ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ပူးပေါင်းစီစဉ်သည့်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအားခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:၀၀)နာရီတွင် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  OSAKA UNIVERSITY မှ Professor Mikihiko kogo နှင့် အဖွဲ့ဝင်များ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများမှ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များ သင်တန်းသား စုစုပေါင်း(၃၁)ဦးတို့ တက်ရောက် ခဲ့ပါသည်။

ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာ တွင် ၂၀၁၂ခုနှစ်မှစတင်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သော Japan Heart အဖွဲ့၏ ပူးပေါင်းကူညီဆောင်ရွက်မှုများကြောင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျေးဇူးတင်အသိအမှတ်ပြု ပါကြောင်း ဗဟိုအဆင့်ဆေးရုံများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများခွဲစိတ်ကုသခြင်းများကို ပိုမိုဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ် ပါကြောင်း၊ ယခုသင်တန်းသို့တက်ရောက်လာကြသော သွားနှင့်ခံတွင်းအထူးကုဆရာဝန်များ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများတွင် ဦးဆောင်လုပ်ကိုင်နိုင်စွမ်းနှင့် အရည်အသွေးပြည့်ဝ ခွဲစိတ်ကုသမှုကျွမ်းကျင်သော ဆရာဝန်များဖြစ်လာစေရန် စာတွေ့၊ လက်တွေ့သင်ကြားပို့ချမှုများကို အလေးအနက်ထား၍ လေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ Japan Heart သင်တန်းဆရာ Professor Mikihiko kogo အား ကျန်းမာရေးဝန်ကြီးဌာနက ချီးမြင့်သည့် Honourary Consultant ဂုဏ်ထူးဆောင်လက်မှတ်နှင့် ပထမအကြိမ်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုသင်တန်းတက်ရောက်ခဲ့ကြသော သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများနှင့် သွားနှင့် ခံတွင်းဆရာဝန်(အထူးကု)များကိုလည်း သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပထမအကြိမ်တက်ရောက်ခဲ့သောသင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခြင်း

         

သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခြင်း
သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခြင်း

သင်တန်းကို နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံ၌ (၂၄-၉-၂၀၂၄)ရက်နေ့မှ (၂၆-၉-၂၀၂၄) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top