e-Government Training (central hospitals) ကျင်းပပြုလုပ်ခြင်း

e-Government Training (central hospitals) အား ကျင်းပပြုလုပ်ခြင်း နေပြည်တော်၊ စီမံကိန်းဌာနခွဲ၊ကုသရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သော e-Government Training (central hospitals) အား ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂) တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခန်ိးအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်မှ လူမှုရေးဦး တည်ချက် တစ်ရပ်ဖြစ်သော“တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး” ဆောင်ပုဒ်နှင့်အညီ ပြည်ထောင်စုဝန်ကြီးရဲ့ ဦးဆောင်မှုလမ်း ညွှန်မှုအောက်မှာ နိုင်ငံတော်က ချမှတ်ထားတဲ့ e-Government လုပ်ငန်းစဉ်တွေကို ဦးစီးဌာနအားလုံးက ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှာဖြစ်တဲ့အတွက် ကုသရေးဦးစီးဌာန၊ စီမံကိန်းဌာနခွဲမှ e-Government သင်တန်းကို ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံ အုပ်ချုပ်မှုလုပ်ငန်းများ […]
Standard Treatment Guideline ထုတ်ဝေနိုင်ရန် ဆွေးနွေးပွဲ ပြုလုပ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Hospital Standard Treatment Guideline ထွက်ပေါ်လာရေးဆောင်ရွက်လျက်ရှိရာ Hospital Standard Treatment Guidebook အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်အဖြစ် (၂၀-၁၁-၂၀၂၄) ရက်နေ့တွင် Training Centre ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆေးပညာနှင့်နှီးနွယ်ဌာနများ အလုပ်ရုံဆွေးနွေးပွဲ(ဒုတိယအကြိမ်)ကို (၁၁.၁၂.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ ခွဲစိတ်ပညာနှင့်နှီးနွယ်ဌာနများ အလုပ်ရုံဆွေးနွေးပွဲ (တတိယအကြိမ်)ကို (၁၂.၁၂.၂၀၂၄)ရက်နေ့တွင်းလည်းကောင်း Training Centre ၌ ကျင်းပပြုလုပ် ရာ ပါမောက္ခချုပ်/ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ ဦးဆောင်၍ ဆေးရုံအုပ် များ၊ အထူးကုဆရာဝန်ကြီးများ စုစုပေါင်း (၆၈) ဦးတက်ရောက်ဆွေးနွေးခဲ့ပါသည်။
Standard Treatment Guideline ထုတ်ဝေနိုင်ရန် ဆွေးနွေးပွဲ ပြုလုပ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ မန္တလေးပြည်သူ့ဆေးရုံကြီး၏ Standard Treatment Guidelines ထွက်ရှိရန် ဆောင်ရွက်လျက်ရှိရာ အကြိုညှိနှိုင်းဆွေးနွေးပွဲကို (၃-၁၂-၂၀၂၄) ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ဆေးပညာနှင့်နှီးနွယ်ဌာနများ၏ အလုပ်ရုံဆွေးနွေးပွဲကို (၉-၁၂-၂၀၂၄) ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ် (၉)ထပ်ဆောင် သင်ကြားရေးခန်းမ၌ ကျင်းပခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ဆေးပညာ ပါမောက္ခ/ဌာနမှူး ဒေါက်တာအေးအေးချစ်၊ ခွဲစိတ်ပညာ ပါမောက္ခ/ဌာနမှူး ဒေါက်တာအောင်ခိုင်ဇံတို့ ဦးဆောင်သည့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ စုစုပေါင်း (၆၇)ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
Training on Promoting Rational Use of Medicines and Good Prescribing Practices for Health Care Professionals (Batch-2 & Batch-3) သင်တန်းပြုလုပ်ခြင်း

ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက်မှ WHOနှင့် ပူးပေါင်း၍ Training on Promoting Rational Use of Medicines and Good Prescribing Practices for Health Care Professionals (Batch-2 & Batch-3) သင်တန်းများကို ရန်ကုန်မြို့၊ Park Royal Hotel တွင် ပြုလုပ်ခဲ့ရာ Batch -2 ၌ သင်တန်းသား (၄၅)ဦး ပါဝင်ပြီး သင်တန်းကာလ(၂)ရက်ဖြင့် (၂၆-၁၁-၂၀၂၄)ရက်နေ့ နှင့် (၂၇-၁၁-၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ Batch-3 ၌ သင်တန်းသား (၄၅)ဦး ပါဝင်ပြီး သင်တန်းကာလ (၂)ရက်ဖြင့် (၂၈-၁၁-၂၀၂၄) ရက်နေ့ နှင့် (၂၉-၁၁-၂၀၂၄)ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းများတွင် […]
Refresher Training for Medical Social Workers သင်တန်းကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် WHO အဖွဲ့နှင့် ပူးပေါင်း၍ Refresher Training for Medical Social Workers သင်တန်းကို ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ (၂) တွင် (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၂၂-၁၁-၂၀၂၄) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်း (၄၂) ဦးနှင့် လမ်းခရီးအခြေအရ ကိုယ်တိုင်သင်တန်းလာ မတက်နိုင်သော ဆေးလူမှုဆက်ဆံရေးဝန်ထမ်း (၁၀) ဦးတို့အား Zoom Meeting ဖြင့် Online သင်တန်းပို့ချခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၁၁-၂၀၂၄) ရက်နေ့တွင် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှာစကားတွင် ဆေးရုံ၏ Quality ရရှိရန်နှင့် Capacity ပြင်မည်ဟု ဆုံးဖြတ်မည်ဆိုလျှင် အဓိကဆောင်ရွက်ရ မည်မှာ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေနှင့် […]
