အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးအောင်မင်းနိုင်၊ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)
ရက်စွဲ
20/7/2026
မေးမြန်းချက်
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ “အရေးပေါ်ကုသသူ ဆရာဝန်/ ဆရာမများ ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေးများ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောကြောင့် မေးမြန်းခြင်း။” မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားအရေးပေါ်ကျန်းမာရေးအခြေအနေများဖြစ်ပွားလျက်ရှိရာ အရေးပေါ်အခြေအနေများတွင် ပထမအကူအညီနှင့် အခြေခံအသက်ကယ်နည်းလမ်းများကို... အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ “အရေးပေါ်ကုသသူ ဆရာဝန်/ ဆရာမများ ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေးများ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသောကြောင့် မေးမြန်းခြင်း။”
မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားအရေးပေါ်ကျန်းမာရေးအခြေအနေများဖြစ်ပွားလျက်ရှိရာ အရေးပေါ်အခြေအနေများတွင် ပထမအကူအညီနှင့် အခြေခံအသက်ကယ်နည်းလမ်းများကို သိရှိတတ်ကျွမ်းသူများ ပိုမိုလိုအပ်လျက်ရှိပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ Emergency Care Training and Basic Life Support သင်တန်းများကို မြို့နယ်အသီးသီးတွင် စနစ်တကျ ဖွင့်လှစ်သင်ကြားပေးရန်၊ သင်တန်းပြီးမြောက်သူများအား အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးရန်နှင့် ပြည်သူလူထု၏ အရေးပေါ်တုန့်ပြန်နိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် အရေးပေါ်လူနာများ၏ အသက်ရှင်နှုန်းတိုးတက်လာနိုင်ပါသည်။ ယာဉ်မတော်တဆမှုများနှင့် အခြားမတော်တဆမှုကဲ့သို့သော ဘေးအန္တရာယ်များတွင်လည်း ထိရောက်စွာကူညီနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအသိပညာများ၊ ပြည်သူလူထုနှင့် လူမှုအသိုင်းအဝိုင်း၏ အရေးပေါ်တုန့်ပြန်နိုင်စွမ်း မြင့်မားလာစေမည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ကုသသူ ဆရာဝန်/ဆရာမများ ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ပြုစုစောင့်ရှောက်မှု အရည်အသွေးများမြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/ မရှိအားသိရှိလိုပါ၍ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းတင်ပြရခြင်းဖြစ်ပါသည်။

တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ကုသသူ ဆရာဝန်/ ဆရာမများ အရေးပေါ်ပြုစုစောင့်ရှောက်မှုအရည်အသွေးများ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ... လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ်ကုသသူ ဆရာဝန်/ ဆရာမများ အရေးပေါ်ပြုစုစောင့်ရှောက်မှုအရည်အသွေးများ မြင့်မားလာစေရန် တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များအား