (၂) ဦး၊ သူနာပြု (၁) ဦး ခန့်ထားကာ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့ တွင် တွဲဘက်တာဝန် ထမ်းဆောင် နေပါသည်။ နယ်မြေဒေသလုံခြုံရေးအခြေအနေ ကောင်းမွန်လာပါက ပြည်သူများ အတွက် ဒေသခံ ဒီးမော့ဆို ပြည်သူ့ ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကယားပြည်နယ်အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဝန်ထမ်းများအား လုပ်ငန်း လိုအပ်ချက် နှင့်အညီ ပြန်လည် ခန့်ထား သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
ကုသရေးဦးစီးဌာန
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဦးစိုးတင့်အောင်
(ရေဦးမဲဆန္ဒနယ်)
၃-၆-၂၀၂၆
မေးမြန်းချက်
ရေဦးမြို့၊ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ ရရှိခံစားနိုင်စေရန် ကျန်းမာရေး ဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုဝန်ထမ်းများ ပြည့်စုံစွာ တာဝန်ပေး... ရေဦးမြို့၊ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ ရရှိခံစားနိုင်စေရန် ကျန်းမာရေး ဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုဝန်ထမ်းများ ပြည့်စုံစွာ တာဝန်ပေး ဆောင်ရွက်နိုင်ရန် ခွင့်ပြုစီစဉ်ပေးခြင်း ရှိ/မရှိ သိရှိလို ခြင်း။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
ရေဦးမြို့၊ ခုတင် (၁၀၀) ပြည်သူ့ ဆေးရုံ တွင် လိုအပ်လျက်ရှိသော ဆရာဝန်များအား ၂၀၂၆ ခုနှစ်အတွင်း သစ်လွင်ဆရာဝန်များခန့်ထားချိန်တွင် ခန့်အပ်ပေးမည်ဖြစ်ပြီး၊ သူနာပြု ကြီး (၅) ဦး၊ အထက်တန်းသူနာပြု (၁) ဦး၊ သူနာပြု (၁) ဦးခန့်ထားပြီး (၂၀၂၆) ခုနှစ်၊ ဇွန်လတွင် သစ်လွင် သူနာပြု (၂) ဦးအား ထပ်မံခန့်ထား... ရေဦးမြို့၊ ခုတင် (၁၀၀) ပြည်သူ့ ဆေးရုံ တွင် လိုအပ်လျက်ရှိသော ဆရာဝန်များအား ၂၀၂၆ ခုနှစ်အတွင်း သစ်လွင်ဆရာဝန်များခန့်ထားချိန်တွင် ခန့်အပ်ပေးမည်ဖြစ်ပြီး၊ သူနာပြု ကြီး (၅) ဦး၊ အထက်တန်းသူနာပြု (၁) ဦး၊ သူနာပြု (၁) ဦးခန့်ထားပြီး (၂၀၂၆) ခုနှစ်၊ ဇွန်လတွင် သစ်လွင် သူနာပြု (၂) ဦးအား ထပ်မံခန့်ထား မည်ဖြစ်ပါကြောင်းနှင့် နယ်မြေဒေသ လုံခြုံရေး ပိုမိုကောင်းမွန်လာသည့် အချိန်တွင် ထပ်မံခန့်ထားသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ၆-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၂၀၉၉/ဝထရ-၁/၁(၂)/၂၀၂၆ ဖြင့် သူနာပြု (၂) ဦး ထပ်မံ ခန့်ထားပြီး ဖြစ်ပါသည်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဒေါက်တာမျိုးထွန်း
(လားရှိုးမဲဆန္ဒနယ်)
၃-၆-၂၀၂၆
မေးမြန်းချက်
