အမျိုးအစား
ကြယ်ပွင့်မပြ
မေးမြန်းသူ / ရက်စွဲ
ဦးစိုးဝင်း(မိုးညှင်းမဲဆန္ဒနယ်)
ရက်စွဲ
28/7/2026
မေးမြန်းချက်
မိုးညှင်း ခုတင် ၁၀၀၀ ဆံ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း မိုးညှင်းမြို့သည် မြစ်ကြီးနား-မန္တလေး ကားလမ်း၊ ရထားလမ်းဖြတ်သန်းရာ မြို့တစ်မြို့ ဖြစ်ပြီး ဧရိယာစတုရန်းမိုင် ၂,၅၇၈.၅၁ ကျယ်ဝန်းပါကြောင်း၊ အရှေ့ဘက်တွင် မိုးကောင်းနှင့် ရွှေကူ မြို့နယ်၊ တောင်ဘက်တွင် အင်းတော်မြို့နယ်၊ အနောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်၊ မြောက်ဘက်... မိုးညှင်း ခုတင် ၁၀၀၀ ဆံ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုးညှင်းမြို့သည် မြစ်ကြီးနား-မန္တလေး ကားလမ်း၊ ရထားလမ်းဖြတ်သန်းရာ မြို့တစ်မြို့ ဖြစ်ပြီး ဧရိယာစတုရန်းမိုင် ၂,၅၇၈.၅၁ ကျယ်ဝန်းပါကြောင်း၊ အရှေ့ဘက်တွင် မိုးကောင်းနှင့် ရွှေကူ မြို့နယ်၊ တောင်ဘက်တွင် အင်းတော်မြို့နယ်၊ အနောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်၊ မြောက်ဘက် တွင် ဖားကန့် မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါကြောင်း၊ ကားဖြင့် မြစ်ကြီး နား၊ ဖားကန့်၊ မိုးကောင်း၊ နဘား၊ ကသာ၊ အင်းတော်၊ မန္တလေး စသည့် မြို့များသို့လည်းကောင်း၊ ယခင်က မီးရထားဖြင့် မန္တလေး၊ မြစ်ကြီး နားမြို့များသို့လည်းကောင်း ရာသီမရွေး သွားလာနိုင်ခဲ့ပါကြောင်း၊ မြို့ပေါ် ရပ်ကွက် ၂၂ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၈ အုပ်စု၊ အိမ်ခြေ ၃၉,၈၃၉ အိမ်၊ အိမ်ထောင်စု ၅၅,၅၉၄ စု၊ လူဦးရေ ၂၃၀,၃၅၂ ဦးရှိပြီး လူဦးရေ တိုးနှုန်းသည် ၄.၅၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ယခုအခါ မိုးညှင်းမြို့သည် ခရိုင်မြို့အဖြစ်သို့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် ၃ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ကချင်ပြည်နယ်အတွင်း လူဦးရေအများဆုံးခရိုင်ဖြစ်ကာ စိုက်ပျိုးရေး ကိုအဓိက လုပ်ကိုင်သော စပါးကျီမြို့လည်းဖြစ်ပါကြောင်း၊ ၎င်းအပြင် တခြားသီးနှံစိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများဖြင့် စီးပွားရေးဖွံ့ဖြိုးသောမြို့လည်း ဖြစ်ပါ ကြောင်း၊ ပညာရေးကို အထူးအားပေးသောမြို့ဖြစ်၍လည်း အနယ်နယ်အရပ်ရပ်မှ လာရောက် ပညာသင်ကြားကြသော ကျောင်းသားကျောင်းသူဦးရေ အလွန်များပြားပါကြောင်း၊ တက္ကသိုလ် တစ်ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၁ ကျောင်း၊ အထက်တန်းကျောင်း ၂၂ ကျောင်း၊ အလယ်တန်း ကျောင်း ၁၉ ကျောင်း၊ မူလတန်းကျောင်း ၁၆၁ ကျောင်းရှိပြီး နယ်မြေခံတပ်ရင်း ၁၂ ရင်းရှိ ပါကြောင်း။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ပြည်သူ့ဆေးရုံသည် မြေဧရိယာအကျယ်အဝန်း ၄.၆ ဧကပေါ်၌ ၁၉၆၁ ခုနှစ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ၊ ၁၉၇၈ ခုနှစ်တွင် ခုတင် ၅၀ ဆံ့ဆေးရုံ၊ ၂၀၀၅ ခုနှစ်တွင် ခုတင် ၁၀၀ ဆံ့ ခရိုင်အဆင့်အဖြစ်သို့ အဆင့်ဆင့်တိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း၊ ယခုအခါ လုံခြုံရေးအရ အနယ်နယ်အရပ်ရပ်မှ ယာယီနေရပ်စွန့်ခွာသူများသည်လည်း စီးပွားရေး နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့ဖြစ်သည်နှင့်အညီ လာရောက် အခြေချ နေထိုင် ကြသော လူဦးရေမှာလည်း လွန်စွာ များပြားလာပါကြောင်း၊ ထို့ကြောင့် ဖွင့်လှစ်ထားသော ခုတင် ၁၀၀ ဆံ့ဆေးရုံသို့ လာရောက်ပြသ၊ ကုသအားကိုးမှုသည် တစ်နေ့ထက်တစ်နေ့ ပိုမို တိုးတက် များပြားလာကာ လူနာဆောင် အသီးသီးတွင် လူနာများပြည့်လျှံ၍ ခွင့်ပြုခုတင်အရေအတွက်ထက် ကျော်လွန်နေသည်မှာ နှစ်အတန် ကြာရှိလာခဲ့ ပြီဖြစ်ပါကြောင်း။
မိုးညှင်းခရိုင်ဆေးရုံသည်ခုတင်၁၀၀ဆံ့ဆေးရုံနှင့်ညီမျှသောအထူးကုဆရာဝန်ကြီး များသာရှိ ၍ တခြားအထူးကုဆရာဝန်ကြီးများ အစုံအလင်မရှိသည့်အတွက် ကျန်းမာရေးစောင့် ရှောက် မှုပြုရာတွင် အခက်အခဲများစွာ ရှိနေပါကြောင်း၊ အရေးပေါ်အခြေအနေဖြစ်၍ သွားရောက်ရပါက အနီးဆုံး မိုင် ၁၀၀ ကွာဝေးသော မြစ်ကြီးနားဆေးရုံကြီး၊ ၁၉၅ မိုင်ကွာဝေးသော ရွှေဘို ခုတင် ၂၀၀ ဆံ့ ဆေးရုံများသို့သာ သွားနိုင်ပါကြောင်း၊ ယခုအခါ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများအရ သွားလာရန် အခက်အခဲများရှိနေပြီး မဆုံးရှုံးသင့်သော အသက်များ ဆုံးရှုံးနေရပကြောင်း၊ အကယ်၍ မိုးညှင်း ခရိုင်ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ပါက ယခု လက်ရှိ မြေနေရာနှင့်ပင် အဆောက်အဦဆောက်လုပ်ရန် လုံလောက်လျက်ရှိပြီး ကောလင်းခရိုင်၊ ကသာ ခရိုင်၊ မိုးညှင်းခရိုင်များရှိဒေသများမှ ပြည်သူများစွာ ကျန်းမာရေးစောင့်ရှောက်မှုကို ကောင်းမွန်စွာ ခံယူနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ကျန်းမာရေး၊ ကုသရေးဆိုင်ရာ လိုအပ်ချက်များ အရ လည်းကောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြုစေရန်အတွက်လည်းကောင်း၊ ဌာန ဆိုင်ရာ နှင့် အများပြည်သူများ ပိုမိုထိရောက်ကျယ်ပြန့်စွာ ကုသစောင့်ရှောက်ပေး နိုင်ရန် အတွက် လည်းကောင်း ရည်ရွယ်လျက် မိုးညှင်းခုတင် ၁၀၀ ဆံ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် လူဦးရေ ၃၀၀,၀၉၃ ဦးရှိပြီး ခုတင် ၁၀၀ ဆံ့ မိုးညှင်း ပြည်သူ့ဆေးရုံ၊ လုံးတုံ၊ နန့်မွန်း၊ ဟိုပင်၊ နန်းမား၊ လွဲမွန်၊ ချောင်းဝတိုက်နယ်ဆေးရုံ ၆ ရုံ၊ မိခင် ကလေးကျန်းမာရေးဌာန၊ တိုက်နယ်နှင့်ကျေးလက်ကျန်းမာရေးဌာန ၆ ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၉ ခုတို့ဖြင့် မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု... ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် လူဦးရေ ၃၀၀,၀၉၃ ဦးရှိပြီး ခုတင် ၁၀၀ ဆံ့ မိုးညှင်း ပြည်သူ့ဆေးရုံ၊ လုံးတုံ၊ နန့်မွန်း၊ ဟိုပင်၊ နန်းမား၊ လွဲမွန်၊ ချောင်းဝတိုက်နယ်ဆေးရုံ ၆ ရုံ၊ မိခင် ကလေးကျန်းမာရေးဌာန၊ တိုက်နယ်နှင့်ကျေးလက်ကျန်းမာရေးဌာန ၆ ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၉ ခုတို့ဖြင့် မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံ၏ စိစစ်ချက်အရ တစ်နေ့ ပျမ်းမျှအတွင်းလူနာဦးရေ ၅၄ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်း ၅၄ ရာခိုင်နှုန်းပဲ ဖြစ်ပါကြောင်း၊ တင်ပြသွားသည့်အထဲတွင် ပြင်ပလူနာများပါ ပါဝင်သည်ဟု မိမိယူဆပါကြောင်း၊ အတွင်းလူနာဦးရေ ၅၄ ရာခိုင်နှုန်းသာရှိသည့်အတွက် ခွင့်ပြုခုတင်အရေအတွက်ထက် စဉ်ဆက် မပြတ် ကျော်လွန်နေမှသာလျှင် ခုတင်အဆင့်မြှင့်တင်ခြင်းကို ဦးစားပေးဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မိုးညှင်းပြည်သူ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုး မြှင့်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဆေးရုံခုတင်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် ဝန်ထမ်းအင်အားဖြည့်တင်းခြင်းကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးညှင်းခရိုင် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ် ၁ ဦး နှင့် အထူးကုဆရာဝန်များအနေဖြင့် ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ သွားကျန်းမာနှင့် အရိုးအထူး ကုတို့ ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ ထပ်မံ၍ လက်ထောက်ဆရာဝန် အထူးကုဆေးပညာနှင့် မေ့ဆေး တို့ကို ထပ်မံခန့်ထားပေးရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ခွဲစိတ်ဆရာဝန် အနေ ဖြင့်လည်း အကြီးစားခွဲစိတ်မှုများကို ဆောင်ရွက်နေနိုင်သည်ကို ကိန်းဂဏန်း အချက်အလက် များနှင့် စိစစ်ချက် အရ တွေ့ရှိရပါကြောင်း၊ ကျန်ရှိသည့် အထူးကုဆရာဝန်များကိုလည်း ဆက်လက ခန့် ထားနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလအတွင်း ၁၅ ရက်နေ့တွင် လက်ထောက်ဆရာဝန် ၂ ဦးကိုလည်း ထပ်မံဖြည့်တင်း ခန့်ထား ပေးပြီး ဖြစ်သည့်အပြင် သူနာပြု သစ်လွင် ၆ ဦးကိုလည်း ဇွန်လ ၂၂ ရက်၊ ယခုနှစ်အတွင်း ခန့်အပ် ဖြည့်တင်း ပေးနိုင်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများကို ယခုထက် ပိုမို ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)
ရက်စွဲ
28/7/2026
မေးမြန်းချက်