Emergency Care Training and Basic Life Support သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုများ၏ အရေးပေါ်စောင့်ရှောက်မှုစွမ်းရည်မြှင့်တင်နိုင်ရန်နှင့် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေများတွင် စံချိန်စံညွှန်းနှင့်အညီ အချိန်မီကုသပေးနိုင်ရန်ရည်ရွယ်၍ Emergency Care Training နှင့် Basic Life Support (BLS) Training များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သူနာပြုများကို အရေးပေါ်ကုသမှုများအား မဖြစ်မနေတတ်မြောက်ရမည့် ကုသမှုများအဖြစ်သတ်မှတ်ကာ ပြည်သူ့ဆေးရုံကြီးများ၌ သင်ကြားပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဆေးတက္ကသိုလ်များမှာလည်း Medical year 4 ၌ Basic Life Support သင်တန်းကို ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ပုံမှန်သင်ကြားပေးနေပြီး သူနာပြုများကိုလည်း သူနာပြုတက္ကသိုလ်များတွင် ဘွဲ့ကြိုသင်တန်းများမှာ တစ်နှစ်အနည်းဆုံး တစ်ကြိမ်စီနဲ့ လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် မွမ်းမံသင်တန်း(၁)ကြိမ်စီ ထပ်မံသင်ကြားပေးလျက်ရှိပါတယ်။
Emergency Care Training များကို အထူးအစီအစဉ်အနေနဲ့ ဆေးတက္ကသိုလ်များရှိ အရေးပေါ်ကုသမှုဆေးပညာဌာနများမှ ပါမောက္ခများ ဦးဆောင်ကာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့သွားရောက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်၊ လက်ထောက်ဆရာဝန်များနဲ့ သူနာပြုများအတွက် သင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် ယခုအချိန်အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံမြို့နယ်တွေမှာ အထူးအစီအစဉ်အနေနဲ့ သင်တန်းများဆောင်ရွက်ပြီးဖြစ်ပါတယ်။ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါသင်တန်းများမှတစ်ဆင့် မြို့နယ်များ၌ ဆင့်ပွားသင်တန်းများကို အဆင့်ဆင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် သင်တန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကုသမှုဆေးပညာမဟာသိပ္ပံများကို ဆေးတက္ကသိုလ်များအလိုက်ဖွင့်လှစ်ကာ အရေးပေါ်ကုသမှုဆေးပညာဆိုင်ရာ အထူးကုဆရာဝန်များကို ပိုမိုမွေးထုတ်လျက်ရှိပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်များအတွက် အခြေခံအရေးပေါ်ကုသမှုဒီပလိုမာ(Online)သင်တန်းကိုလည်း လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးထားတာ ယခုဆိုလျှင် ဒုတိယနှစ်ရောက်ရှိပြီဖြစ်ပါတယ်။ သူနာပြုများအတွက်လည်း အရေးပေါ်သူနာပြုစုမှုပညာဒီပလိုမာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