လားရှိုးမြို့၊ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုနှင့် လူနာများ ပိုမိုအဆင်ပြေစေရေးအတွက် ရောဂါရှာဖွေရေးဆရာဝန်၊ ကင်ဆာရောဂါ (ဆေးပညာ) အထူးကု၊ ခွဲစိတ်အထူးကုဆရာဝန်၊ ဓာတ်မှန်အ... လားရှိုးမြို့၊ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုနှင့် လူနာများ ပိုမိုအဆင်ပြေစေရေးအတွက် ရောဂါရှာဖွေရေးဆရာဝန်၊ ကင်ဆာရောဂါ (ဆေးပညာ) အထူးကု၊ ခွဲစိတ်အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးဆရာဝန်၊ ဆေးကုဆရာဝန်နှင့် မေ့ဆေးအထူးကုဆရာဝန်များ ထပ်မံခန့်ထားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
လားရှိုးမြို့နယ်ရှိ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမေသွယ်စု (ဆမ-၁၇၅၆၇)၊ မေ့ဆေးအထူးကုဆရာဝန် ဒေါက်တာနန်းယုယုမိုး (ဆမ-၁၇၉၅၆)နှင့် ဓာတ်မှန်အထူးကု ဒေါက်တာနှင်းနှင်းဟန် (ဆမ-၂၂၄၉၇) တို့ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဆေးဘက်ကျွမ်းကျင် (လုပ်ငန်းအရာရှိ ဓာတ်မှန်) (၁) ဦး၊ ဆေးဘက်ကျွမ်းကျင်(၃) ဓာတ်မှန် (၁) ဦးနှင့် ဆေးဘက်ကျွမ်းကျင်(၄) ဓာတ်မှန် (၅) ဦးတို့ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကင်ဆာရောဂါနှင့်ပတ်သက်၍... လားရှိုးမြို့နယ်ရှိ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာမေသွယ်စု (ဆမ-၁၇၅၆၇)၊ မေ့ဆေးအထူးကုဆရာဝန် ဒေါက်တာနန်းယုယုမိုး (ဆမ-၁၇၉၅၆)နှင့် ဓာတ်မှန်အထူးကု ဒေါက်တာနှင်းနှင်းဟန် (ဆမ-၂၂၄၉၇) တို့ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဆေးဘက်ကျွမ်းကျင် (လုပ်ငန်းအရာရှိ ဓာတ်မှန်) (၁) ဦး၊ ဆေးဘက်ကျွမ်းကျင်(၃) ဓာတ်မှန် (၁) ဦးနှင့် ဆေးဘက်ကျွမ်းကျင်(၄) ဓာတ်မှန် (၅) ဦးတို့ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကင်ဆာရောဂါနှင့်ပတ်သက်၍ ဆေးပညာအထူးကုဆရာဝန် (၂) ဦး လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိပြီး တာဝန်ယူကုသပေးလျက်ရှိပါကြောင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများကိုလည်း ထောက်ပံ့ထားပြီး ကင်ဆာလူနာများအတွက် Teleconsultation အစီအစဉ်ဖြင့် ကင်ဆာအထူးကုဆရာဝန်ကြီးများထံ ညှိနှိုင်းကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
ကုသရေးဦးစီးဌာနမှ စာအမှတ်။ ၃၂၅/၃၂၆/၅၃၂ တို့ဖြင့် Autoclave (50L) တစ်စုံ၊ Autoclave (100L) တစ်စုံ၊ Lower Segment Cesarian Section Set (၃)စုံ၊ Mobile Lamp (၁)စုံ၊ Patient Monitor (Basic) (၂)စုံ၊ Mobile Oxygen Plant (25 Nm-3/hr) (၁)စုံ၊ ECG... ကုသရေးဦးစီးဌာနမှ စာအမှတ်။ ၃၂၅/၃၂၆/၅၃၂ တို့ဖြင့် Autoclave (50L) တစ်စုံ၊ Autoclave (100L) တစ်စုံ၊ Lower Segment Cesarian Section Set (၃)စုံ၊ Mobile Lamp (၁)စုံ၊ Patient Monitor (Basic) (၂)စုံ၊ Mobile Oxygen Plant (25 Nm-3/hr) (၁)စုံ၊ ECG Machine (3 channel) (၂)စုံ၊ Syringe Pump (Adult) (၅)စုံ တို့အား ထောက်ပံ့ ပေးအပ် ထားပြီးဖြစ်ပါသည်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဦးကျော်သန်းမာန်
အောင်မဲဆန္ဒနယ်
၁၉-၅-၂၀၂၆
မေးမြန်းချက်
မာန်အောင် ကျွန်းသူ/ကျွန်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် လိုအပ်နေသော ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးဝါးများကိုနိုင်ငံတော်မှ စီမံခန့်ခွဲ နေရာ... မာန်အောင် ကျွန်းသူ/ကျွန်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် လိုအပ်နေသော ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးဝါးများကိုနိုင်ငံတော်မှ စီမံခန့်ခွဲ နေရာချပေးရန် အထူးလိုအပ်လျက်ရှိသောကြောင့် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
သတ်မှတ်ထားသည့် ခန့်ထားမည့် ၂၀၂၆ ခုနှစ်၊ မေလတွင် ရခိုင် ပြည်နယ် သို့ ခွဲဝေခန့်ထားပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ် ကုသရေးဦးစီး ဌာနမှ လုပ်ငန်းလိုအပ်ချက်အရ ခန့်အပ် တာဝန်ပေးနိုင်ကြောင်း စေတနာ့ဝန်ထမ်းများ ကောင်းမွန် သော်လည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ခန့်အပ်ပေးခြင်း၊ ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာန အစီအစဉ်ဖြင့် အမှုထမ်းများအား လိုအပ်သလို ခန့်အပ်ပြောင်းရွှေ့ တွဲဖက်နိုင်ရေး စီစဉ်ဆောင်ရွက်... သတ်မှတ်ထားသည့် ခန့်ထားမည့် ၂၀၂၆ ခုနှစ်၊ မေလတွင် ရခိုင် ပြည်နယ် သို့ ခွဲဝေခန့်ထားပေးမည် ဖြစ်ပြီး ရခိုင်ပြည်နယ် ကုသရေးဦးစီး ဌာနမှ လုပ်ငန်းလိုအပ်ချက်အရ ခန့်အပ် တာဝန်ပေးနိုင်ကြောင်း စေတနာ့ဝန်ထမ်းများ ကောင်းမွန် သော်လည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ခန့်အပ်ပေးခြင်း၊ ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာန အစီအစဉ်ဖြင့် အမှုထမ်းများအား လိုအပ်သလို ခန့်အပ်ပြောင်းရွှေ့ တွဲဖက်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးနိုင်ပါကြောင်း ဖြေကြားအပ် ပါသည်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဦးခင်မောင်ထွန်း
(ဖောင်းပြင်မဲဆန္ဒနယ်)
၂၂-၆-၂၀၂၆
မေးမြန်းချက်
ဖောင်းပြင်မြို့ ခုတင် (၅၀)ဆံ့ ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦးသာရှိပြီး သွားဆရာဝန်နှင့်အတူ ကုတင် (၅၀)ဆံ့ဆေးရုံစံနှုန်းနှင့်အညီ လိုအပ်သော ဆေးပညာရှင်ဝန်ထမ်းများ လိုအပ်လျက်ရှိပါသဖြင... ဖောင်းပြင်မြို့ ခုတင် (၅၀)ဆံ့ ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦးသာရှိပြီး သွားဆရာဝန်နှင့်အတူ ကုတင် (၅၀)ဆံ့ဆေးရုံစံနှုန်းနှင့်အညီ လိုအပ်သော ဆေးပညာရှင်ဝန်ထမ်းများ လိုအပ်လျက်ရှိပါသဖြင့် ဆေးရုံအတွက် ဆေးပညာရှင်ဝန်ထမ်းများအား တာဝန်ချခန့်ထားပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