ရွှေတောင်မြို့နယ်တွင် တိုင်းရင်းသမားတော် ဆေးကုသဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ တိုင်းရင်းသားဆေးကောင်စီညီလာခံ များဖြစ်စေ၊ မြန်မာနိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားချက်များအရ တိုင်းရင်းဆေးပညာ ထွန်းကားတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ရွှေတောင်မြို့နယ်သည် မြို့နယ်ဧရိယာ အလွန်ကျယ်ဝန်းပြီး လူဦးရေလည်း ထူထပ် များပြား လှပြီး မြန်မာပြည်အနှံ့အပြားမှ လာရောက်အလုပ်လုပ်ကြသည့် ရွှေတောင်ချည်မျှင်... ရွှေတောင်မြို့နယ်တွင် တိုင်းရင်းသမားတော် ဆေးကုသဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ တိုင်းရင်းသားဆေးကောင်စီညီလာခံ များဖြစ်စေ၊ မြန်မာနိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားချက်များအရ တိုင်းရင်းဆေးပညာ ထွန်းကားတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ရွှေတောင်မြို့နယ်သည် မြို့နယ်ဧရိယာ အလွန်ကျယ်ဝန်းပြီး လူဦးရေလည်း ထူထပ် များပြား လှပြီး မြန်မာပြည်အနှံ့အပြားမှ လာရောက်အလုပ်လုပ်ကြသည့် ရွှေတောင်ချည်မျှင် နှင့်အထည် စက်ရုံတွင် လုပ်သားအင်အား ထောင်ဂဏန်းမျှရှိပြီး ၎င်းတို့အသီးသီးကို မှီခိုအားထားပြီး အတူနေ မိသားစု လူဦးရေသည် သောင်းဂဏန်းအထိ တိုးတက်နေပါကြောင်း၊ ရွှေတောင်မြို့၊ ဆည်ကြီးကုန်း အုပ်စုနှင့် သရက်တောရပ်ကွက်ကြားရှိ ရွှေတောင်-ပြည်ကားလမ်း ဝဲ/ယာတွင် အောင်မြေသာ ရပ်ကွက်နှင့် စံပြ ရပ်ကွက်ဟူ၍ ရပ်ကွက်ကြီး ၂ ခုစာ တိုးချဲ့နေထိုင်ကြပါကြောင်း၊ မြို့နယ် အကျယ်အဝန်း ဧရိယာ စတုရန်းမိုင်ပေါင်း ၂၈၃.၉၄ မိုင်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၁ ခု၊ ကျေးရွာခွဲပေါင်း ၂၉၇ ရွာရှိပြီး နယ်ဘက်ရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ဆင်းရဲသား၊ တောင်သူ လယ်သမားအများစုသည် လယ်ယာသီးနှံကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပါကြောင်း၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်မွေးမြူကြသူ တချို့ရှိကြပြီး ကျယ်ဝန်းသော မြို့နယ်အတွင်း အင်းအိုင်များ ပေါများ သည့်အပြင် ဧရာဝတီ မြစ်ရိုး တစ်လျှောက်သည် မြို့နယ်၏ နံဘေးတွင် တည်ရှိသည့်အတွက် ငါးဖမ်း လုပ်ငန်းများနှင့် အသက် မွေးဝမ်းကျောင်းပြုသူ ရေလုပ်သားများစွာလည်း ရှိကြပါကြောင်း၊ မြစ် အတွင်း ပေါ်ထွန်းနေသည့် ကျွန်းကြီး၊ ကျွန်းငယ်တို့သည်လည်း ရွာများတည်ပြီး ကျွန်း၊ ကိုင်း စိုက်ပျိုးသည့် တောင်သူ လယ်သမားများစွာလည်း ရှိကြပြီး မြို့ပေါ်နှင့် နယ်ဘက်အနှံ့ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက် စသည့် အလတ်စားစက်ရုံ၊ အလုပ်ရုံများစွာလည်း ရှိပါကြောင်း။
စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများစွာအပြင် တခြားအသေးစား၊ အငယ်စား အိမ်တွင်း စက်မှုထုတ်ကုန်လုပ်ငန်းများစွာလည်းရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများအတွက်လည်း ပန်းရံ လုပ်သား များ၊ လက်သမားလုပ်သားများ များစွာရှိကြပြီး ရှေးယခင်ကတည်းက မိရိုးဖလာ လုပ်ငန်း ဖြစ်သည့် လက်ယက်ကန်း၊ စက်ယက်ကန်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသည့် ယက်ကန်း လုပ်သား များစွာ လည်း ရှိခဲ့ကြသည့်အတွက် လူဦးရေထူထပ်များပြားလှပါကြောင်း၊ မြို့ပေါ်ရှိ ဆေးရုံ ၁ ရုံနှင့် တောနယ်ဘက်ရှိ ဆေးရုံ ၂ ရုံရှိပြီး မြို့ပေါ်ဆေးရုံသည် ကုတင် ၅၀ လောက်သာရှိပြီး နယ်ဘက် ဆေးရုံများသည် ၁၅ ကုတင်ဆံ့ဆေးရုံငယ် ၂ ရုံသာရှိပါကြောင်း၊ လုံလောက်မှုမရှိ ဖြစ်နေပါကြောင်း၊ ထို့အပြင် ပြည်သူအများစုသည် ပညာအရည်အချင်းချို့တဲ့ပြီး ဗဟုသုတအကြားအမြင်လည်း နည်းပါး ကြသည့်အတွက် ခေတ်မီဆေးပညာအပေါ် နားလည်မှုအားနည်းပါကြောင်း၊ ဆေးထိုးဆေးမှား ဖြစ်ပြီး ဒုက္ခရောက်မည်ကိုလည်း ကြောက်ကြပါကြောင်း၊ စရိတ်မျှပေး ကျန်းမာရေးဆိုသည့် ဆောင်ပုဒ် နှင့်အညီ ဆေးရုံဆေးခန်းများ တက်ရောက်ခဲ့ကြသည့်အခါ အများစုသည် ဆေးဝါး များကို ပြင်ပဆေးဆိုင်မှ ဈေးကြီးပေးပြီး ဝယ်ကြရသည့်အခါ ဆင်းရဲသား တောင်သူလယ်သမား များကကြောက်ကြပါကြောင်း၊ နိုင်ငံခြားမှတင်သွင်းလာသည့် ဆေးအများစုသည် တန်ဖိုး ကြီးမား ပြီး ပြည်သူ အများစု မတတ်နိုင်ကြသည့်အတွက် မိရိုးဖလာ တိုင်းရင်းဆေးဝါးများ အပေါ် အားထား မှီခိုမှုများ ဖြစ်လာကြပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်တွင် တိုင်းရင်းဆေးဝါးကုသသည့် သမား တော်များ နှင့် တိုင်းရင်းဆေးကုသဆေးရုံကြီးတစ်ခု အမြန်တည်ဆောက်ပေးရန်အတွက် ဆန္ဒ သဘောထားများစွာကို ပြည်သူအများစုမှ တင်ပြလာကြကြောင်း။
သို့ဖြစ်ပါ၍ ၂၀၁၀-၂၀၁၅ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းကာလတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါက်တာမြဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြင့် နှင့် တခြားသော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများမှ ပူးပေါင်း၍ ရွှေတောင်မြို့၊ တည်ကုန်းရပ်၊ မင်းကွန်းကျေးရွာအုပ်စုတွင် ကျွန်းနှစ်ထောင်ဘုရားနှင့် ညောင်စေး-ကြီးသဲ-သရုပ် မှော် စသည့် လမ်းဆုံအား ကတ္တရာလမ်းသွားရာတွင် ကတ္တရာ လမ်းမကြီး နှင့်နီးပြီး မြို့နှင့်လည်း နီးစပ်နေသည့်နေရာတွင် တိုင်းရင်းဆေးရုံကြီး ၁ ရုံ တည်ဆောက်ပေးနိုင်ရန် အတွက် မြို့ပေါ်ဆေးရုံ နှင့် ၁ မိုင်ခန့်အကွာတွင် အဆင်သင့်ဖြစ်စေရန် မြေနေရာကို အကျယ် အဝန်း ပြည့်စုံစွာနှင့် တရားဝင် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဖွဲ့အစည်းပေါင်းစုံနှင့် မြို့နယ်၏ လူကြီး၊ မြို့မမြို့ဖများနှင့် ကိုယ်စားလှယ်တော်များ ဆောင်ရွက်ပေးမှုကြောင့် ရွှေတောင်မြို့နယ် မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးတို့၏ ခွင့်ပြုချက်နှင့် အဆိုပါ နေရာတွင် မြေဧက ၁.၉၆၂ ဧကခန့် လယ်မြေကို သက်ဆိုင်ရာဌာနများမှ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့် လည်းရရှိပြီး ဖြစ်ပါကြောင်း၊ ထိုအချိန်က ဇီးကုန်းမြို့နယ်အတွက် ဆောင်ရွက်ပေးပြီးလျှင် ရွှေတောင်မြို့နယ် အတွက် တိုင်းရင်းဆေးရုံကြီး တည်ဆောက်ပေးမည်ဆိုသည့် ကတိရှိသော် လည်း
ဇီးကုန်းဆေးရုံ ကြီးသာ ပြီးသွားပြီး ရွှေတောင်မြို့နယ်အတွက် မရရှိခဲ့ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းဖြစ်သည့် ၂၀၁၅ တွင် ထပ်မံတင်ပြခဲ့ရာ ပေါက်ခေါင်း မြို့နယ် အတွက်ရရှိသွားခဲ့သော်လည်း ရွှေတောင်မြို့နယ်အတွက် မရရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ တတိယ အကြိမ် လွှတ်တော်သက်တမ်းတွင် ဒေသနေ၊ မြို့ပြနေ ကျေးလက်ပြည်သူအများစု၏ ဆန္ဒနှင့်အညီ ယခင်က တင်ပြခွင့်ပြုထား ပြီးဖြစ်သော တိုင်းရင်းဆေးသမားတော်ဆေးဝါးကုသဆေးရုံကြီးအား တိုင်းရင်းသမားတော်ကြီးများ နှင့်အတူ တည်ဆောက်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီ အစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စိစစ်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် တိုင်းရင်းဆေးရုံ တည်ဆောက်ရန်အတွက် လယ်မြေဧက ၁.၉၆ ဧကအား မြို့မိမြို့ဖများထံမှ လှူဒါန်းရရှိခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန အမည်ပေါက်ပြောင်းလဲနိုင်ရေးနှင့် လယ်ယာမြေမှ အခြားနည်းလမ်းအသုံးပြုခွင့်အား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနသို့ လျှောက်ထားဆဲ ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်ရာတွင် လူဦးရေသိပ်သည်းမှုအခြေအနေ၊ လိုအပ်သော မြေဧရိယာ အကျယ်အဝန်းအတွက်... ကျန်းမာရေးဝန်ကြီးဌာန၏ စိစစ်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် တိုင်းရင်းဆေးရုံ တည်ဆောက်ရန်အတွက် လယ်မြေဧက ၁.၉၆ ဧကအား မြို့မိမြို့ဖများထံမှ လှူဒါန်းရရှိခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန အမည်ပေါက်ပြောင်းလဲနိုင်ရေးနှင့် လယ်ယာမြေမှ အခြားနည်းလမ်းအသုံးပြုခွင့်အား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနသို့ လျှောက်ထားဆဲ ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးကုဌာနများ တိုးချဲ့ဖွင့်လှစ်ရာတွင် လူဦးရေသိပ်သည်းမှုအခြေအနေ၊ လိုအပ်သော မြေဧရိယာ အကျယ်အဝန်းအတွက် ဌာနပိုင်အမည်ပေါက်ရရှိမှု၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ မြန်မာ့ တိုင်းရင်းဆေးအား နယ်မြေခံလူထု၏ ယုံကြည်အားထားမှု စသည့်အချက်အပေါ် အခြေခံ၍ တစ်ပြည်လုံးအတိုင်းအတာနှင့် ခြုံငုံစဉ်းစား၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စီမံလျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
တစ်နိုင်ငံလုံးတွင် တိုင်းရင်းဆေးရုံပေါင်း ၄၈ ရုံသာ ဖွင့်လှစ်နိုင်သေးပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၈ ရုံနှင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ၇ ရုံနှင့် ဒုတိယအများဆုံး ဖြစ်ပါကြောင်း၊ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် တိုင်းရင်းဆေးပညာရှင်၊ တိုင်းရင်းဆေးသမား တော် ၇၈၀ ဦးသာ ခန့်အပ်တာဝန်ပေးနိုင်ခြင်းရှိသေးပါကြောင်း၊ လက်ရှိ ရွှေတောင်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးဌာန ဆေးခန်းတစ်ခန်းကို ဖွင့်လှစ်ထားရှိပါကြောင်း၊ ဆေးကုသခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်ပျမ်းမျှ လူနာ ၁၅ ဦးခန့် လာရောက် ကုသမှုခံယူ နေပါကြောင်း၊ ရွှေတောင်မြို့မှ ၂၅ ခုတင်ဆံ့တိုင်းရင်းဆေးရုံရှိသည့် ပြည်မြို့နှင့် ၉ မိုင် ခန့်သာ ကွာဝေး ပြီး ရထားလမ်း၊ ကားလမ်းဖြင့် အချိန် ၂၀ မိနစ်အတွင်း သွားရောက်နိုင်သည့် အခြေအနေရှိပါကြောင်း၊ ထို့ကြောင့် လတ်တလော ရွှေတောင်မြို့တိုင်းရင်းဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ် မရှိသေးပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးစောဟေသားကြီး(သံတောင်ကြီးမဲဆန္ဒနယ်)
ရက်စွဲ
13/7/2026
မေးမြန်းချက်
