ချောင်းဦးမြို့နယ်ကုသရေးဦးစီးဌာန

ဆေးရုံတည်နေရာနှင့်ဓါတ်ပုံ ချောင်းဦးမြို့နယ်သည် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မုံရွာခရိုင်အတွင်းတွင်တည်ရှိပါသည်။ ချောင်းဦးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၁.၄၆၈ တွင် တည်ရှိပြီး မြောက်လတ္တီကျူ ၂၂° ၄၅’ နှင့် အရှေ့လောင်ဂျီကျူ ၉၅° ၈’ မှ ၉၅° ၂၅’ ကြား တည်ရှိပါသည်။ ချောင်းဦးမြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော မြို့နယ်များမှာ အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် မြောင်မြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက် တွင် မုံရွာမြို့နယ်တို့ဖြစ်ပါသည်။ အနောက်ဘက်တွင် ချင်းတွင်းမြစ် ဖြတ်သန်းစီးဆင်းနေပါသည်။ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသည် မုံရွာ – မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိ ပါသည်။ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံ၏ အကျယ်အဝန်းမှာ (၆)ဧကခန့် ကျယ်ဝန်းပါသည်။ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း (၃) တွင်းရှိပြီး ရေလုံလောက်စွာ […]
အရာတော်မြို့နယ် ပြည်သူ့ဆေးရုံ

အရာတော်မြို့နယ် ပြည်သူ့ဆေးရုံစတင်တည်ထောင်ခဲ့သောသမိုင်းအကျဉ်းချုပ် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ပြည်သူ့ဆေးရုံအား ၁၉၆၀ ပြည့်နှစ်တွင် (၁၆) ကုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ ပါသည်။ ပြည်သူ့ဆေးရုံအား ၁၉၇၀ ပြည့်နှစ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ခဲ့ပါသည်။ အရာတော်မြို့နယ် ပြည်သူ့ဆေးရုံအား (၁၆-ကုတင်)ဆံ့ဆေးရုံမှ (၂၅-ကုတင်)ဆံ့ဆေးရုံ အဖြစ် (၂၁-၉-၂၀၀၄)ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး (၄-၈-၂၀၀၅)ရက်နေ့တွင် ဆောက်လုပ် ပြီးစီးခဲ့ပါသည်။ ပြင်ပလူနာဆောင်အား နိုင်ငံတော်မှ ပြုပြင်ထိန်းသိမ်းစရိတ်ရန်ပုံငွေကျပ်(၁၈၀)သိန်းဖြင့် အများပြည်သူထည့်ဝင်လှူဒါန်းငွေကျပ်(၂၇၀)သိန်း စုစုပေါင်းငွေကျပ်(၄၅၀)သိန်း တန်ဘိုးရှိ အဆောက်အဦအသစ်အား (၁၂–၄-၂၀၁၈)ရက်နေ့တွင် စတင်ဆောင်လုပ်ပြီးစီးခဲ့ပါသည်။ ဆေးရုံပင်မအဆောင်အား (၂၅-ကုတင်) ဆံ့စံကိုက်အဆောက်အဦးအား ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး၊လူနာနားနေဆောင်အား၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ခဲ့ပါသည်။ အရာတော်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးများယနေ့အထိ(၁၉)ဦးရှိပါသည်။ […]
သိန္နီမြို့ပြည်သူ့ဆေးရုံ

ဆေးရုံတည်နေရာ သိန္နီမြို့ ပြည်သူ့ဆေးရုံ သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ သိန္နီမြို့ အမှတ်(၃) ရပ်ကွက် တွင်တည်ရှိပါသည်။ စတင်တည်ထောင်ခဲ့သောခုနှစ်နှင့်သမိုင်းအကျဉ်းချုပ် သိန္နီမြို့ပြည်သူ့ဆေးရုံ ကို (၁၉၃၇)ခုနှစ် တွင် (၁၆)ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၁၉၉၆)တွင် (၂၅)ကုတင်ဆံ့ဆေးရုံ(အဟောင်း)အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခု အသုံးပြု လျှက်ရှိသော RC ၂ထပ်ဆောင်ဆေးရုံ(အသစ်) အား ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စု ရံပုံငွေ ဖြင့် ဆောက်လုပ်ခဲ့ပြီး ယခုတိုင် အသုံးပြုလျှက်ရှိပါသည်။ ဆေးရုံမြေနေရာအကျယ်အဝန်း မှာ (၄.၅၆၆)ဧကရှိသည်။ ပြင်ပလူနာပြသနိုင်သောအချိန်ဇယား ပြင်ပလူနာများအား နေ့စဉ် နံနက်( ၁၀:၀၀ )နာရီ မှ နေ့လည်( ၁၂:၀၀ )နာရီအထိ ကုသစောင့်ရှောက်မှု ပေးလျှက်ရှိပါသည်။
အရိုးရောဂါအထူးကုဆေးရုံကြီး၊မန္တလေးမြို့

ဆေးရုံတည်နေရာနှင့် ဓါတ်ပုံ မြို့သစ် (၁)ရပ်ကွက်၊ ၁၀၄လမ်း x ၁၀၅လမ်းကြား၊ ၆၂လမ်းပေါ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ဆေးရုံသမိုင်းအကျဉ်း အထက်မြန်မာပြည် မန္တလေးမြို့၌ အရိုးရောဂါအထူးကုဆေးရုံသစ်ကြီး ဖြစ်ထွန်းလာ စေရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ (၃.၁၁.၂၀၀၄)ရက်နေ့တွင် အောင်ကောင်းကျော်ဆောက်လုပ်ရေးကုမ္ပဏီမှ အဆောင်(အေ)နှင့် (ဘီ)ကို တာဝန်ယူ တည်ဆောက်ခဲ့ရာ (၂၀၁၀)ခုနှစ်တွင် ပြီးစီးသဖြင့် (၂၇.၆.၂၀၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ တိုးချဲ့ဆောင် (စီ)နှင့် (ဒီ) ဆောက်လုပ်ရန် ခွင့်ပြုပါသဖြင့် ကြယ်စင်မင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ရာ (၂၀၁၅)ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ Imaging Complex (၂)ထပ်အဆောက်အဦးကို ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအဆောက်အဦးအထူးဖွဲ့(၆)၊ တည်ဆောက်ရေး(၂)မှ […]
ပျဉ်းမနားမြို့၊ခုတင်(၂၀၀)ဆေးရုံကြီး

ခုတင်(၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ပျဉ်းမနားမြို့ တည်နေရာ ပျဉ်းမနားမြို့သည် ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်းတွင်ရှိပြီး နေပြည်တော်ပျဉ်းမနားမြို့၊ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသည် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်အုပ်စု၊ နယ်မြေ(၁၉)၊ တပ်ကုန်းရပ်ကွက် လယ်ဝေးလမ်းဟောင်းကြား“မြင်းရတနာ” နှင့် “ရှမ်းကန်” ဟုခေါ်တွင်သော နေပြည်တော် ပျဉ်းမနားစည်ပင်သာယာရေးကော်မတီရုံးတည်ရှိရာ “မင်္ဂလာကန်တော်ခန်းမ”အနီးတွင်တည်ရှိပါသည်။ စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ် ဆေးရုံတည်ဆောက်ရေးသမိုင်း ၁၉၃၃-၁၉၄၅ – ဘုံဘေဘားမားဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၀ – ၁၆-ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၂ – ၂၅-ခုတင်ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၈၃ – ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀.၁၂.၁၉၉၁ – ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ […]