ဒီလိုဆရာဝန်၊ သူနာပြုများအတွက်သာမက အထောက်အကူပြုကျန်းမာရေးဝန်ထမ်းများအတွက်လည်း ရှေးဦးအသက်ကယ်ပြုစုကုသမှုသင်တန်း (First Responder Course) သင်တန်းများကို လိုအပ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အရေးပေါ်ကုသမှုဆိုင်ရာသင်တန်းတွေက စာတွေ့သာမက လက်တွေ့ကျွမ်းကျင်မှုလိုအပ်တဲ့ သင်တန်းများဖြစ်တာကြောင့် သင်တန်းများဆောင်ရွက်ရာမှာလည်း အရည်အသွေးကောင်းမွန်စေရေးအတွက် ဆေးတက္ကသိုလ်များ၏ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခများက ဦးဆောင်ကာ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ အပြည့်အစုံဖြင့် နိုင်ငံတကာသင်ရိုးညွန်းတမ်းများနှင့်အညီ သင်ကြားပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
Emergency Care Training နှင့် Basic Life Support(BLS) Training များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်တိုးတက်မှုနှင့်အညီ ပိုမိုတိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)
ရက်စွဲ
20/7/2026
မေးမြန်းချက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင်၊ အိမ်ထောင်စု (၁,၂၁၅)စုနှင့် လူဦးရေ (၄,၀၃၃) ဦး ရှိပါသည်။ ၁၉၈၀ - ၈၁ ခုနှစ်မှစ၍ ခုတင် (၁၆) လုံးဆံ့တိုက်နယ်ဆေးရုံတစ်ခုကို ကိုယ်အားကိုယ်ကိုးကာ တည်ဆောက်ခဲ့ပါသည်။ နှစ်ပေါင်း(၆ဝ)ကျော် ကြာခဲ့ပြီဖြစ်ပါသည်။ ထိုစဉ်က ရွာသာယာတိုက်နယ်ဆေးရုံသို့ တက်ရောက်ကြရသော ကျေးရွာအုပ်စု(၂၅)အုပ်စုတွင်၊ မိသားစု (၂,၄၅၃)စုနှင့် လူဦးရေ (၁၀,၃၀၂)ဦးသာ ရှိခဲ့ပါသည်။ ယခုအခါတွင်... မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင်၊ အိမ်ထောင်စု (၁,၂၁၅)စုနှင့် လူဦးရေ (၄,၀၃၃) ဦး ရှိပါသည်။ ၁၉၈၀ - ၈၁ ခုနှစ်မှစ၍ ခုတင် (၁၆) လုံးဆံ့တိုက်နယ်ဆေးရုံတစ်ခုကို ကိုယ်အားကိုယ်ကိုးကာ တည်ဆောက်ခဲ့ပါသည်။ နှစ်ပေါင်း(၆ဝ)ကျော် ကြာခဲ့ပြီဖြစ်ပါသည်။
ထိုစဉ်က ရွာသာယာတိုက်နယ်ဆေးရုံသို့ တက်ရောက်ကြရသော ကျေးရွာအုပ်စု(၂၅)အုပ်စုတွင်၊ မိသားစု (၂,၄၅၃)စုနှင့် လူဦးရေ (၁၀,၃၀၂)ဦးသာ ရှိခဲ့ပါသည်။ ယခုအခါတွင် ယင်းကျေးရွာအုပ်စု (၂၅)အုပ်စုတွင် မိသားစု (၆,၅၇၂)စုနှင့် လူဦးရေ (၂၂,၃၁ဝ)ဦး ရှိလာပြီဖြစ်ပါသည်။ ထိုမျှသာမက၊ နီးစပ်ရာမြို့နယ်၊ ကျေးရွာများမှလည်း ပြင်ပလူနာ/ အတွင်းလူနာအဖြစ် လာရောက်ကုသနေလျက်ရှိပါသည်။
ဥက္ကဋ္ဌကြီးခင်ဗျား-
ရွာသာယာကျေးရွာအုပ်စု တိုက်နယ်ဆေးရုံတွင်၊ ဆရာဝန် (၁)ဦး၊ အထက်တန်းသူနာပြု (၂)ဦး၊ အငယ်တန်းသူနာပြု (၂)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁)ဦး၊ ဓာတ်ခွဲ (၁)ဦး၊ ဆေးစပ် (၁)ဦးနှင့် အထွေထွေ (၄)ဦး ရှိပါသည်။ အားလုံးပင် နေ့မအား၊ ညမနား ဆောင်ရွက်ကြရပါသည်။ လာရောက်သည့် လူနာဦးရေမှာ ၂၀၂၁ ခုနှစ်တွင် (၂,၉၀၃)ဦး၊ ၂၀၂၂ ခုနှစ်တွင် (၂,၈၅၄)ဦး၊ ၂၀၂၃ ခုနှစ်တွင် (၃,၀၆၀)ဦး၊ ၂၀၂၄ ခုနှစ်တွင်(၂,၈၃၀)ဦးနှင့် ၂၀၂၅ ခုနှစ်တွင် (ယနေ့ထိ) (၁,၇၇၂)ဦး ရှိပါသည်။