သံတောင်မြို့သစ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်မှုရှိ မရှိ၊ ရှိပါက မည်သည့် အချိန်တွင် ဖွင့်လှစ်မည်နှင့် မရှိပါက အဘယ်ကြောင့်မဖွင့်နိုင်ကြောင်းကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ပြည်သူ့ဆေးရုံကို ၁၉၆၅ ခုနှစ်ကတည်းက တည်ဆောက် ဖွင့်လှစ်ခဲ့ပြီး ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်ပြီး ယခင်မြို့နယ်ဆေးရုံကြီးလည်းဖြစ်ခဲ့ပါကြောင်း၊ ဆေးရုံအကျယ် အဝန်းသည် ၉.၉၃ ဧက ရှိပါကြောင်း၊ သံတောင်မြို့လူဦးရေ... သံတောင်မြို့သစ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်မှုရှိ မရှိ၊ ရှိပါက မည်သည့် အချိန်တွင် ဖွင့်လှစ်မည်နှင့် မရှိပါက အဘယ်ကြောင့်မဖွင့်နိုင်ကြောင်းကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ပြည်သူ့ဆေးရုံကို ၁၉၆၅ ခုနှစ်ကတည်းက တည်ဆောက် ဖွင့်လှစ်ခဲ့ပြီး ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်ပြီး ယခင်မြို့နယ်ဆေးရုံကြီးလည်းဖြစ်ခဲ့ပါကြောင်း၊ ဆေးရုံအကျယ် အဝန်းသည် ၉.၉၃ ဧက ရှိပါကြောင်း၊ သံတောင်မြို့လူဦးရေ ၈,၀၀၀ ကျော်ရှိပြီး ပတ်ဝန်း ကျင်ကျေးရွာ ၁၀ ရွာမှ ပြည်သူများ အားကိုးကုသရသော ဆေးရုံကြီးလည်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဝန်ထမ်း အင်အားစာရင်း ၂၅ ဦးရှိသည်ကို သိရှိရပါကြောင်း၊ ထိုဆေးရုံသည် ဆေးသိုလှောင်ရုံ၊ အမျိုးသမီး လူနာဆောင်၊ ခွဲစိတ်ဆောင်၊ အမျိုးသားလူနာဆောင်၊ ဝန်ထမ်းအိမ်ရာ(၁)(၂)၊ ဆေးရုံဆရာ ဝန်နေအိမ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာအသစ် ၄ ထပ်ဆောင် တစ်ဆောင်ရှိပါကြောင်း။
ဖေဖော်ဝါရီလ ၈.၂.၂၀၂၁ ရက်မှစ၍ မြို့နယ်ဆရာဝန်ကြီးအပါအဝင် ဝန်ထမ်းအားလုံး CDM လုပ်သွားကြသဖြင့် ထိုဆေးရုံကြီးကို ယခုအချိန်အထိ ပိတ်ထားရပါကြောင်း၊ ထိန်းသိမ်းစောင့်ရှောက်သူ မရှိတော့သဖြင့် မသမာသူများသည် ဆေးရုံမှပစ္စည်းဖြစ်သော ခွဲစိတ်ပစ္စည်းများ၊ သွားဘက်ဆိုင်ရာ ပစ္စည်းများ၊ သိုလှောင်ထားသော ဆေးများ၊ ဓာတ်မှန်ပစ္စည်းများ၊ မီးကြိုးများ၊ ရေမော်တာများ၊ မီးစက် ဒိုင်နမိုများ ခိုးယူခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် သံတောင်ကြီးမြို့နှင့် ပတ်ဝန်းကျင်တစ်ဝိုက် အကြမ်း ဖက် လက်နက်ကိုင်များနှင့် တပ်မတော်စစ်ကြောင်းများ မကြာခဏ ပစ်ခတ်မှုကြောင့် ပြည်သူများ စစ်ဘေးရှောင်ခဲ့ရပါကြောင်း၊ ယခုအခါ ပြန်လည်တည်ငြိမ်စပြုလာပြီဖြစ်သဖြင့် ပြည်သူများ နေရပ်သို့ ပြန်လည်နေထိုင်ကြပါကြောင်း၊ ထိုမြို့သည် ယခုခရိုင်ရုံးစိုက်ရာ မြို့လည်းဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများသည် ဆေးရုံကြီးပိတ်ထားရသဖြင့် တောင်ငူဆေးရုံကြီးကိုသာ အားကိုးနေရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ဒေသခံပြည်သူများမှ ဆေးရုံကြီးကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်လိုပါသဖြင့် ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိပါက မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၅ ခုတင်ဆံ့ သံတောင်ကြီးမြို့နယ် ပြည်သူ့ ဆေးရုံ၊ ၂၅ ခုတင်ဆံ့ သံတောင်မြို့ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ လိပ်သိုနှင့် ဘောဂလိတိုက်နယ် ဆေးရုံများ ရှိကြပါကြောင်း၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံလုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်များတွင်လည်း ဆေးရုံပိတ်ထားခြင်း မရှိခဲ့ပါ ကြောင်း၊ လက်ရှိဝန်ထမ်း ၁၄ ဦးဖြင့်... ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၅ ခုတင်ဆံ့ သံတောင်ကြီးမြို့နယ် ပြည်သူ့ ဆေးရုံ၊ ၂၅ ခုတင်ဆံ့ သံတောင်မြို့ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ လိပ်သိုနှင့် ဘောဂလိတိုက်နယ် ဆေးရုံများ ရှိကြပါကြောင်း၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံလုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်များတွင်လည်း ဆေးရုံပိတ်ထားခြင်း မရှိခဲ့ပါ ကြောင်း၊ လက်ရှိဝန်ထမ်း ၁၄ ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မေးခွန်း ပါ ၂၅ ခုတင်ဆံ့ သံတောင်မြို့ပြည်သူ့ဆေးရုံသည် သံတောင်ကြီးမြို့မှ ၁၃ မိုင်ခန့်အကွာတွင် ရှိပါ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာ DCS လုပ်ခဲ့သဖြင့် ဆေးရုံလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်ပါကြောင်း၊ နယ်မြေအခြေအနေ တိုးတက်လာပြီဖြစ်သော်လည်း ဆေးရုံဝန်း အတွင်း စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန် လိုအပ်ချက်ရှိနေသေးခြင်း၊ ဆက်လက်၍ အဆောက် အဦပြုပြင်မှုနှင့် ဆေးရုံသုံးပစ္စည်းများ စိစစ်ဖြည့်တင်းခြင်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသေး သဖြင့် ဆေးရုံအား လတ်တလော ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်၍ ဆေးရုံလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် ပြည်နယ်အစိုးရ၊ လုံခြုံရေးအဖွဲ့ အစည်းများနှင့် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းနေပါကြောင်း။
သံတောင်မြို့မှာ ၂၅ ခုတင်ဆံ့ဆေးရုံအပြင် မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိပြီး ၎င်းဌာနကို ပြန်လည်ရှင်းလင်း ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်နိုင်သည့် အခြေအနေရှိလာခဲ့ပါကြောင်း၊ ထို့ကြောင့် ယင်းဌာနတွင် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် တခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သားဖွားဆရာမ ၂ ဦးကို သံတောင်ကြီးမြို့မှ အပတ်စဉ် စေလွှတ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သံတောင်မြို့ပြည်သူ့ဆေးရုံ မဖွင့်လှစ်သေး နိုင်သည့်အချိန်အတွင်း သံတောင်မြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ပြင်ပလူနာများ နေ့စဉ် ကုသနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပေးအပ်ချထားရန် စီစဉ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)
ရက်စွဲ
13/7/2026
မေးမြန်းချက်
ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ပေးရန်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများ၊ကျေးလက်ကျန်းမာရေးဌာနခွဲများတွင်သတ်မှတ် ဝန်ထမ်း များ ပြည့်မီ စွာခန့်ထားပေးရန်နှင့် မြွေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးအပါအဝင် ဆေးဝါးများ ဖြန့်ဝေ ထားရှိပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း ဝမ်းတွင်းမြို့နယ်၊ တမာကုန်း RHD သည် ကျေးရွာအုပ်စုပေါင်း ၇ အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာရှိ လူဦးရေ ၂၉,၀၈၇... ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ပေးရန်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများ၊ကျေးလက်ကျန်းမာရေးဌာနခွဲများတွင်သတ်မှတ် ဝန်ထမ်း များ ပြည့်မီ စွာခန့်ထားပေးရန်နှင့် မြွေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးအပါအဝင် ဆေးဝါးများ ဖြန့်ဝေ ထားရှိပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဝမ်းတွင်းမြို့နယ်၊ တမာကုန်း RHD သည် ကျေးရွာအုပ်စုပေါင်း ၇ အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာရှိ လူဦးရေ ၂၉,၀၈၇ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးနေပြီးဝမ်းတွင်း မြို့နယ်၏ အနောက်တောင်ဘက်အရပ်တွင် တည်ရှိပါကြောင်း၊ ဒေသခံမိဘပြည်သူများသည် ရက်ကန်း လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါကြောင်း၊ ယခုအခါ ဒေသခံမိဘ ပြည်သူများ မှကျန်းမာရေးစောင့်ရှောက်မှုအတွက် သွားလာရလွယ်ကူသော တမာကုန်း ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ပါရန်လိုလားတောင့်တ လျက်ရှိ ပါကြောင်း၊ တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိပါက ယခု လက်ရှိဌာနပိုင်မြေ နေရာ အပြင် တမာကုန်းကျေးရွာမှ အလှူရှင် ဦးစန်းဝင်း+ဒေါ်သန်းမွန် မိသားစုက တိုက်နယ်ဆေးရုံ အဆင့် အသုံးပြုနိုင်ရန်လိုအပ်သောမြေဧရိယာကိုလည်း လှူဒါန်းထားပါကြောင်း၊ယခုအခါအလှူရှင် မိသားစု နှင့်ကျေးရွာရပ်မိရပ်ဖများက လှူဒါန်းထားသောယာမြေကို အခြားနည်းသုံးစွဲခွင့်နှင့် ကျန်းမာ ရေး ဌာနအမည်ပေါက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊တိုက်နယ်ဆေးရုံကြီးပေါ်ပေါက် လာလျှင် ဒေသ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမို အကျိုးပြု လာနိုင်မည် ဖြစ်ပါ ကြောင်း၊၎င်းအပြင် ဝမ်းတွင်းမြို့နယ်ရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ် ဆေးရုံများ၊ ကျေးလက် ကျန်းမာ ရေးဌာနခွဲ ၄၉ ခုတို့တွင် သတ်မှတ်ဆရာဝန်၊ သူနာပြုနှင့် သတ်မှတ်ဝန်ထမ်းများ ပြည့်မီစွာ ခန့်ထားပေးနိုင်ရေး လိုအပ်နေသည်ကို သိရှိရပါကြောင်း။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပိုမိုလျင်မြန် လွယ်ကူစွာရရှိနိုင်ရန်အတွက် မြွေဆေး၊ ခွေးရူးပြန်ကာကွယ်ဆေးနှင့် ဌာနသတ်မှတ်ဆေးဝါးများကို ပြည့်မီလုံလောက်စွာထားရှိပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တမာကုန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန်အစီအစဉ်ရှိ မရှိ၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ဆရာဝန်၊ သူနာပြု နှင့် သတ်မှတ်ဝန်ထမ်းများ ပြည့်မီစွာခန့်ထားပေးနိုင်ရေး၊ မြွေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးများ အပါ ဌာနသတ်မှတ်ဆေးဝါးများ ပြည့်မီလုံလောက်စွာသိုလှောင်ဖြန့်ဝေပေးနိုင်ရေး အစီအစဉ် ရှိ မရှိ ကို မေးမြန်းခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူဦးရေ ၂၅၉,၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၄ ရုံ၊ ဒေသန္တရကျန်းမာရေးဌာန ၁ ခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၁ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၄၉ ခုတို့နှင့်... မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူဦးရေ ၂၅၉,၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၄ ရုံ၊ ဒေသန္တရကျန်းမာရေးဌာန ၁ ခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၁၁ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၄၉ ခုတို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ တမာကုန်း ကျေးလက်ကျန်းမာရေးဌာနသည် ဝမ်းတွင်းမြို့နယ်၊ ပဲခင်းကျော်ကျေးရွာအုပ်စု၊ တမာကုန်းကျေးရွာ တွင်တည်ရှိပြီး ကျန်းမာရေးဝန်ထမ်း ၆ ဦးဖြင့် ကျေးရွာအုပ်စုပေါင်း ၇ အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေ ၆,၈၆၆ အိမ်၊ လူဦးရေ ၂၉,၀၈၇ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါ ကြောင်း၊ အဆိုပါ ကျေးလက်ကျန်းမာရေးဌာနသည် ရန်ကုန်- မန္တလေးလမ်းဟောင်းမှ မိုင်ဝက်ခန့် အကွာ တွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ရာသီမရွေးသွားလာနိုင်ပါကြောင်း၊ ဝမ်းတွင်းမြို့နယ် ပြည်သူ့ ဆေးရုံနှင့် ၇ မိုင်ခန့်အကွာတွင်တည်ရှိပြီး ကားဖြင့် ၁၅ မိနစ်ခန့် သာသွားရောက်ရပါကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ပြင်ပလူနာပေါင်း ၄,၈၈၂ ဦး လာရောက် ကုသမှုခံယူခဲ့ သောကြောင့် ဒေသလူဦးရေ၏ ၁၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ နေ့စဉ် ပျမ်းမျှမှာ ၁၃ ဦးခန့် ဖြစ်ပါကြောင်း၊ လူနာများ အရေးပေါ်ကုသခြင်းနှင့်လိုအပ်ပါက မြို့နယ် ဆေးရုံသို့ ညွှန်းပို့ခြင်း များကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ပြင်ပလူနာ ၁၃၄ ဦးနှင့် ကိုယ်ဝန်ဆောင် ၂၁၉ ဦးကို တိုက်နယ်နှင့် မြို့နယ်ဆေးရုံများတွင် ဆက်လက်ကုသမှုခံယူရေး လွှဲပြောင်းပေးနိုင်ခဲ့ပါကြောင်း၊ ပျမ်းမျှအားဖြင့် ၁ ရက် လျှင် တစ်ဦးခန့် တိုက်နယ်၊ မြို့နယ်ဆေးရုံသို့ ဆက်လက်လွှဲပို့ရသည်ကို တွေ့ရှိရပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုက်နယ်ဆေးရုံများ အသစ်ဖွင့်လှစ်ခြင်း ဆောင်ရွက်ရာ တွင် ဒေသလိုအပ်ချက်၊ လက်ရှိကျေးလက်ကျန်းမာရေးဌာန၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု အခြေအနေ၊ ဝန်ကြီးဌာန၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်တို့အပေါ်မူတည်ပြီး ဦးစားပေး အစီအစဉ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် လိုအပ်ချက်ရှိနေသေးသောဆရာဝန်၊ သူနာပြု၊ သားဖွား၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေး ထုတ်ဖြည့် တင်း ခြင်းကို အားစိုက်ဆောင်ရွက် နေရချိန်ဖြစ်သည့်အတွက် လက်ရှိဖွင့်လှစ်ထားသည့် ဆေးရုံများ၊ နယ်မြေတည်ငြိမ်အေးချမ်းမှုနှင့်အတူ ပြန်လည်ဖွင့်လှစ်ရမည့် ဆေးရုံများတွင် ဝန်ထမ်း အင်အား ဖြည့်တင်းခြင်းကိုသာ ဦးစားပေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တမာကုန်း ကျေးလက်ကျန်းမာရေးဌာနအား ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရန် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။
မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများ အပြည့်အစုံ ခန့်ထား ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဆက်လက်ဖြေကြားမည် ဖြစ်ပါကြောင်း၊ ခုတင် ၅၀ ဆံ့ ဝမ်းတွင်းမြို့နယ် ဆေးရုံတွင် လက်ရှိဆရာဝန် ၃ ဦး၊ သူနာပြု ၁၀ ဦး၊ ကျွမ်းကျင်နှင့်အခြားဝန်ထမ်း ၂၄ ဦး စုစုပေါင်း ၃၇ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှအတွင်းလူနာ ၄၁ ဦး၊ ပြင်ပလူနာ ၂၈ ဦးတို့အား ဆေးကုသမှုပေးနေတာဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းတွင် အောင်ချမ်းသာ၊ နေပူကုန်း၊ ညောင်အုပ်ဖီး၊ ပင်းတလဲတိုက်နယ်ဆေးရုံ၄ ရုံရှိပြီး တိုက်နယ်ဆေးရုံတိုင်းတွင် ဆရာဝန် ၁ ဦးစီ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ယင်းတိုက်နယ်ဆေးရုံများတွင် သူနာပြု ၁၄ ဦး၊ အခြား ဝန်ထမ်း ၁၅ ဦးတို့လည်း တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံ၏ ဆေးကုသမှု လုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုလအတွင်း လက်ထောက်ဆရာဝန် ၃ ဦး အား ဖြည့်ဆည်းပေးရန်စီစဉ်ပြီးဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ များတွင် ဖွဲ့စည်းပုံအရ သားဖွားဆရာမ ၁ ဦးနှင့် ကျန်းမာရေး ကြီးကြပ် ၁ ဦး စုစုပေါင်း ၂ ဦးရှိရမည် ဖြစ်သော်လည်း ဝန်ထမ်းအင်အားဖြည့်တင်းနိုင်မှုအခြေအနေအရ အချို့သော ဌာနခွဲ အနည်းငယ်မှာ အနည်းဆုံး ၁ ဦးစီသာရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှထောက်ပံ့သော သာမန်အသုံးစရိတ် ရန်ပုံငွေဖြင့် အခြေခံဆေးဝါးများ၊ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန်ကာကွယ်ဆေးနှင့် ကလေးငယ်များ ထိုးနှံပေးသော ပုံမှန်ကာကွယ်ဆေးများကို ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများသို့ အအေး လမ်းကြောင်းမပျက် ပို့ဆောင်၍ သိုလှောင်ထားရှိနိုင်ရေးစီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ၁၀-၇-၂၀၂၆ ရက်တွင် မြွေဆိပ် ဖြေဆေးအနေဖြင့် ဝမ်းတွင်းမြို့နယ်ဆေးရုံတွင် ၉၅ လုံး၊ တိုက်နယ်ဆေးရုံ ၄ ရုံတွင် ၁၇၀ လုံးရှိပါကြောင်း၊ တမာကုန်းကျေးလက်ကျန်းရေးဌာနတွင်လည်း မြွေဆိပ်ဖြေဆေး ၂ လုံးရှိပါကြောင်း၊ ခွေးရူးပြန် ကာကွယ်ဆေးအနေဖြင့် မြို့နယ်ဆေးရုံတွင် ၅၀ လုံးနှင့် တိုက်နယ် ဆေးရုံ ၄ ရုံတွင် ၁၀၀ လုံး လက်ကျန် ရှိနေပါကြောင်း ဖြေကြားခဲ့ပါသည်။

ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးဝင်းဆွေ (ခရမ်းမဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ၁ ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံ ၃ ရုံရှိပြီး ဆရာဝန် ၁၁ ဦး သူနာပြု ၂၀ ဦးလိုအပ်လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း ခရမ်းမြို့နယ်သည် ရန်ကုန်တိုင်း၏ အစွန်ဆုံးနေရာဖြစ်ပြီး ပဲခူးတိုင်းနှင့်ထိစပ်နေသော ဒေသ တစ်ခုလည်း ဖြစ်ပါကြောင်း၊ အရေးခင်းကာလအတွင်း ဗုံးပေါက်ကွဲမှုပေါင်း အကြိမ်... ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ၁ ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံ ၃ ရုံရှိပြီး ဆရာဝန် ၁၁ ဦး သူနာပြု ၂၀ ဦးလိုအပ်လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ခရမ်းမြို့နယ်သည် ရန်ကုန်တိုင်း၏ အစွန်ဆုံးနေရာဖြစ်ပြီး ပဲခူးတိုင်းနှင့်ထိစပ်နေသော ဒေသ တစ်ခုလည်း ဖြစ်ပါကြောင်း၊ အရေးခင်းကာလအတွင်း ဗုံးပေါက်ကွဲမှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု အကြိမ် ၃၀ ဖြစ်ပေါ်ခဲ့သည့်နေရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့သည့် မိမိတို့ ပါတီ၏ တိုင်းသစ်ကိုယ်စားလှယ် ၁ ဦး၊ မြို့နယ်အတွင်းရေးမှူးနှင့် ပါတီ၏အမာခံများ ပါတီနှင့်ဆက်စပ်သူစုစုပေါင်း ၁၂ ဦး အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပါကြောင်း၊ ယခုလိုအကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်းများကြောင့် ခရမ်းမြို့နယ်တွင် ဆိုင်ကယ်နှင့် ဘေးတွဲ ဆိုင်ကယ်များ စီးနင်းခွင့်ကို ယနေ့ထိ ပိတ်ပင်ထားဆဲဖြစ်သည့် အတွက် ပြည်သူအပေါင်းတို့သည့် ခရီးသွားလာရေးတွင် အခက်အခဲ များစွာ ရင်ဆိုင် ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း၊ ယခုလိုအကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှု များကြောင့် နိုင်ငံ့ဝန်ထမ်းများ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများသည် ခရမ်းမြို့နယ်ကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန် အင်မတန်နည်းပါးသည်ကိုတွေ့ရှိရပါကြောင်း။
ခရမ်းမြို့နယ်တွင် ပြည်သူ့ဆေးရုံ ၁ ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ ၁ ခု၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံဆိုပြီး ဆေးရုံ စုစုပေါင်း ၄ ခုရှိပါကြောင်း၊ ဆရာဝန်ခန့်ထားနိုင်သည့် အရေအတွက်မှ ၁၅ ဦးဖြစ်ပြီး ခန့်ထားအရေ အတွက်မှ ၄ ဦးဖြစ်သည့်အတွက် ဆရာဝန် ၁၁ ဦး၊ သူနာပြု အယောက် ၂၀ လိုအပ်လျက် ရှိပါကြောင်း၊ ခရမ်းမြို့နယ်ရှိ ခုတင် ၅၀ ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ၁ ဦးသာ တာဝန် ထမ်းဆောင်လျက်ရှိပြီး လက်ထောက် ဆရာဝန် ၆ ဦး တာဝန်ထမ်းဆောင်ရမည် ဖြစ်သော်လည်း ၁ ဦးမှ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသေးပါကြောင်း၊ ခရမ်းမြို့နယ်၏ ကျီနီချောင် တိုက်နယ်ဆေးရုံသည် အလှူရှင်များ၊ ဒေသခံများနှင့် ပြည်ခိုင်ဖြိုး ပါတီအသင်း ပူးပေါင်းပါဝင်ပြီး လှူဒါန်းခဲ့သည့် ကိုယ်ထူကိုယ်ထတိုက်နယ်ဆေးရုံ ၁ ခုဖြစ်ပါကြောင်း၊ ၎င်းတိုက်နယ် ဆေးရုံတွင် ဆရာဝန် ၁ ဦး တာဝန်ထမ်းဆောင်နေသည့် အနေအထားဖြစ်ပါကြောင်း၊ သူနာပြု ၄ ဦးခန့်ထားရန် ဖြစ်သော်လည်း ၁ ဦးသာခန့်ထားဆောင်ရွက်နိုင်သည့်အတွက် ၃ ဦး လိုအပ်လျက်ရှိပါကြောင်း၊ ကမာမတ်တိုက်နယ်ဆေးရုံသည် နဝတအစိုးရလက်ထက်တွင် တာဝန်ချိန် စပါးများ ရာနှုန်းပြည့် ရောင်းချနိုင်ခဲ့သည့်အတွက် ခရမ်းမြို့နယ်ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ပေးခဲ့သည့် တိုက်နယ် ဆေးရုံဖြစ်ပါကြောင်း၊ ၎င်းဆေးရုံတွင် တိုက်နယ်ဆရာဝန် ၁ ဦးသာ တာဝန်ထမ်းဆောင် လျက်ရှိပြီး သူနာပြု ၃ ဦး၊ သူနာပြုများ ၁ ဦးလိုအပ်လျက်ရှိပါကြောင်း၊ တိုက်နယ်တာဝန်ခံ ဆရာဝန် သည် အထက်မင်းလှမြို့နယ်ကို ရာထူးတိုးပြောင်းရွှေ့သွားသည့်အတွက် ဆရာဝန်လုံးဝမရှိသည့် အနေအထားဖြစ်ပါကြောင်း။
