Video Conferencing on Hospital Preparedness for COVID-19 ကျင်းပပြုလုပ်ခြင်း

ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ Video Conferencing on Hospital Preparedness for COVID-19 ကို ၂၀၂၀-ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံများနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါ Video Conferencing တွင် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက်နှင့်အညီ COVID-19 ရောဂါ ကုသရေး/ကာကွယ်ရေးအတွက် ပြည်သူ့ဆေးရုံကြီး များ၏ လုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ဆေးရုံသုံးပစ္စည်းလိုအပ်ချက်များကို စဉ်ဆက်မပြတ်ဆန်းစစ်၍ တင်ပြရန်နှင့် ဖြည့်ဆည်းရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးဘေးအန္တရာယ်ကဲ့သို့ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များ ကာကွယ်ရေးတို့အတွက်လည်း သတိပြုကာ လစ်ဟင်းမှုမရှိစေလိုပါကြောင်း၊ မဖြစ်မနေဆောင်ရွက်ရမည့် မူလဆေးကုသမှု လုပ်ငန်းများ ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံအလိုက် ဆွေးနွေးတင်ပြစေလိုပါ ကြောင်း၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က ဆေးရုံများမှ COVID-19 လူနာများ ဆိုင်ရာ လူနာသတင်းပေးပို့မှုကို ပြည့်ပြည့်စုံစုံနှင့် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်ကို ကျေးဇူး တင်ရှိပါကြောင်း၊ ယခုကဲ့သို့ပင် ဆက်လက် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ COVID-19 ရောဂါ အပြင် အခြားကူးစက်နိုင်သော ရောဂါများ၏ အန္တရာယ်ကိုပါ ကာကွယ်နိုင်ရန်အတွက် Infection Prevention and Control လုပ်ငန်းများ ဆက်လက်အားဖြည့် ဆောင်ရွက်ရန်နှင့် လူနာ ဘေးကင်းလုံခြုံရေးဆိုင်ရာလုပ်ငန်း များကိုလည်း အရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်စေ လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်သူ့ဆေးရုံများမှ COVID-19 ရောဂါကုသရေးလုပ်ငန်းများ၊ သံသယ လူနာများ တက်ရောက်မှုနှင့် ထားရှိမှုအခြေအနေ၊ မူလဆေးကုသရေးလုပ်ငန်းများ ပြန်လည် စတင်မှုအခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးကြကာ Video Conferencing ကို နေ့လယ် (၁၂:၁၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top