လက်ထောက်ဆရာဝန်များအား ဆရာဝန်မှတ်ပုံတင်နှင့် အထွေထွေဆေးကုခွင့်လိုင်စင်များ ပေးအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် နိုင်ငံဝန်ထမ်းအဖြစ်ခန့်ထားခဲ့သော လက်ထောက်ဆရာဝန်များအား ဆရာဝန်မှတ်ပုံတင်နှင့် အထွေထွေဆေးကုသခွင့်လိုင်စင် ပေးအပ်ခြင်း အခမ်းအနားကို ၂၀-၈-၂၀၂၆ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့် ပြည်သူ့ဆေးရုံများကွပ်ကဲရေးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် ဆရာဝန်မှတ်ပုံတင်နှင့် အထွေထွေ ဆေးကုသခွင့်လိုင်စင်များ ရရှိသော လက်ထောက်ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ထမ်းရေးရာဌာနခွဲ မှ ဆရာဝန်မှတ်ပုံတင် နှင့် အထွေထွေဆေးကုသခွင့်လိုင်စင်များနှင့် ပတ်သက်သည့် အချက်အလက် များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဗဟိုအဆင့်ပြည်သူ့ ဆေးရုံကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံကြီးများမှ လက်ထောက် ဆရာဝန်များ အား ဆရာဝန်မှတ်ပုံတင်နှင့် အထွေထွေဆေးကုသခွင့်လိုင်စင်များ ပေးအပ်ခဲ့ ပါသည်။ ထို့နောက် တက်ရောက်လာသော ဧည်သည်တော်များနှင့် လက်ထောက် ဆရာဝန်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top