ပိန်းကန်တိုက်နယ်ဆေးရုံသည် ၂၀၁၀-၂၀၁၅ ခုနှစ် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင် လွှတ်တော် ကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုဖြင့် ရရှိထားသည့်တိုက်နယ်ဆေးရုံဖြစ်ပါကြောင်း၊ ၎င်းဆေးရုံတွင် တိုက်နယ်ဆရာဝန် ၁ ဦးနှင့် လှိုင်သာယာဆေးရုံ၊ ကျန်းမာရေးဌာနမှ တွဲဖက်ထားသည့် ဆရာဝန် ၁ ဦးရှိသည့် ဆရာဝန် ၁ ဦးနှင့် သူနာပြုများလိုအပ်လျက်ရှိပါကြောင်း၊ အထက်တန်း သူနာပြု များက ပြည့်စုံပါကြောင်း၊ မိမိတင်ပြခဲ့သည့် ဆေးရုံ ၄ ရုံတွင် ဆရာဝန် ၁၅ ဦးလိုအပ်ပါကြောင်း၊ ဆရာဝန် ၁၅ ခန့်ထားသည့်နေရာတွင် ၄ ဦးသာရှိသည့်အတွက် ၁၁ ဦးလိုအပ်ပါကြောင်း၊ ကမာမတ်တိုက်နယ် ဆရာဝန် ပြောင်းရွှေ့သွားသည့်အတွက် ၁၂ ဦးလိုအပ်မည်ဖြစ်ပြီး သူနာပြု ၂၀ ဦးလိုအပ်မည်ဖြစ်ပါ ကြောင်း၊ ခရမ်းမြို့နယ်တွင် သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့်အတွက် ဆရာဝန်များ၏ လိုအပ်ချက်က ပိုပြီးအဓိကကျပါကြောင်း ကိုတင်ပြလိုပါကြောင်း၊ မြို့နယ် ဆရာဝန်ကြီး သည် ခါးရိုးကျီးပေါင်းနှင့် အကြောညှပ် ဝေဒနာကြောင့် လွန်ခဲ့သည့် ၂ လခွဲခန့်က ကြည့်မြင်တိုင်အရိုးဆေးရုံကြီးတွင် ခွဲစိပ်ကုသမှုခံယူခဲ့ရပြီး ဆေးဝါးကုသမှုခံယူပြီး နှစ်ပတ်အကြာတွင် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ပါကြောင်း၊ ပြန်လည်တာဝန် ထမ်းခဲ့သည့်နေရာတွင် ကျီနံချောင် ဆေးရုံနှင့် ကမာမတ်ဆေးရုံမှ တာဝန်ခံဆရာများက အလှည့်ကျ ကူညီဆောင်ရွက် ပေးသည့် အနေအထားကိုတွေ့ရှိရပါကြောင်း၊ ခရမ်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၆၆ အုပ်စု၊ ကျေးရွာခွဲများအပါအဝင် ရပ်ကျေးပေါင်း ၂၂၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀၀၀ ကျော်နေထိုင်သည့် မြို့နယ်ဖြစ်သည့်အတွက် ကျေးလက်ဒေသနေပြည်သူများ၊ အခြေခံလူတန်းစားများ၏ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့်နေရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရဆဲဖြစ်ပါကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တဲ့နေရာမှာ ကျန်းမာကြံ့ခိုင်ခြင်းသည် အဓိကလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အတွက် ခရမ်းမြို့နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်တွသ် လိုအပ်နေသော ဆရာဝန်များနှင့် သူနာပြုဝန်ထမ်းများ၏ လိုအပ်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံဆောင်ရွက် ထားရှိမည်ကို သိရှိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။

ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၅၀ တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ၁ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၂ ဦး၊ သူနာပြုကြီး ၁ ဦး၊ အထက်တန်းသူနာပြု ၇ ဦး၊ သူနာပြု ၄ ဦးတာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ ကျီနီချောင်တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန် (တာဝန်ခံ) ၁ ဦး၊ အထက်တန်း သူနာပြု ၂... ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၅၀ တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ၁ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၂ ဦး၊ သူနာပြုကြီး ၁ ဦး၊ အထက်တန်းသူနာပြု ၇ ဦး၊ သူနာပြု ၄ ဦးတာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ ကျီနီချောင်တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန် (တာဝန်ခံ) ၁ ဦး၊ အထက်တန်း သူနာပြု ၂ ဦး၊ သူနာပြု ၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ ကမာမတ်တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန် (တာဝန်ခံ) ၁ ဦး၊ အထက်တန်းသူနာပြု ၂ ဦး၊ သူနာပြု ၁ ဦး တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ ပိန်းကန်တိုက်နယ်ဆေးရုံတွင် လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် (၁)ဦး၊ အထက်တန်းသူနာပြု ၂ ဦး၊ သူနာပြု ၁၀ ဦး တာဝန်ထမ်းဆောင် လျက်ရှိပြီး၊ တိုက်နယ်ဆရာဝန် ၁ ဦး ခန့်ထားပေးနိုင်ရေးအတွက် ယခု ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုက်နယ် ဆေးရုံတိုင်းတွင် အနည်းဆုံးဆရာဝန် ၁ ဦး ထားရှိနိုင်ရေး မူဝါဒအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြည့်အဝစွမ်းအားပြည့် ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ချက်ရှိသည့်အတွက် လေ့ကျင့်မွေးထုတ်ဖြေရှင်းနည်းကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရမ်းပြည်သူ့ဆေးရုံကြီး၏ ဆေးရုံလုပ်ငန်း ဆောင်ရွက် ချက်ပေါ်မူတည်ပြီး လက်ထောက်ဆရာဝန်များ ထပ်မံခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ယခုလတွင် ခရမ်းမြို့နယ်ဆေးရုံအတွက် သူနာပြု ၂ ဦး၊ တိုက်နယ် ဆေးရုံ ၂ ခုအတွက် သူနာပြု ၂ ဦးစီ စုစုပေါင်း သစ်လွင်သူနာပြု ၆ ဦးအား ခန့်ထားပေးခဲ့ပါကြောင်း ဖြေကြားခဲ့ပါသည်။
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးစိုင်းဆန်စိန်(တန့်ယန်းမဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
တန့်ယန်းမြို့ ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသည် ၁၉၆၂ ခုနှစ်တွင် မြို့စားပိုင်မှ မြေလှူဒါန်းပြီး ပြည်သူ လူထုများမှ စုပေါင်းဆေးရုံအဆောက်အဦ ဆောက်လုပ်လှူဒါန်းခဲ့သည့်အတွက် ယနေ့အထိ ၆၄ နှစ် သက်တမ်းရှိပြီပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး၏မြေသည် ၃.၆၇၁ ဧက၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး (ဌာနမှူး)နေအိမ် ၀.၉၄၉... တန့်ယန်းမြို့ ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသည် ၁၉၆၂ ခုနှစ်တွင် မြို့စားပိုင်မှ မြေလှူဒါန်းပြီး ပြည်သူ လူထုများမှ စုပေါင်းဆေးရုံအဆောက်အဦ ဆောက်လုပ်လှူဒါန်းခဲ့သည့်အတွက် ယနေ့အထိ ၆၄ နှစ် သက်တမ်းရှိပြီပါကြောင်း၊ ပြည်သူ့ဆေးရုံကြီး၏မြေသည် ၃.၆၇၁ ဧက၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး (ဌာနမှူး)နေအိမ် ၀.၉၄၉ ဧက၊ ပြည်သူ့ဝန်ထမ်းနေအိမ် ၀.၆၅၆ ဧကရှိပြီး ဌာနပိုင်ပုံစံ(၁၀၅) ရှိပါကြောင်း၊ တန့်ယန်းမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်တွင်ရှိပြီး အရှေ့ဘက်တွင် သံလွင်မြစ်၊ အနောက်ဘက်တွင် မိုင်းရယ်မြို့၊ တောင်ဘက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မြောက်ဘက်တွင် လားရှိုးမြို့နယ်တို့ ထိစပ်လျက်ရှိပါကြောင်း၊ တန့်ယန်းမြို့နယ်တွင် ရှမ်း၊ ဗမာ၊ ပလောင်၊ ဝ၊ လားဟူ စသည့် တိုင်းရင်းသားများ စုပေါင်း နေထိုင် လျက်ရှိပြီး လူဦးရေ ၁၉၁,၇၅၉ ဦးရှိပါကြောင်း၊ အထူးကုဆရာဝန်ကြီးများရှိသည့် လားရှိုး မြို့နှင့် ၈၅ မိုင်ခန့် ကွာဝေးပါကြောင်း၊ တန့်ယန်းမြို့တွင် တပ်မတော်ဆေးရုံတစ်ရုံ၊ ပုဂ္ဂလိက ကိုယ်ပိုင်ဆေးရုံ ၃ ရုံ ရှိပါကြောင်း၊ တန့်ယန်းမြို့ရှိ အစိုးရ ၂၅ ခုတင်ဆံ့ဆေးရုံတွင် ဖွဲ့စည်းပုံ စံကိုက်မပြည့်စုံခြင်း၊ ကုသရေးဓာတ်ခွဲခန်း ပစ္စည်းများ၊ လူနာခုတင်၊ လျှပ်စစ်မီးများ မပြည့်စုံခြင်း၊ ကုသရေးဆရာဝန် ၁ ဦးနှင့် သွားဆရာဝန် ၁ ဦး သာရှိခြင်း၊ ဝန်ထမ်းအင်အားနည်းပါးခြင်းတို့ကြောင့် ပြင်ပဆေးရုံကိုသာ တက်ရောက်ကုသခဲ့ကြပါကြောင်း။
တန့်ယန်းဆေးရုံ ၂၅ ခုတင်၏အချက်အလက်များကိုလည်း မေးခွန်းနှင့်အတူ ပူးတွဲတင်ပြထားပြီး ဖြစ်သည့်အတွက် လိုအပ်သည်များကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ တန့်ယန်းသည် ခရိုင်မြို့ ဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံခုတင် ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးမည်ကို သိရှိလိုပါကြောင်းနှင့် ခုတင် ၅၀ ဆံ့ မရခင် ယခု လတ်တလော ၂၅ ခုတင်ဆံ့ဆေးရုံ အတွက် စံကိုက်ပြည့်စုံအောင် လိုအပ်သည့် ဓာတ်ခွဲခန်းပစ္စည်းများ၊ ဆရာဝန်များ၊ သူနာပြုများ ထပ်မံဖြည့်ဆည်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင်၂၅ ခုတင်ဆံ့ဆေးရုံ၁ ရုံ၊ ဝိန်းကောင် တိုက်နယ်ဆေးရုံ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ မန်ကတ်တိုက်နယ်ဆေးရုံနှင့် မိုင်းကောင်တိုက်နယ် ဆေးရုံစုစုပေါင်း ၅ ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ တန့်ယန်းမြို့ပြည်သူ့ဆေးရုံ၏ တစ်နေ့ပျမ်းမျှ အတွင်းလူနာဦးရေမှာ ၃ နှစ်တွင် ပျမ်းမျှအနေဖြင့် ၂၄ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်းမှာ ၃ နှစ်စာ ပျမ်းမျှအားဖြင့် ၉၇ ရာခိုင်နှုန်းရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊... ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင်၂၅ ခုတင်ဆံ့ဆေးရုံ၁ ရုံ၊ ဝိန်းကောင်
