Standard Operating Procedure (SOP) နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ခြင်:

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၅)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် Video Conferencing အနေဖြင့် ကျင်းပပြုလုပ် ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို သုံးသပ်ဆွေးနွေးရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ တင်ပြနိုင်ရေး ရေးဆွဲထားရှိပြီး ဖြစ်သော SOP နှင့် Guidelines များကို အပြီးသတ်ပြင်ဆင်ရန်၊ မြို့နယ် ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် လက်တွေ့ကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများ ဖြစ်စေရေး ညှိနှိုင်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ဘာသာရပ်အလိုက် အပြီးသတ်ပြင်ဆင်တည်းဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကာ အစည်းအဝေးကို ညနေ (၃:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top