ဆေးရုံ၏အခြေအနေမှာ လူနာ ကျား/ မ ဆောင် သီးခြားမရှိခြင်း၊ မွေးပြီးစ မိခင်နှင့် ကလေးများအတွက် သီးသန့်အဆောင်/ အခန်းမရှိခြင်း၊ ကူးစက်ရောဂါလူနာဆောင် သီးသန့်မရှိခြင်း၊ သန့်စင်ခန်း/ ရေချိုးခန်းဟူ၍ အုတ်ကန်တစ်လုံးသာရှိခြင်း၊ ခေါင်းရင်းမြှင့်ခုတင်မရှိခြင်း၊ လူနာသုံးစားပွဲငယ်များမရှိခြင်း၊ လူနာများကို တစ်ဦးနှင့် တစ်ဦး ၃', ၄' ကွာထားရမည်ဖြစ်သော်လည်း ကျုပ်ထဲကျွဲပြည့်ဆိုသလိုဖြစ်နေခြင်း၊ အလင်းရောင်နှင့် လေဝင်လေထွက်မှာလည်း တံခါးများယိုယွင်းနေသဖြင့် ထိန်းသိမ်းနိုင်ခြင်းမရှိခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ဥက္ကဋ္ဌကြီးခင်ဗျာ-
မည်သို့ပင်ကြုံတွေ့ရပါသော်လည်း ရွာသာယာကျေးရွာအုပ်စု ပြည်သူများအနေဖြင့် မိမိဆေးရုံသို့ အားကိုးပြီးရောက်လာသူများကို စားသောက်နေထိုင်ရေးအဆင်ပြေစေရန် အစွမ်းကုန်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ သွေးလှူရှင်ဖွဲ့စည်းထားရှိခြင်း၊O2 ပင်တိုင် အလှူရှင်ရှိခြင်း၊ လူမှုကူညီမှုအသင်းဖွဲ့စည်းထားရှိခြင်း၊ သွပ်မိုး ထရံကာ လေးပင်,သုံးပင်ဆင့်ထိုးအဆောက်အဦတစ်ခုဆောက်လုပ်ထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိပါသည်။
ရွာသာယာကျေးရွာအုပ်စုအနေနှင့် ဤကဲ့သို့ပင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ခုတင်(၁၆)လုံးဆံ့ ကိုယ်အားကိုယ်ကိုးဆေးရုံအဖြစ် ရပ်တည်လာခဲ့သည်မှာ အနှစ်(၆၀)ကျော်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ယခုအခါတွင် ဝန်နှင့်အား မမျှဖြစ်နေပါပြီ။ ပညာအား၊ ဓနအား လိုက်မမီနိုင်အောင် ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ စံမီသော (၂၅)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးပါရန် ယုံကြည်အားကိုးတောင်းဆိုလိုပါကြောင်းနှင့် ဖွင့်လှစ်ပေးနိုင်ရန် ရှိ/မရှိကိုလည်း လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်ခင်ဗျား။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး(၁)ရုံ၊ (၂၅)ခုတင်ဆံ့ စကုဆေးရုံ(၁)ရုံ၊ ရွာသာယာတိုက်နယ်ဆေးရုံနှင့်... လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး(၁)ရုံ၊ (၂၅)ခုတင်ဆံ့ စကုဆေးရုံ(၁)ရုံ၊ ရွာသာယာတိုက်နယ်ဆေးရုံနှင့် မုန်တောင်တိုက်နယ်ဆေးရုံ၊ စုစုပေါင်း ဆေးရုံ(၄)ရုံဖွင့်လှစ်ထားရှိပါတယ်။ ရွာသာယာတိုက်နယ်ဆေးရုံသည် မကွေးပြည်သူ့ဆေးရုံကြီးနှင့် (၁၁)မိုင်၊ မင်းလှမြို့နယ်ဆေးရုံနှင့်(၁၀)မိုင်၊ မင်းဘူးပြည်သူ့ဆေးရုံကြီးနှင့် (၉)မိုင်ခန့်သာကွာဝေးပါတယ်။ ရွာသာယာတိုက်နယ်ဆေးရုံ၏ (၃)နှစ်အတွင်း တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေမှာ (၈)ဦးသာရှိပြီး၊ ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းမှာ (၄၉%)သာရှိပါကြောင်း စိစစ်တွေ့ရှိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်များအရ ဆေးရုံအဆင့်မြှင့်တင်ရန် (၃)နှစ်အတွင်း ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိပါသဖြင့် လတ်တလော(၂၅)ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များ တိုးတက်လာပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အချိန်တွင် ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ပါကြောင်း လက်ရှိတွင်လည်း လိုအပ်လျက်ရှိသည့် ဆေးရုံအဆောက်အအုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရခွီဖုန်
