Training on Clinical Competency in Rehabilitation for Physiotherapists သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာနမှ ဆေးဘက်ကျွမ်းကျင်(၂)(အကြော) ကျွမ်းကျင်ပညာရှင်များအတွက် Training on Clinical Competency in Rehabilitation for Physiotherapists သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၀-၇-၂၀၂၆)ရက်နေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အစည်း အဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပါမောက္ခ/ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အကြောအဆစ်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါသင်တန်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဗဟိုအဆင့်ဆေးရုံကြီး များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေကြသော ဆေးဘက်ကျွမ်းကျင်(၂)(အကြော) (၄၅)ဦးအား (၂၀-၇-၂၀၂၆) ရက်နေ့မှ (၂၁-၇-၂၀၂၆) ရက်နေ့ထိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ သင်ကြားရေးခန်းမ၌ Training on Clinical Competency in Rehabilitation for Physiotherapists ဆိုင်ရာ သင်ခန်းစာများပို့ချခြင်း၊ သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်သင်ကြားပေးသော Hands-on training များသင်ကြားပြသပေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး သင်တန်းတက်ရောက်လာသူများအား ကုသရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top