နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ ပြည်သူလူထုထံ အသိပေးလိုသောအချက်များ

ပြည်သူလူထုထံ အသိပေးလိုသောအချက်များ

            နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ အရိုးအကြောရောဂါလူနာများနှင့် ထိခိုက်ဒဏ်ရာလူများအား လက်ခံ၍ ဌာနမှူးပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများမှလိုအပ်သော ကုသမှုများနှင့် ခွဲစိပ်ကုသမှုများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။

        ရောဂါရှာဖွေရေးနှင့်ပတ်သက်၍လည်း ဓါတ်ခွဲဌာနမှ  Haematology၊ Biochemistry၊ Serology၊Microbiology၊Histopathology စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်း များဆောင်ရွက်ပေးလျှက်ရှိပါသည်။

        ဓါတ်မှန်ဌာနမှလည်း 128 Slice CT Scan၊ 0.4. Tesla MRI ၊ Digital X-ray ၊ Mannual X-ray ၊ Ultrasound စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးလျှက် ရှိပါသည်။

နေပြည်တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့ များတွင် လူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးပါသည်။

အကြောအဆစ်ဌာနမှလည်း လူနာများအား  APT (Active Passive Trainer)၊ Ergocycle ၊ E.S(Electrical Stimulation)၊ Infra-red ၊ Laser ၊ Paraffin Wax Bath ၊  Shortwave Therapy ၊ TENS ၊ Exercise Therapy တို့ဖြင့် ကုသပေးလျှက်ရှိပါသည်။

ပြင်ပလူနာပြသနိုင်သော အချိန်ဇယား

စဉ်နေ့ရက်ပြင်ပလူနာပြသနိုင်သောအချိန်မှတ်ချက်
၁။တနင်္လာနံနက် ၀၈:၀၀ မှ မွန်းလွဲ ၁၂:၀၀ ထိ 
၂။သောကြာနံနက် ၀၈:၀၀ မှ မွန်းလွဲ ၁၂:၀၀ ထိ 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top