တိုက်နယ်ဆေးရုံ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ မန်ကတ်တိုက်နယ်ဆေးရုံနှင့် မိုင်းကောင်တိုက်နယ် ဆေးရုံစုစုပေါင်း ၅ ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ တန့်ယန်းမြို့ပြည်သူ့ဆေးရုံ၏ တစ်နေ့ပျမ်းမျှ အတွင်းလူနာဦးရေမှာ ၃ နှစ်တွင် ပျမ်းမျှအနေဖြင့် ၂၄ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင် အသုံးပြုမှု ရာခိုင်နှုန်းမှာ ၃ နှစ်စာ ပျမ်းမျှအားဖြင့် ၉၇ ရာခိုင်နှုန်းရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ယခုအခါ ဆေးရုံခွင့်ပြုခုတင်အသုံးချမှုရာခိုင်နှုန်းမှာ သတ်မှတ်ထားသောမူအရ ခုတင်အဆင့်မြှင့်တင်ရန် ခွင့်ပြုရာခိုင်နှုန်းအသုံးပြုမှု ၃ နှစ်စာပျမ်းမျှကို ပြည့်မီရန်လိုအပ်လျက်ရှိပါသဖြင့် လတ်တလော ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးနိုင်ရေးအစီအစဉ်မရှိသေးပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေ ဖြင့် ဆေးရုံများအဆင့်မြှင့်တင်ရာမှာ ဒေသလိုအပ်ချက်၊ ဆေးရုံ၏ လက်ရှိကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မှုအခြေအနေနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်မှု အခြေအနေအပေါ်မှာမူတည်ပြီး ဦးစားပေးအစီအစဉ်နှင့် ဆောင်ရွက်ပေးနေရခြင်းဖြစ်ပါကြောင်း၊ ဒေသ အခြေအနေအရဆိုသည်မှာ ဒေသဖွံ့ဖြိုးတိုးတက်လာပြီး လူဦးရေ လွှမ်းခြုံမှုပိုမိုကောင်းမွန်၍ လိုအပ်လာသည့်အခါမျိုးတွင် မိမိတို့စဉ်းစားပေးနိုင်ပါကြောင်း၊ နောက်တစ်ခုမှ ခက်ခဲသည့်ဒေသ ဖြစ်ပြီး ဖွံ့ဖြိုးမှုနောက်ကျနေသေးသော်လည်း လူနာများသယ်ယူပို့ဆောင်ရေး တခြားနေရာသို့ သွားရောက်ရန် အခက်အခဲရှိသည့်အခါမျိုးတွင်လည်း ဦးစားပေးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
ဒုတိယအချက်အနေဖြင့် ဆေးရုံ၏ ၃ နှစ်တာကာလအတွင်း လူနာတင်ဦးရေအပေါ် မူတည်ပြီး သတ်မှတ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အနည်းဆုံး ၃ နှစ်တာကာလအတွင်း နှစ်စဉ်တစ်နှစ် ထက်တစ်နှစ် လူနာဦးရေတိုးတက်လာပြီး ခုတင်ခွင့်ပြုချက်ကျော်လွန်လာလျှင် ဦးစားပေး စဉ်းစားရခြင်း ဖြစ်ပါကြောင်း၊ တန့်ယန်းဆေးရုံကြီးအနေဖြင့် ၃ နှစ်တာကာလအတွင်းမှာ ၂၅ ခုတင်ဆံ့ ဆေးရုံမှာ ၂၄ ဦးသာ ပျမ်းမျှ ရှိနေဆဲဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ပြည့်မီမှုအပေါ်မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လတ်တလောအနေဖြင့် တန့်ယန်းပြည်သူ့ဆေးရုံကြီးအား ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးပါကြောင်း။
တန့်ယန်းပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် ၂ ဦး၊ သူနာပြု ၁၈ ဦး တွဲဖက်-၃ ဦးအပါအဝင် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်(၃)ဓာတ်ခွဲ ၁ ဦး၊ ကျွမ်းကျင်(၄)ဓာတ်ခွဲ ၁ ဦး၊ ကျွမ်းကျင်(၄)ဆေးစပ် ၁ ဦး၊ ကျွမ်းကျင်(၄)ဓာတ်မှန် ၁ ဦး၊ ကျွမ်းကျင်(၄)ဆေးမှတ်တမ်း ၁ ဦးနှင့် အခြားဝန်ထမ်းများ တာဝန်ထမ်းဆောင်လျက်ရှိပါ ကြောင်း၊ ဆေးရုံလုပ်ငန်းများ ဆောင်ရွက်ချက်ပိုမိုကောင်းမွန်ရန်အတွက် ဝန်ထမ်းများ မဖြည့်ဆည်း ပေးနိုင်သော်လည်း ဆေးရုံသုံးစက်ပစ္စည်းများကို ယခုလအတွင်းမှာ ဖြည့်ဆည်းဆောင်ရွက်နေပြီ ဖြစ်ပါ ကြောင်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် လူနာခုတင်များအပါအဝင် အမျိုးအစား ၁၂ မျိုး၊ အရေအတွက် အားဖြင့် ၂၈ ခုကို ယခုလအတွင်း ပို့ဆောင်နေပြီဖြစ်ပြီး လူနာခုတင်များသာ ပေးပို့ရန်ကျန်ရှိပါ ကြောင်း ဖြေကြားခဲ့ပါသည်။

ဦးခင်မောင်ထွန်း(ဖောင်းပြင်မဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
ဖောင်းပြင်မြို့ ခုတင် ၅၀ ဆံ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦးသာရှိပြီး သွားဆရာဝန်နှင့်အတူ ဆေးပညာရှင်ဝန်ထမ်းများ လိုအပ်လျက်ရှိပါသဖြင့် တာဝန်ချခန့်ထားပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း ဖောင်းပြင်မြို့နယ်အတွင်းကျေးရွာအုပ်စု ၂ အုပ်စု၊ ကျေးရွာအုပ်စု ၄၀ အုပ်စု စုစုပေါင်း ၄၂ အုပ်စုအဖြစ် ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၁၇၆ ရွာရှိပါကြောင်း၊ ယနေ့ ကမ္ဘာ့လူသားအားလုံး အတွက်... ဖောင်းပြင်မြို့ ခုတင် ၅၀ ဆံ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦးသာရှိပြီး သွားဆရာဝန်နှင့်အတူ ဆေးပညာရှင်ဝန်ထမ်းများ လိုအပ်လျက်ရှိပါသဖြင့် တာဝန်ချခန့်ထားပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဖောင်းပြင်မြို့နယ်အတွင်းကျေးရွာအုပ်စု ၂ အုပ်စု၊ ကျေးရွာအုပ်စု ၄၀ အုပ်စု စုစုပေါင်း ၄၂ အုပ်စုအဖြစ် ဖွဲ့စည်းထားပြီး ကျေးရွာပေါင်း ၁၇၆ ရွာရှိပါကြောင်း၊ ယနေ့ ကမ္ဘာ့လူသားအားလုံး အတွက် ကျန်းမာရေးအခန်းကဏ္ဍအနေဖြင့် မရှိမဖြစ် အရေးကြီးသော ဦးစားပေး အဆင့်ဖြစ်ပါ ကြောင်း၊ မိမိမြို့နယ် ကျန်းမာရေးစောင့်ရှောက်မှုကို ပြန်ကြည့်လျှင် ၂၀၂၁-၂၀၂၂ ကြားကာလတွင် နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့် မိမိတို့ ပြည်သူ့ဆေးရုံကြီးတွင် ဝန်ထမ်းများ စွန့်ခွာမှုကြောင့် ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု မရှိပါကြောင်း၊ မိဘပြည်သူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ရပ်ဆိုင်းခဲ့ပါကြောင်း၊ ဒုတိယကိုဗစ်ကာလအတွင်း မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဦးဆောင်မှုနှင့်အတူ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ မြို့မိမြို့ဖများ ဒေသအာဏာပိုင် အဖွဲ့ အစည်းများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းမှုနှင့်အတူ တပ်မတော်ဆေးဗိုလ်ကြီးတစ်ဦးနှင့် ဦးဆောင်ပြီး အခက်အခဲအမျိုးမျိုးကြားထဲမှ ဒေသခံ မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုနေရာတွင် ထိုအချိန်က တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးဗိုလ်ကြီးကို မိမိအပါအဝင် မိမိမြို့နယ်မှ ပြည်သူအားလုံးမှ လေးစားပါကြောင်း၊ မကြာခင်က မြို့နယ်ဆရာဝန်ကြီးရောက်ရှိလာပြီး ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ လည်ပတ် နိုင်ခဲ့ပါကြောင်း၊ ၉-၁၀-၁၉၉၀ ရက်တွင် ၂၅ ခုတင်တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပထမဒီမိုကရေစီ သက်တမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်တွင် တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးသာအေးကိုယ်တိုင် ၇-၃-၂၀၁၄ တွင် ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် အဆောက်အဦကို ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယနေ့အထိ မြို့နယ်ဆရာဝန်တစ်ဦးသာရှိပြီး ၎င်းဆရာဝန်နှင့်အတူ ခုတင် ၅၀ ဆံ့ဆေးရုံ၏ စံနှုန်းစံကိန်းနှင့်အညီ လိုအပ်လျက်ရှိသော ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် ဝန်ထမ်းများ လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ကျန်းမာရေးကဏ္ဍကို အလေးထားမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ထားရှိသည်ကို တွေ့ရပါကြောင်း၊ ပြည်သူပြည်သားများ ကျန်းမာမှ ပညာသင်ကြားနိုင်မည်။ ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည် ဆိုသော နိုင်ငံတော်၏ မူဝါဒနှင့်အညီ လိုအပ်လျက်ရှိသည့် ကျွန်တော်တို့ ဖောင်းပြင်မြို့၏ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးပညာရှင်ဝန်ထမ်းများနှင့် အမြန်ဆုံးဦးစားပေးအနေဖြင့် ခန့်ထားနိုင်ရေးအတွက် မေးမြန်းအပ်ပါကြောင်း၊ မိမိမြို့နယ်နှင့် ဆေးရုံအတွက် ဆေးပညာရှင်ဝန်ထမ်းများ တာဝန်ချခန့်ထား ပေးမည်ဆိုပါက မည်သည့် အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ဖောင်းပြင်မြို့၊ ခုတင် ၅၀ ဆံ့ဆေးရုံတွင် လက်ရှိအချိန်၌ လက်ထောက်ဆရာဝန် ဒေါက်တာ ချမ်းသာထွန်း၊ သူနာပြုကြီးတစ်ဦး၊ အထက်တန်းသူနာပြု ၄ ဦးနှင့် သူနာပြုတစ်ဦးတို့ တာဝန် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေလအတွင်းတွင် ပျမ်းမျှအတွင်းလူနာ ၁၃ ဦးနှင့် ပြင်ပလူနာ ၁၃ ဦးသာရှိပါကြောင်း၊ ထို့ကြောင့် လိုအပ်လျက်ရှိသည့် သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးကို ယခုနှစ်... ဖောင်းပြင်မြို့၊ ခုတင် ၅၀ ဆံ့ဆေးရုံတွင် လက်ရှိအချိန်၌ လက်ထောက်ဆရာဝန် ဒေါက်တာ ချမ်းသာထွန်း၊ သူနာပြုကြီးတစ်ဦး၊ အထက်တန်းသူနာပြု ၄ ဦးနှင့် သူနာပြုတစ်ဦးတို့ တာဝန် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေလအတွင်းတွင် ပျမ်းမျှအတွင်းလူနာ ၁၃ ဦးနှင့် ပြင်ပလူနာ ၁၃ ဦးသာရှိပါကြောင်း၊ ထို့ကြောင့် လိုအပ်လျက်ရှိသည့် သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးကို ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ချထားပေးမည်ဖြစ်ပါကြောင်းနှင့် ကျန်ဆရာဝန်၊ သူနာပြုလိုအပ်ချက်ကို