ဖောင်းပြင်မြို့၊ ခုတင် (၅၀)ဆံ့ဆေးရုံတွင် လက်ရှိအချိန်၌ လက်ထောက်ဆရာဝန် (၁)ဦး၊ သူနာပြုကြီး (၁)ဦး၊ အထက်တန်းသူနာပြု (၄)ဦးနှင့် သူနာပြု (၁)ဦးတို့ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ မေလအတွင်းမှာတော့ ပျမ်းမျှအတွင်းလူနာ (၁၃)ဦးနှင့် ပြင်ပလူနာ (၁၃)ဦးသာ ရှိပါသည်။ ဒါကြောင့် လိုအပ်နေသော သွားဘက်ဆိုင်ရာ ဆရာဝန် (၁)ဦးကို ၂၀၂၆-၂၀၂၇ တွင် တာဝန်ချထားပေးမည်ဖြစ်ကြောင်းနှင့်... ဖောင်းပြင်မြို့၊ ခုတင် (၅၀)ဆံ့ဆေးရုံတွင် လက်ရှိအချိန်၌ လက်ထောက်ဆရာဝန် (၁)ဦး၊ သူနာပြုကြီး (၁)ဦး၊ အထက်တန်းသူနာပြု (၄)ဦးနှင့် သူနာပြု (၁)ဦးတို့ တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ မေလအတွင်းမှာတော့ ပျမ်းမျှအတွင်းလူနာ (၁၃)ဦးနှင့် ပြင်ပလူနာ (၁၃)ဦးသာ ရှိပါသည်။ ဒါကြောင့် လိုအပ်နေသော သွားဘက်ဆိုင်ရာ ဆရာဝန် (၁)ဦးကို ၂၀၂၆-၂၀၂၇ တွင် တာဝန်ချထားပေးမည်ဖြစ်ကြောင်းနှင့် ကျန်တဲ့ဆရာဝန်နှင့် သူနာပြုလိုအပ်ချက်ကို လုပ်ငန်းစွမ်းဆောင်ရည်နှင့်အတူ တာဝန်ချထားပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ၆-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၂၀၉၉/ဝထရ-၁/၁(၂)/၂၀၂၆ ဖြင့် သူနာပြု တစ်ဦး ထပ်မံခန့်ထားပြီး ဖြစ်ပါ သည်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဦးဝင်းဆွေ
(ခရမ်းမဲဆန္ဒနယ်)
၂၂-၆-၂၀၂၆
မေးမြန်းချက်
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ (၁)ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံ (၃)ရုံရှိပြီး ဆရာဝန် (၁၁)ဦးနှင့် သူ... ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ (၁)ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံ (၃)ရုံရှိပြီး ဆရာဝန် (၁၁)ဦးနှင့် သူနာပြု (၂၀)ဦး လိုအပ်လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
တိုက်နယ်ဆေးရုံတိုင်းတွင် အနည်းဆုံးဆရာဝန် (၁)ဦး ထားရှိနိုင်ရေး မူဝါဒအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝစွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်ရှိသည့်အတွက် လေ့ကျင့်မွေးထုတ်ဖြေရှင်းနည်းကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါသည်။ ခရမ်းပြည်သူ့ဆေးရုံကြီး၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်ပေါ်မူတည်ပြီး လက်ထောက်ဆရာဝန်များ ထပ်မံခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်းမှာပင် ခရမ်းမြို့ဆေးရုံအတွက် သူနာပြု (၂)ဦး၊ တိုက်နယ်ဆေးရုံ (၂)ခုအတွက်... တိုက်နယ်ဆေးရုံတိုင်းတွင် အနည်းဆုံးဆရာဝန် (၁)ဦး ထားရှိနိုင်ရေး မူဝါဒအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝစွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်ရှိသည့်အတွက် လေ့ကျင့်မွေးထုတ်ဖြေရှင်းနည်းကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါသည်။ ခရမ်းပြည်သူ့ဆေးရုံကြီး၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်ပေါ်မူတည်ပြီး လက်ထောက်ဆရာဝန်များ ထပ်မံခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်းမှာပင် ခရမ်းမြို့ဆေးရုံအတွက် သူနာပြု (၂)ဦး၊ တိုက်နယ်ဆေးရုံ (၂)ခုအတွက် သူနာပြု (၂)ဦးစီ စုစုပေါင်း သစ်လွင်သူနာပြု (၆)ဦးအား ခန့်ထားပေးခဲ့ကြောင်း ဖြေကြားအပ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ၂-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၂၈၉၂/ရကတ-ကုသ/သနပ/သစ်လွင်-ခန့် နှင့် ၅-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၂၉၃၂/ရကတ-ကုသ/သနပ/သစ်လွင်-ခန့် ဖြင့် ခရမ်းမြို့နယ် ကုသ... ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ ၂-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၂၈၉၂/ရကတ-ကုသ/သနပ/သစ်လွင်-ခန့် နှင့် ၅-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်။ ၂၉၃၂/ရကတ-ကုသ/သနပ/သစ်လွင်-ခန့် ဖြင့် ခရမ်းမြို့နယ် ကုသရေး ဦးစီးဌာနသို့ သူနာပြု(၆)ဦး ခန့်ထားပြီးဖြစ်ပါသည်။
လွှတ်တော်
ပြည်သူ့လွှတ်တော်
မေးမြန်းသူ / ရက်စွဲ
ဦးခင်မောင်သန်း
(ကလေးမဲဆန္ဒနယ်)
၁၅-၆-၂၀၂၆
မေးမြန်းချက်
ကလေးမြို့နယ်တွင် လူဦးရေ (၄)သိန်းခန့် နေထိုင်ပြီး ကလေးမြို့ သည် ဒေသများအတွက် ဗဟို အချက်အခြာ ကျသော ခရိုင်မြို့ကြီး ဖြစ်ပြီး လူနာများ ပိုမိုများပြား လာခြင်းကြောင့် ကလေးမြို့ ပြည်သူ့ ဆေးရုံကြီးကို (ခုတင် ၃၀၀) မှ (ခုတင် ၅၀၀) သို့ အဆင့်တိုးမြှင့်ပေးနိုင်ပါရန်၊ ခေတ်မီစက်ကိရိယာများ တပ်ဆင် ပေးနိုင်ပါရန်နှင့် ၎င်းဒေသများမှ မန္တလေးမြို့နှင့်... ကလေးမြို့နယ်တွင် လူဦးရေ (၄)သိန်းခန့် နေထိုင်ပြီး ကလေးမြို့ သည် ဒေသများအတွက် ဗဟို အချက်အခြာ ကျသော ခရိုင်မြို့ကြီး ဖြစ်ပြီး လူနာများ ပိုမိုများပြား လာခြင်းကြောင့် ကလေးမြို့ ပြည်သူ့ ဆေးရုံကြီးကို (ခုတင် ၃၀၀) မှ (ခုတင် ၅၀၀) သို့ အဆင့်တိုးမြှင့်ပေးနိုင်ပါရန်၊ ခေတ်မီစက်ကိရိယာများ တပ်ဆင် ပေးနိုင်ပါရန်နှင့် ၎င်းဒေသများမှ မန္တလေးမြို့နှင့် ရန်ကုန် မြို့ကြီးများ ရှိ ဆေးရုံကြီးများသို့ အချိန်မီ ပို့ဆောင် ရာတွင် လမ်းခရီးဝေးခြင်း၊ လေကြောင်းခရီးစဉ်များ ခက်ခဲခြင်း ကြောင့် လူနာများ အသက်ဆုံးရှုံး ရပါသဖြင့် ကလေးခရိုင်၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆရာဝန်ကြီးနှင့် ၎င်းဌာနအတွက် ဓာတ်မှန် ကျွမ်းကျင် အဆင့် (၂) တို့အား ခန့်ထားပေးနိုင်ပါရန် စပ်လျဉ်း၍ သိရှိလိုခြင်း။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားချက်
