မကွေးတိုင်းဒေသကြီးခရီးစဉ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသီတာလှသည် (၂၁-၂-၂၀၂၀) ရက်နေ့၊ ညနေ(၄:၀၀) နာရီတွင် ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့၌  တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ COVID-19 အတွက် Hospital Preparedness အခြေအနေကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။

(၂၂-၂-၂၀၂၀)ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ခရိုင်ပြည်သူ့ဆေးရုံ၊ သရက်မြို့သို့ ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဝန်ထမ်းများ ရုံးတက်/ရုံးဆင်း လက်မှတ် ထိုးရန်၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်၊  တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is medicine) ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်ရန်၊ အင်္ဂလိပ်စာ တိုးတက်ရေး လေ့လာမှတ်သားကြရန် နှင့် patient safety ကို ဦးတည်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

၄င်းနောက် (၂၃-၂-၂၀၂၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သရက်အကျဉ်းထောင်သို့ သွားရောက် လေ့လာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အ‌ခြေအနေများ ဆွေးနွေးခြင်း၊ ကူးစက် ရောဂါမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ အထူးသဖြင့် နှာချေချောင်းဆိုးသောအခါ အခြားသူများ မကူးစက်စေရန် မည်ကဲ့သို့ ပြုလုပ်ရမည်ကို လက်တွေ့သင်ကြား ပေးစေရေးအတွက် အကြံပြုခဲ့ပါသည်။

ထို့နောက် (၂၃-၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ မင်းလှမြို့သို့ ရောက်ရှိခဲ့ပြီး ဆေးရုံတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံ၏စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်စေရန်၊ ဆေးရုံသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top