ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းလမ်းညွှန်(SOP/၂၀၂၄)ပါလုပ်ငန်းများ အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်သွားရန် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

ကုသရေးဦးစီးဌာနမှဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်(SOP)ပါ လုပ်ငန်းများ အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်သွားရန် ညှိနှိုင်း အစည်းအဝေးကိုနေပြည်တော်၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင်(၂၆-၂-၂၀၂၆) ရက်နေ့မှ (၂၇-၂- ၂၀၂၆) ရက်နေ့ထိ (၂)ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ကုသရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု)နှင့် တိုင်း ဒေသကြီး /ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီးများမှ လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု) များ၊ ဆေးလူမှုဆက်ဆံရေးအရာရှိများစုစုပေါင်း(၈၀) ဦး တက်ရောက်ခဲ့ကြပြီး ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်(ဝန်ထမ်းရေးရာ) ဒေါက်တာအောင်ငွေစံ မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။

(၂)ရက်ကြာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ) ဒေါက်တာရွယ်နုနုခင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်တို့မှ အစည်းအဝေး တက်ရောက် လာကြသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအား SOPပါလုပ်ငန်းအကြောင်းအရာများကို Case Management Process, SOPစာအုပ်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းများကို Power Point Presentations, Group Discussionများဖြင့် အသေးစိတ်ဆွေးနွေးပေးခဲ့ကြပြီး အစည်းအဝေး တက်ရောက်လာကြသူများမှလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး (၂၇-၂-၂၀၂၆)ရက်နေ့၊ ညနေ (၄း၀၀)နာရီအချိန်တွင် နေပြည်တော်၊ ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ခဲ့သော  ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်(SOP)ပါ လုပ်ငန်းများ အသိပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်သွားရန် ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top