လုပ်ငန်းစွမ်းဆောင်ရည်နှင့်အတူ တာဝန်ချထားပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးထွန်းထွန်းနိုင် (စဉ့်ကိုင်မဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု လိုအပ်လျက်ရှိပါ သောကြောင့် တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်အုပ်စု၊ ကျေးရွာခွဲ ၁၂ ရွာရှိပြီး စဉ့်ကိုင်မြို့နယ်၏ အစွန်ဆုံး ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ လျှောက်ထားသည့် တည်နေရာနှင့် စပ်လျဉ်း၍ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်အုပ်စု၊ ရွှေလှံဗိုလ်(ကံအောက်)ကျေးရွာဖြစ်ပြီး စဉ့်ကိုင်မြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့်... စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု လိုအပ်လျက်ရှိပါ သောကြောင့် တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်အုပ်စု၊ ကျေးရွာခွဲ ၁၂ ရွာရှိပြီး စဉ့်ကိုင်မြို့နယ်၏ အစွန်ဆုံး ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ လျှောက်ထားသည့် တည်နေရာနှင့် စပ်လျဉ်း၍ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်အုပ်စု၊ ရွှေလှံဗိုလ်(ကံအောက်)ကျေးရွာဖြစ်ပြီး စဉ့်ကိုင်မြို့၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်တို့၏အစပ် လွယ်လင်လမ်းဆုံမှ ပြင်ဦးလွင်သို့ သွားရာလမ်းမကြီးဘေးတွင် တည်ရှိပါကြောင်း၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်ချင်းဆက် လမ်းမကြီးပေါ်တွင်တည်ရှိပြီး အချက်အခြာကျသော နေရာတစ်ခုလည်းဖြစ်ပါကြောင်း၊ မြေနေရာနှင့်စပ်လျဉ်း၍ တိုက်နယ်ဆေးရုံ ဆောက်လုပ်နိုင်ရန်အတွက် မီးသွေးဘုတ်အုပ်စု၊ ရွှေ့လှံဗိုလ်(ကံအောက်)ကျေးရွာနေ ဦးရင်သွေး မိသားစုတို့မှ ၎င်းတို့ပိုင်ဆိုင်သော ဦးပိုင်အမှတ် ၇၃/၂၊ မြေဧရိယာ ၄.၀၂ ဧကတို့အား ကျန်းမာရေး ဝန်ကြီးဌာနသို့ ၃-၄ ၂၀၁၇ ခုနှစ်ကတည်းက လှူဒါန်းပြီးဖြစ်ပါကြောင်း၊ အဆိုပါ လှူဒါန်းထားသည့် မြေနေရာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာမြေကို အခြားနည်းအသုံးပြု ခွင့်ရရှိရေး အတွက် တိုက်နယ်ဆေးရုံတည်ဆောက်ရန် မြေနေရာအဖြစ် ခွင့်ပြုမိန့်အား ၂၉-၈-၂၀၁၈ ရက်စွဲပါ စာအမှတ် ၂/၃-၃/၇ ဦး ၆ (၂၁၆) တို့အရ ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာသည် မြို့နယ်ပြည်သူ့ဆေးရုံ ရွှေလှံဗိုလ်(ကံအောက်) ကျေးလက်ကျန်းမာရေးဌာနနှင့် နတ်ရေကန် ကျေးလက်ကျန်းမာရေးဌာနခွဲများ၏ စောင့်ရှောက်မှု အောက်တွင်ရှိသော ကျေးရွာလေးဖြစ်ပါကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကိုသွားမယ်ဆိုလျှင် ၁၆ မိုင် ခန့် ဝေးကွာပြီး နတ်ရေကန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသို့ သွားမည်ဆိုပါက ၃ မိုင် ခန့်၊ ရွာဘိုကျေးလက် ကျန်းမာရေးဌာနသို့သွားမည်ဆိုပါက ၆ မိုင်ကျော် ခန့်၊ မြို့နယ်ကြား ပုသိမ်ကြီး မြို့နယ် ကျောက်မီးတိုက်နယ်ဆေးရုံသို့သွားမည်ဆိုပါက ၁၁ မိုင်ကျော်ခန့်ကွာဝေးလျက်ရှိပါကြောင်း၊ လျှောက်ထားသော တိုက်နယ်ဆေးရုံကို ခွင့်ပြုပေးမည်ဆိုပါက အကျိုးပြုကျေးရွာ ၄၁ ရွာ၊ လူဦးရေ ပေါင်း ၄၁၅၇၅ ဦး အကျိုးခံစားခွင့်ရမည့်အပြင် ကျောက်ဆည်မြို့နယ်နှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများပါ ကူညီစောင့်ရှောက်ခွင့်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် စက်ရုံကြီးများစွာ ရှိသည့်အတွက် အလုပ်သမား ၂၀၀၀ ကျော်ခန့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိမည်ဖြစ်ပါ ကြောင်း၊ နောက်တခါ နည်းပညာမြှင့်တင်ရေးသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများလည်း ရရှိမည်ဖြစ်ပါကြောင်း၊ တပ်နယ်ရှိသည့်အတွက် စွန်ရဲတပ်နယ်အခြေချနေသည့် တပ်ရင်းတပ်ဖွဲ့ ၇ ခု အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုရရှိမည် ဖြစ်ပါကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် လူဦးရေ ၁၆၀၀၀၀ ကျော်ရှိသည့်အတွက် စဉ့်ကိုင်ဆေးရုံနှင့် ပုလိပ်တိုက်နယ်ဆေးရုံ ၂ ခုကိုသာ အားကိုးနေရ သည့် အနေအထားဖြစ်ပါကြောင်း၊ ပုလိပ်တိုက်နယ်သည် စဉ့်ကိုင်၏ အနောက်မြောက်ဘက်ခြမ်း ကိုသာ ကျန်းမာရေးကိုလွှမ်းခြုံနိုင်ပြီး စောင့်ရှောက်ပေးနိုင်ပါကြောင်း၊ မြို့၏အရှေ့ဘက်အခြမ်းတွင် တောင်ကုန်းတောင်တန်းများ၊ အင်းအိုင်များ၊ စက်ရုံအလုပ်ရုံများပေါသည့်အတွက် အရှေ့ဘက် ခြမ်းတစ်ခြမ်းတွင် တိုက်နယ်ဆေးရုံတစ်ရုံလိုအပ်သည်မှာ အမှန်ဧကန် ဖြစ်ပါကြောင်း၊ မိမိတို့ လျှောက်ထားသည့် တိုက်နယ်ဆေးရုံ ခွင့်ပြုပေးနိုင်ရန်အတွက် သတ်မှတ်ထားသော မြေနေရာရှိခြင်း၊ ၎င်းမြေနေရာ၏ ဧရိယာအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြားနည်းအသုံးပြုခွင့်ပေးထားခြင်း မြို့နယ်ကျန်းမာရေး သို့သွားရာတွင်၊ ဆေးရုံသို့သွားရာတွင် ၁၆ မိုင်ကျော်ခန့် ဝေးကွာခြင်း အခြေချတပ်ရင်းတပ်ဖွဲ့များရှိပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ အကျိုးရှိရှိ ကျန်းမာရေး စောင့်ရှောက်မှုများစွာပေးနိုင်သော SOP စံသတ်မှတ်ချက်များနှင့် ပြည့်စုံနေပါကြောင်း၊ သို့ဖြစ်၍ မီးသွေးဘုတ်အုပ်စု၊ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာတွင် ဒေသခံပြည်သူများအတွက် အားကိုးရ သော တိုက်နယ်ဆေးရုံတစ်ခု လိုအပ်လျက်ရှိပါသောကြောင့် တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြု ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

စဉ့်ကိုင်မြို့နယ်သည် ၁၇၂ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း ၁၆၂၆၇၀ ဦးနေထိုင် ပြီး၊ စဉ့်ကိုင်မြို့နယ် ဆေးရုံ ၁ ရုံ၊ စဉ့်ကိုင်မျက်စိရောဂါအထူးကုဆေးရုံနှင့် ပလိပ်တိုက်နယ်ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၄ ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂ဝ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောမြို့နယ်ဖြစ်ပါကြောင်း။ ယခု တိုက်နယ်ဆေးရုံနေရာသည် ရွာဘိုကျေးလက်ကျန်းမာရေးဌာနနှင့် ၃ မိုင်၊... စဉ့်ကိုင်မြို့နယ်သည် ၁၇၂ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း ၁၆၂၆၇၀ ဦးနေထိုင် ပြီး၊ စဉ့်ကိုင်မြို့နယ် ဆေးရုံ ၁ ရုံ၊ စဉ့်ကိုင်မျက်စိရောဂါအထူးကုဆေးရုံနှင့် ပလိပ်တိုက်နယ်ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၄ ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂ဝ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောမြို့နယ်ဖြစ်ပါကြောင်း။
ယခု တိုက်နယ်ဆေးရုံနေရာသည် ရွာဘိုကျေးလက်ကျန်းမာရေးဌာနနှင့် ၃ မိုင်၊ နတ်ရေကန် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ၆ မိုင်သာကွာဝေးပါကြောင်း၊ ရွှေလှံဗိုလ်(ကံအောက်)ကျေးရွာသည် ရွာဘိုကျေးလက်ကျန်းမာရေးဌာနနှင့် နတ်ရေကန်ကျေးလက်ကျန်းမာရေးဌာနခွဲများမှ စောင့်ရှောက်မှု ပေးနေသော ကျေးရွာတစ်ရွာဖြစ်ပြီး၊ ၎င်းနေရာမှ စဉ့်ကိုင်မြို့နယ်ဆေးရုံသို့ ၁၆ မိုင်၊ ကျောက်မီး တိုက်နယ်ဆေးရုံ(ပုသိမ်ကြီး)သို့ ၁၂ မိုင်သာကွာဝေးပြီး၊ လမ်းပန်းဆက်သွယ်မှုအားဖြင့် ကောင်းမွန်ပြီး မော်တော်ကား၊ ဆိုင်ကယ်ဖြင့် ၄၅ မိနစ်ခန့် သွားလာရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးရုံအသစ်များတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် လျော့နည်းလျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်အခြေအနေအပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်ရသည့်အတွက် လက်ရှိ ဖွင့်လှစ်ထားရှိသည့် ဆေးရုံများတွင် အင်အားပြည့်ဖြည့်တင်းနိုင်ရေး ဦးစားပေးဆောင်ရွက်နေရသည့် အချိန်အခါဖြစ်ပါကြောင်း၊ ယခုအဆိုပြုနေရာတွင် တိုက်နယ်ဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အခြေခံ သတ်မှတ်ချက်တစ်ခုဖြစ်သော ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ထားရှိပြီး ယခင်ကျေးလက်ကျန်းမာရေးဌာနအဆင့် ဖွင့်လှစ်ထားရှိပြီးသော ကျေးရွာဖြစ် ရမည်ဆိုသည့် အချက်တစ်ခုနှင့်မကိုက်ညီသေးပါကြောင်း၊ ထို့အပြင် လမ်းပန်းဆက်သွယ်ရေးအရ မြို့နယ်ဆေးရုံသို့ လာရောက်ရန် ခက်ခဲသော နယ်မြေဖြစ်ရမည်ဆိုသည့်အချက်နှင့်လည်း လိုအပ်ချက်ရှိနေပါကြောင်း၊ ထို့ကြောင့် ယခုချိန်တွင် ဦးစားပေးဆောင်ရွက် ခွင့်ပြုပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးခင်မောင်သန်း (ကလေးမဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့အဆင့်တိုးမြှင့်ပေးနိုင်ပါရန်၊ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ပေးနိုင်ပါရန်နှင့် ဆေးရုံကြီးတွင်လိုအပ်လျက်ရှိသော ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးနှင့် ၎င်းဌာနအတွက် ဓာတ်မှန်ကျွမ်းကျင်အဆင့် ၂ တို့အား ခန့်ထားပေးနိုင်ပါရန် တို့နှင့် စပ်လျဉ်းသည့်မေးခွန်း ကလေးမြို့သည် မြို့ပေါ်ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာပေါင်း ၁၅၆ ရွာ... ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့အဆင့်တိုးမြှင့်ပေးနိုင်ပါရန်၊ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ပေးနိုင်ပါရန်နှင့် ဆေးရုံကြီးတွင်လိုအပ်လျက်ရှိသော ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးနှင့် ၎င်းဌာနအတွက် ဓာတ်မှန်ကျွမ်းကျင်အဆင့် ၂ တို့အား ခန့်ထားပေးနိုင်ပါရန် တို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ကလေးမြို့သည် မြို့ပေါ်ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာပေါင်း ၁၅၆ ရွာ ရှိပြီး မြို့နယ်လူဦးရေမှာ ၅၄၃၇၀၀ ကျော်နေထိုင်တဲ့ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ပါကြောင်း၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့သည်လည်း ကလေးခရိုင်ထဲတွင်ပါဝင်သည့် မြို့နယ်များဖြစ်ပါကြောင်း၊ ကလေးမြို့ သည် လေကြောင်းခရီး၊ ရထားလမ်း၊ ကားလမ်းများဖြင့်သွားလာနိုင်သည့် မြို့ကြီးတစ်မြို့လည်း ဖြစ်ပါကြောင်း။