ဆေးရုံကုတင် အသုံးပြုမှု ရာခိုင်နှုန်း ပြည့်မီလျှင် ကုတင်အဆင့်မြှင့်ခြင်းကို ဆောင်ရွက်ပေးသွားပါမည်။ အရေးပေါ်ဦးနှောက်နှင့်အာရုံကြောလူနာများကို ခွဲစိတ်ကုသနိုင်ရေးအတွက် ဆေးရုံကြီးသို့ ပို့လွှတ်၍ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာနတွင် သင်တန်း အလှည့်ကျ လေ့ကျင့်ပေးပြီး စီစဉ်ဆောင်ရွက်ပေးသွားပါမည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်မှန်)ကို နိုဝင်ဘာလတွင် ထပ်မံခန့်အပ် ပေးသွားမည်ဖြစ်ပါသည်။ ဆက်စပ်မေးခွန်းအရ ဆိုလာတပ်ဆင် ဖို့ နေရာများအား လိုအပ်ချက်များ တွက်ချက်ပြီးတဲ့အခါ ရရှိလာတဲ့ ဘဏ္ဍာငွေပေါ် မူတည်ပြီး ဆောင်ရွက်... ဆေးရုံကုတင် အသုံးပြုမှု ရာခိုင်နှုန်း ပြည့်မီလျှင် ကုတင်အဆင့်မြှင့်ခြင်းကို ဆောင်ရွက်ပေးသွားပါမည်။ အရေးပေါ်ဦးနှောက်နှင့်အာရုံကြောလူနာများကို ခွဲစိတ်ကုသနိုင်ရေးအတွက် ဆေးရုံကြီးသို့ ပို့လွှတ်၍ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာနတွင် သင်တန်း အလှည့်ကျ လေ့ကျင့်ပေးပြီး စီစဉ်ဆောင်ရွက်ပေးသွားပါမည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂)(ဓာတ်မှန်)ကို နိုဝင်ဘာလတွင် ထပ်မံခန့်အပ် ပေးသွားမည်ဖြစ်ပါသည်။ ဆက်စပ်မေးခွန်းအရ ဆိုလာတပ်ဆင် ဖို့ နေရာများအား လိုအပ်ချက်များ တွက်ချက်ပြီးတဲ့အခါ ရရှိလာတဲ့ ဘဏ္ဍာငွေပေါ် မူတည်ပြီး ဆောင်ရွက် ပေး သွားမည်ဖြစ်ကြောင်း ဖြေကြား အပ်ပါသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးအတွက် ဖြေကြားချက်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ
ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့၏ ၁၉-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်၊ ၁၀၅၄/ အစရ- ၄/၂၀၂၆ ဖြင့် ခွဲစိတ် အထူးကုဆရာဝန် ဒေါက်တာဝဏ္ဏနှင့် ဒေါက်တာမြတ်သီတာရွှေတို့အား မန္တလေးပြည်သူ့ ဆေးရုံကြီး တွင် (၁-၇-၂၀၂၆) မှ (၃၁-၈-၂၀၂၆)ရက်နေ့ထိ ဖွင့်လှစ် မည့် Management of Head Injury သင်တန်းသို့ တက်ရောက်ရန် စေလွှတ် ပြီး... ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ ကလေးမြို့၏ ၁၉-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်၊ ၁၀၅၄/ အစရ- ၄/၂၀၂၆ ဖြင့် ခွဲစိတ် အထူးကုဆရာဝန် ဒေါက်တာဝဏ္ဏနှင့် ဒေါက်တာမြတ်သီတာရွှေတို့အား မန္တလေးပြည်သူ့ ဆေးရုံကြီး တွင် (၁-၇-၂၀၂၆) မှ (၃၁-၈-၂၀၂၆)ရက်နေ့ထိ ဖွင့်လှစ် မည့် Management of Head Injury သင်တန်းသို့ တက်ရောက်ရန် စေလွှတ် ပြီး ဖြစ်ပါသည်။
ကလေးပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် solar system (1 KW) နှင့် solar system (3KW) တို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် ခွင့်ပြုခဲ့ ပြီး solar system (6KW) တစ်စုံ တန်ဖိုး (၂၅.၅၀၀) သန်း နှင့် solar system (3KW) တစ်စုံ တန််ဖိုး (၂၀.၀၀၀)သန်း၊ စုစုပေါင်း တန်ဖိုး (၄၅.၀၀၀)ကျပ်သန်း အား ထောက်ပံ့ခွင့်ပြုရန် ကျန်းမာရေးဝန်ကြီးဌာနထံတင်ပြထားပါသည်။