ရက်စွဲ
20/7/2026
မေးမြန်းချက်
ပူတာအိုခရိုင်သည် မြန်မာနိုင်ငံမြောက်ဖက်အစွန်ဆုံးတွင်တည်ရှိပြီး၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ်(၅)မြို့နယ်တွင် လူဦးရေ(၁၁၀,၂၀၉) ဦးနေထိုင်ပါသည်။ ပူတာအိုပြ... ပူတာအိုခရိုင်သည် မြန်မာနိုင်ငံမြောက်ဖက်အစွန်ဆုံးတွင်တည်ရှိပြီး၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်၊ ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ်(၅)မြို့နယ်တွင် လူဦးရေ(၁၁၀,၂၀၉) ဦးနေထိုင်ပါသည်။ ပူတာအိုပြည်သူ့ဆေးရုံသည် လူနာအချို့ကို ကုသရန်ဆေးဝါးနှင့် ဆေးရုံကိရိယာမပြည့်စုံခြင်း၊ အထူးကုဆရာဝန်မပြည့်စုံခြင်းတို့ကြောင့် မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်မြို့သို့ ဆေးကုသရန်ညွှန်းရပါသည်။ လေယာဉ်နေရာမရနိုင်ခြင်း၊ လေယာဉ်ခကြီးမားခြင်း၊ ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် ဆေးကုသရန်အခက်အခဲရှိနေပါသည်။ သို့ဖြစ်၍ ကုတင်(၁၀၀) ပူတာအိုပြည်သူ့ဆေးရုံကို ကုတင်(၃၀၀)ဆေးရုံအဖြစ် မြှင့်တင်ပေးရန်အစီအစဉ် ရှိ/မရှိမေးမြန်းအပ်ပါသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုပြည်သူ့ဆေးရုံအား ခုတင်(၁၀၀)ဆံ့ဆေးရုံမှ ခုတင်(၃၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ (၁)ရုံ၊... လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုပြည်သူ့ဆေးရုံအား ခုတင်(၁၀၀)ဆံ့ဆေးရုံမှ ခုတင်(၃၀၀)ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ (၁)ရုံ၊ (၂၅)ခုတင်ဆံ့ မူးယစ်ဆေးစွဲရောဂါကုဆေးရုံ(၁)ရုံ၊ မူလာရှီဒီတိုက်နယ်ဆေးရုံ၊ လုံရှာယန်တိုက်နယ်ဆေးရုံနှင့် မန်စေတိုက်နယ်ဆေးရုံ၊ စုစုပေါင်းဆေးရုံ(၅)ရုံ ဖွင့်လှစ်ထားရှိပါတယ်။ ပူတာအိုပြည်သူ့ဆေးရုံမှာ ခုတင်(၅၀၀)ဆံ့မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးနှင့်(၂၁၈)မိုင်ကွာဝေးပြီး၊ ပူတာအိုမြို့မှ မြစ်ကြီးနားမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်သာ သွားရောက်ရပြီး (ကြာချိန် ၄၅ မိနစ်)ခန့်ရှိပါတယ်။ ပူတာအိုပြည်သူ့ဆေးရုံ၏ (၃)နှစ်အတွင်း တစ်ရက်(၃)နှစ်စာ ပျမ်းမျှအတွင်း လူနာဦးရေမှာ(၄၀)ဦးနှင့် ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းမှာ (၄၀%)ရှိပါကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းမှာ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောမူအရ ခုတင်(၁၀၀)မှ ခုတင်(၂၀၀)အဆင့်သို့ ဦးစွာတိုးမြှင့်ပေးရမည်ဖြစ်ပြီး၊ အဆင့်မြှင့်တင်ရန် ခွင့်ပြုခုတင်အသုံးပြုမှု ရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိနေပါ၍ လတ်တလော ဆေးရုံအဆင့်မြှင့်တင်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) စိုင်းဝင်းခိုင်
ရက်စွဲ
25/6/2026
