တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်ဆေးရုံနှင့် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center တို့သို့ ကွင်းဆင်းသွားရောက်ခြင်း

ပဲခူး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁)ရက်

ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။

ကွင်းဆင်းအဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်း၊ ပြည်သူ့ကျန်းရေးပညာရှင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားမှုများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၎င်းတို့၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။

ဆက်လက်၍ လက်ပံတန်းမြို့နယ်ဆေးရုံ၏ COVID-19 ရောဂါ သံသယလူနာများနှင့် အတည်ပြု လူနာများ ကုသပေးနေမှု၊ ခွဲစိတ်ခန်းပါ တိုးချဲ့၂-ထပ်ဆောင် တည်ဆောက်နေမှု၊ ၃-ထပ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်မည့်မြေနေရာ တို့သို့ ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။

 

ကွင်းဆင်းအဖွဲ့သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နေ့လည်ပိုင်းတွင် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center သို့ ရှောင်တခင် ဝင်‌ရောက်ကြီးကြပ်ခဲ့ရာ Q ဝင်နေသူများအား မြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စနစ်တကျ ထားရှိခြင်း၊ Swab ယူ စစ်ဆေးနေခြင်းတို့ကို တွေ့ရှိခဲ့ရပြီး Volunteer အဖွဲ့များမှလည်း ကျန်းမာရေးဌာန၏ လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိခဲ့ရပါသည်။


Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top