SOP နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့၊ Summit Parkview Hotel ၌ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို သုံးသပ်၍ ပြင်ဆင်ရန်၊ SOP နှင့် Guidelines များ၏ ပုံစံကို အတည်ပြု သတ်မှတ်ရန်၊ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ် ဆေးရုံများတွင် လက်တွေ့ကျစွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများဖြစ်စေရေး ညှိနှိုင်းရန်၊ အပြီးသတ်ဆောင်ရွက်မည့် အစီအစဉ်များသတ်မှတ်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဘာသာရပ်အလိုက် ပြင်ဆင်တည်းဖြတ်ခြင်းများ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top