မေးမြန်းချက်
တိုင်းပြည်ချမ်းသာမှုသည် ပြည်သူလူထုစိတ်ချမ်းသာမှုဟု ဆိုပါသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာတဲ့အခါ (ဂျီဒီပီ) တစ်ခုတည်းနှင့် မလုံလောက်ပေ။ ပြည်သူလူထုတွေ စိတ်ချမ်းသာမှုနှင့် ကျန်းမာရေးမည်သို့ရှိသလဲဆိုသည့် ပေတံနှင့် တိုင်းတာသင့်သည်။ နိုင်ငံတိုးတက်မှုကို အရင်က (ဂျီဒီပီ)နှင့် တစ်ဦးချင်းဝင်ငွေနှင့်တိုင်းတာတာထက် စီးပွားရေးနှင့် တိုင်းတာမရသည့် ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်လွတ်လပ်မှုတွေနှင့်ပါ တွက်ချက်တိုင်းတာရန် လိုအပ်ပါသည်။ နိုင်ငံ၏ချမ်းသာမှုသည် သယံဇာတပစ္စည်းမဟုတ်ပေ။ ငွေကြေး၊ သစ်တော၊ ဓာတ်ငွေ့မဟုတ်ပေ။... တိုင်းပြည်ချမ်းသာမှုသည် ပြည်သူလူထုစိတ်ချမ်းသာမှုဟု ဆိုပါသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာတဲ့အခါ (ဂျီဒီပီ) တစ်ခုတည်းနှင့် မလုံလောက်ပေ။ ပြည်သူလူထုတွေ စိတ်ချမ်းသာမှုနှင့် ကျန်းမာရေးမည်သို့ရှိသလဲဆိုသည့် ပေတံနှင့် တိုင်းတာသင့်သည်။ နိုင်ငံတိုးတက်မှုကို အရင်က (ဂျီဒီပီ)နှင့် တစ်ဦးချင်းဝင်ငွေနှင့်တိုင်းတာတာထက် စီးပွားရေးနှင့် တိုင်းတာမရသည့် ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်လွတ်လပ်မှုတွေနှင့်ပါ တွက်ချက်တိုင်းတာရန် လိုအပ်ပါသည်။
နိုင်ငံ၏ချမ်းသာမှုသည် သယံဇာတပစ္စည်းမဟုတ်ပေ။ ငွေကြေး၊ သစ်တော၊ ဓာတ်ငွေ့မဟုတ်ပေ။ နိုင်ငံ၏ချမ်းသာမှုသည် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း ကောင်းမွန်ခြင်းပင် ဖြစ်ပါသည်။ ကျန်းမာရေးကောင်းမွန်သည့် ပြည်သူလူထုများ များစွာရှိပါမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီဟုပြောရန် အသင့်ဖြစ်ပြီဟု ပညာရှိများက ဆိုကြပါသည်။
ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ အဆင်ပြေစေရန် အစိုးရအဖွဲ့အစည်းက အရေးပါလှသည်။ အစိုးရအဖွဲ့အစည်းက လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခွင့်အရေးကို အာမခံပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ်ရပါမည်။ လူမှုရေးတရားမျှတမှုရှိပြီး ပြည်သူ၏ လွတ်လပ်မှု၊ စိတ်ချမ်းသာမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီဟု ပြောဆိုနေကြပါသည်။
နိုင်ငံတော်သမ္မတကြီး၏ မဟာဗျူဟာ အန္တိမရည်မှန်းချက်မှာ နိုင်ငံတော်သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်ကို ပိုင်စိုးမည့်မျိုးဆက်သစ်တို့ အင်အားရှိရေးဖြစ်ပါသည်။ သို့ကြောင့် မြို့ရွာတိုင်းမှာ ကျန်းမာသန်စွမ်းသည့်လူများ ပေါ်ပေါက်လာရေးအတွက် ဆေးရုံဆေးခန်းများစွာရှိရပါမည်။
မျက်မှောက်ကာလများစွာသော နိုင်ငံတို့၏ တိုးတက်မှုသည် ရုပ်ပိုင်းဆိုင်ရာကြီးပွားချမ်းသာမှုကို ရှေးရူသောလုပ်ဆောင်မှုများသာဖြစ်သည်။ နိုင်ငံတစ်နိင်ငံ ကြီးပွားချမ်းသာတိုးတက်စေရန်အတွက် အဓိကလိုအပ်ချက်မှာ နည်းပညာ၊ အတတ်ပညာတတ်မြောက်သော ကျန်းမာသန်စွမ်းသည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန် ဖြစ်ပါသည်။
တန့်ယန့်မြို့နေ ရဟန်းရှင်လူ မိဘပြည်သူများ၏ ဆန္ဒအမှန်မှာ လူဦးရေ တစ်သိန်းတစ်သောင်းဦးရေခန့်ရှိသည့် တန့်ယန်းမြို့ ၂၅-ခုတင်ဆေးရုံကြီးမှ ၅၀-ခုတင်ဆံ့ ခေတ်မီဖွံ့ဖြိုးသည့်ဆေးရုံကြီး ပေါ်ပေါက်လာရေးနှင့် လိုအပ်နေသော အထူးကုဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်၊ သွားဆရာဝန်၊ ဆရာ/ဆရာမကြီးများနှင့် ဆေးရုံပစ္စည်းများ၊ ခေတ်မီအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာတည်ရှိရန်ဖြစ်ပြီး ၎င်းကိစ္စအား အဓိကဦးစားပေးဆောင်ရွက်စေလိုကြောင်း လူထုတွေ့ဆုံပွဲတွင် လူထုများက ဆန္ဒရှိကြပြီး သက်ဆိုင်ရာဌာနသို့တင်ပြတောင်းဆိုပေးပါရန် တင်ပြလာပါသည်။
တင်ပြလာသည့်စာပါအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့အတွင်း လူထုများ၏ ဆန္ဒအမှန်သိရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က ပကတိအခြေအနေများကို ကွင်းဆင်းလေ့လာခြင်း၊ စာဖြင့်တင်ပြလာသော လူထုများကို တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ပြည်သူလူထုများ၏ကိုယ်စား မေးမြန်းအပ်ပါသည်-
(က) တန့်ယန်းမြို့အတွက် ခုတင်-၂၅ ဆံ့ ဆေးရုံမှ ခုတင်-၅၀ ဆံ့ဆေးရုံအဖြစ် အကောင်အထည်ဖော်ပေးရန် သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများမှ ညွှန်ကြားပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုပါသည်။
(ခ) အစီအစဉ်မရှိပါက ဘယ်အတွက်ကြောင့်နည်း။
(ဂ) အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ညွှန်ကြားပြီး ဆောင်ရွက်ပေးမည်နည်း။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းဖြစ်ပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့ဆေးရုံးမှ ခုတင်(၅၀)ဆံ့ဆေးရုံးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းခိုင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့မြို့နယ် ဆေးရုံ(၁)ရုံ၊... လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းဖြစ်ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့ဆေးရုံးမှ ခုတင်(၅၀)ဆံ့ဆေးရုံးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းခိုင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့မြို့နယ် ဆေးရုံ(၁)ရုံ၊ ဝိန်းကောင်တိုက်နယ်ဆေးရုံ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ မန်ကတ်တိုက်နယ်ဆေးရုံးနှင့် မိုင်းကောင်တိုက်နယ်ဆေးရုံ၊ စုစုပေါင်း ဆေးရုံ(၅)ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။ တန့်ယန်းပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်(၂)ဦး၊ သူနာပြု(၁၈)ဦး၊ (ဓာတ်ခွဲ၊ ဓာတ်မှန်၊ ဆေးစပ်၊ ဆေးမှတ်တမ်း၊ ကျွမ်းကျင်ဝန်ထမ်း – ၅ ဦး) နှင့် စီမံအထောက်အကူပြုဝန်ထမ်းများအပါအဝင် စုစုပေါင်း (၃၄)ဦး တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံများ ခုတင်အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာမှာ ဒေသလိုအပ်ချက်၊ ဆေးရုံ၏ (၃)နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ဝန်ကြီးဌာန၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းပေးနိုင်မှုတို့အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒေသလိုအပ်ချက်အနေနဲ့ ဒေသဖွံ့ဖြိုးလာမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရမယ့်လူဦးရေများပြားလာသည့်အခါတွင်လည်းကောင်း၊ ဒေသဖွံ့ဖြိုးမှုနောက်ကျပြီး သွားလာရေးအခက်အခဲအရ လူနာများအခြားဒေသသို့ သွားရောက်ဆေးကုသမှုခံယူရန် ခက်ခဲမှုရှိပါကလည်းကောင်း ဦးစားပေးဆောင်ရွက်ပေးပါတယ်။
ဆေးရုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေမှာတော့ (၃) နှစ်တာကာလအတွင်း ဆေးရုံတက်ကုသမှုခံယူသော အတွင်းလူနာအရေအတွက် တစ်နှစ်ထက်တစ်နှစ် များပြားလာခြင်း၊ (၃)နှစ်ကာလအတွင်း ပျမ်းမျှနေ့စဉ် ဆေးရုံတက်လူနာဦးရေမှာ ဆေးရုံး၏ သတ်မှတ်ခုတင်အရေအတွက်ထက် ကျော်လွန်နေခြင်းရှိပါက ဦးစားပေးဆောင်ရွက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လျော့နည်းနေသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များအတွက် လေ့ကျင့်၊ မွေးထုတ်၊ ဖြည့်တင်းခြင်းကို အားစိုက်ဆောင်ရွက်နေရချိန်လည်းဖြစ်တဲ့အတွက် လက်ရှိဖွင့်လှစ်ထားရှိတဲ့ ဆေးရုံးများ၏ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ဖြည့်တင်းခြင်းကိုသာ ဦးစားပေးဆောင်ရွက်နေပါတယ်။
(၂၅)ခုတင်ဆံ့ တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံ၏ (၃) နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ တစ်နေ့ပျမ်းမျှ လူနာဦးရေမှာ(၂၄) ဦးဖြစ်ပြီး၊ ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှုမှာ (၃) နှစ်စာပျမ်းမျှ (၉၇%) ဖြစ်တဲ့အတွက် ဦးစားပေးမှု “မူအရ” ခုတင်အဆင့်မြှင့်တင်ရန် လိုအပ်ချက်ရှိနေပါသဖြင့် လတ်တလော ခုတင်(၅၀)ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ရန်အစီအစဉ်မရှိသေးပါကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။ ဆေးရုံခုတင်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မပေးနိုင်သေးသော်လည်း ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။
– လူနာခုတင်၊ မွေ့ယာ၊ Bed Side Locker အပါ (၁၀)စုံကို ၂၀၂၆ မေလအတွင်း ပို့ဆောင်ခဲ့ပြီး ယခုလအတွင်း နောက်ထပ်(၁၀)စုံကို ပေးပို့မှာဖြစ်ပါတယ်။
– ခွဲစိတ်ခန်းသုံးပစ္စည်းများဖြစ်တဲ့ Operation Table (၁)ခု၊ Patient Monitor (၂)ခု၊ Suction Machine(၂)ခု၊ Spot Lamp(၁)ခု၊ ECG Machine(၁)ခုနှင့် Syringe Pump (၂)တို့ကိုလည်း ယခုလအတွင်း ပို့ဆောင်ပေးပြီးဖြစ်ပါတယ်။
– Infant Incubator ၊ Digital Blood Pressure Cuff ၊ Portable Ultra Sound ၊ Drip Stand များလည်း ခွင့်ပြုပေးထားပြီး ဆက်လက်ပေးပို့သွားမှာဖြစ်ပါကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်။