ကလေးမြို့ပြည်သူ့ဆေးရုံကြီးကို ၁၉၅၉ ခုနှစ်တွင် ၁၆ ခုတင်ဆံ့မြို့နယ်ဆေးရုံအဖြစ် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ အဖြစ် ယခုတည်ရှိရာ ကလေးမြို့ ညောင်ပင်သာရပ်ကွက် နယ်မြေ ၄ တွင် ကလေးဝလမ်းမကြီးလမ်းသို့ ပြောင်းရွေ့ဖွင့်လှစ်ကြောင်း၊ မြေအကျယ်အဝန်းသည် ၁၃.၁၁၉ ဧက ရှိပါကြောင်း၊ ၁၉၉၁ ခုနှစ်တွင် ခုတင် ၅၀ ဆံ့ မြို့နယ် ဆေးရုံအဖြစ်၊ ၁၉၉၈ ခုနှစ်တွင် ခုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံအဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၁၆ ခုနှစ် ပထမအကြိမ် လွှတ်တော်ကာလတွင် ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအဖြစ် တိုးမြှင့်၍ ယခုချိန်ထိ ကုသဆောင်ရွက်လျက်ရှိကြောင်း၊ ၁၄-၂-၂၀၂၅ မှစ၍ ကလေးဒေသ လျှပ်စစ်မီးများ ပြတ်တောက်သည့်အခါ ဆိုလာစနစ်မီးစက်များမောင်း၍ အသုံးပြုလျက်ရှိကြောင်း၊ လူနာစောင့်များ အားလုံး RC နှစ်ထပ်များဖြစ်၍ အခြေအနေကောင်းမွန်ကြောင်း။
ကလေးမြို့ အနောက်ဘက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ဟားခါးမြို့များ၊ ကလေးမြို့မြောက်ဘက်တွင် တမူးခရိုင် ကဘော်ချိုင့်ဝှမ်းဒေသ ကျေးရွာများ၊ ကလေးမြို့တောင်ဘက်တွင် ဂန့်ဂေါမြို့နယ်နှင့်မေတ္တာလွင်ပြင်ဒေသများ ၎င်းဒေသများမှ ပြည်သူများ သည် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို အမှီပြု၍ ဆေးကုမှုများခံယူပါကြောင်း၊ ကလေးမြို့၏ ကျောထောက်နောက်ခံဒေသမှာ ကျယ်ပြန့်ပြီး လူဦးရေ များပြားလျက်ရှိပြီး လူနာများ တစ်နေ့တခြား ပိုမိုများပြားလျက်ရှိပါကြောင်း၊ ထို့ပြင် ကလေးမြို့သည် ဒေသ၏ ဗဟိုအချက်အချာကျသည့် မြို့ကြီး တစ်မြို့လည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည့် မေးခွန်းများမှာ _
(၁) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ ဆံ့အား ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်ပါရန်
(၂) ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုနေသော ဓာတ်မှန်စက်များကို ခေတ်မီ အဆင့်မှီ 64 Slice CT များဖြင့် ပြောင်းလဲသတ်မှတ်တပ်ဆင်ပေးနိုင်ပါရန်
(၃) ကိုယ်အင်္ဂါများ၏ ရောဂါများကို အတိအကျစစ်ဆေးနိုင်သည့်အဆင့်မြင့်ပုံရိပ်ပေါ် နည်းပညာအင်ပါယာ ခေါ် သံလိုက်အသုံးပြုမှုဓာတ်မှန်များ တပ်ဆင်ပေးနိုင်ပါရန်၊
(၄) မတော်တဆဖြစ်ရပ်များမှ ဦးနှောက်နှင့်အာရုံကြော ထိခိုက်လူနာများအား အထူး ကြပ်မတ်ကုသရန် မန္တလေးမြို့နှင့်ရန်ကုန်မြို့များရှိ ပြည်သူ့ဆေးရုံကြီးများသို့ အချိန်မီ ပို့ဆောင်နေရပါကြောင်း။
သို့ရာတွင် လမ်းခရီးဝေးခြင်း၊ လေယာဉ်ခရီးများခက်ခဲခြင်းတို့ကြောင့် လူနာများ အသက်ဆုံးရှုံး နေရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၇ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်မှ ချမှတ် ထားသည့် ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်ခြင်းကို ခံယူနိုင်သည် ဆိုသည့်အတွက် ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးနှင့် အဆိုပါဌာနအတွက် ဓာတ်မှန်ကျွမ်းကျင် အဆင့်(၂)တို့အား ခန့်ထားပေးနိုင် ပါရန်နှင့် အထက်ဖော်ပြပါမေးခွန်းများ မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့ အဆင့်တိုးမြှင့်ပေးပါရန်နှင့် ပတ်သက်၍ ရရှိသောအချက်အလက်များအရ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာမှာ ဆေးရုံတွင်ရောက်ရှိသည့် ပျမ်းမျှအတွင်းလူနာဦးရေ ၆၃ ဦးရှိပြီး ဆေးရုံခုတင် ခွင့်ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်းသည် ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်သုံးနှစ်စာ ပျမ်းမျှ... ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့ အဆင့်တိုးမြှင့်ပေးပါရန်နှင့် ပတ်သက်၍ ရရှိသောအချက်အလက်များအရ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာမှာ ဆေးရုံတွင်ရောက်ရှိသည့် ပျမ်းမျှအတွင်းလူနာဦးရေ ၆၃ ဦးရှိပြီး ဆေးရုံခုတင် ခွင့်ပြုခုတင် အသုံးပြုမှုရာခိုင်နှုန်းသည် ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်သုံးနှစ်စာ ပျမ်းမျှ ၂၁ ရာခိုင်နှုန်း သာရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးရုံခုတင်အသုံးပြုမှု ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ချိန်တွင် ခုတင် အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်ပေးနိုင်ပါ ရန်နှင့်စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဆေးရုံလိုအပ်ချက်အရ ဆေးရုံသုံးစက်ပစ္စည်းများ ဖြစ်သည့် မေ့ဆေးစက်၊ အလွယ်တကူသယ်ယူနိုင်သည့် တီဗွီဓာတ်မှန်စက် (Portable Ultrasound), Patient Monitor, Automated Tourniquet Machine စသည့် အဆင့်မြင့်စက်ပစ္စည်းများနှင့် ကွန်ပျူတာဓာတ်မှန် (CT scan 16 slices) တစ်လုံးတို့ကို ထောက်ပံ့ဖြည့်ဆည်းပေးထားပါကြောင်း၊ ခုတင် ၅၀၀ ဆေးရုံများတွင် CT4 slices များ စတင်တပ်ဆင်နေပြီဖြစ်ပါကြေင်း၊ ရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်၍ ဆေးရုံ၏ လူနာတက်ရောက်မှု အခြေအနေပေါ်မူတည်၍ CT4 slices စီစဉ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးခန့်ထားပေးရန်နှင့်ပတ်သက်၍ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆိုင်ရာဆေးရုံသုံး ပစ္စည်းများ (basic or emergency neurosurgical set)ကို အမြန်ဆုံးထောက်ပံ့ပေးမည်ဖြစ်ပြီး အရေးပေါ်ဦးနှောက်နှင့်အာရုံကြောလူနာများကို လိုအပ်ပါက ခွဲစိတ်ကုသနိုင်ရေး အဆိုပါဆေးရုံကြီးရှိ ခွဲစိတ်အထူးကုဆရာဝန်ကြီး ၂ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့လွှတ်၍ ဦးနှောက်နှင့် အာရုံ ကြောခွဲစိတ်ဌာနတွင် သင်တန်းအလှည့်ကျ လေ့ကျင့်ပေးပြီး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၂) ဓာတ်မှန်အား ခန့်ထားပေးရန်နှင့်ပတ်သက်၍ လောလောဆယ် ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် လုပ်ငန်းအရာရှိ ဓာတ်မှန် ၁ ဦး၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၃) ဓာတ်မှန် ၄ ဦးနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၄) ဓာတ်မှန် ၁ ဦးခန့်ထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါ့အပြင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၂) ဓာတ်မှန်ကိုလည်းမကြာမီခန့်အပ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ထပ်မံခန့်ထားပေးသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးစိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
လဲချားမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးကို ၂၅ ခုတင်မှ ခုတင် ၅၀ သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိနှင့် မရှိပါက ဦးစားပေးအစီအစဉ်တွင် ထည့်ထားပေးပါရန်၊ လက်ထောက်ဆရာဝန်တစ်ဦး အမြန် ဆုံးခန့်အပ်ပေးပါရန်နှင့် မွေးလူနာအဆောင် သီးသန့်တစ်ဆောင် အမြန်ဆုံး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း (၁) လဲချားမြို့နယ်တွင် ၂၅ ခုတင်... လဲချားမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးကို ၂၅ ခုတင်မှ ခုတင် ၅၀ သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိနှင့် မရှိပါက ဦးစားပေးအစီအစဉ်တွင် ထည့်ထားပေးပါရန်၊ လက်ထောက်ဆရာဝန်တစ်ဦး အမြန် ဆုံးခန့်အပ်ပေးပါရန်နှင့် မွေးလူနာအဆောင် သီးသန့်တစ်ဆောင် အမြန်ဆုံး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
(၁) လဲချားမြို့နယ်တွင် ၂၅ ခုတင် ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး လက်ရှိ လူဦးရေထူထပ်မှုနှင့် လက်ရှိ သန်းခေါင်းစာရင်းအရ ၃၂,၂၇၉ ဦးရှိသော်လည်း လက်ရှိ အခြေအနေအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းထဲ မရှိ၍ မထည့်ဖြစ်သေးသောကြောင့် ခန့်မှန်းလူဦးရေ ၅၀,၀၀၀ ဦးမှ ၆၀,၀၀၀ ဦးကြားရှိနိုင်ပါကြောင်း၊ ၂၅ ခုတင်သည် လူနာများနှင့် မျှခြေမညီဖြစ်ခြင်းကြောင့် ဆေးရုံတွင် နှစ်စဉ် အတွင်းလူနာများ တစ်ရက်လျှင် ပျှမ်းမျှအတွင်း လူနာအရေအတွက် ၃၀ မှ ၄၀ ဦးအကြားရှိသဖြင့် ၁၀၀ရာခိုင်နှုန်းကျော်ဖြစ်နေပါကြောင်း၊
(၂) ဖွဲ့စည်းပုံ ၂၅ ခုတင်အရ လက်ထောက်ဆရာဝန် ၅ ဦးခန့်ထားပြီး လက်ရှိတွင် ၁ ဦးမျှ မရှိ လစ်လပ်နေသည့်အတွက် လက်ထောက်ဆရာဝန် ၁ ဦး အမြန်ဆုံးလိုအပ်နေပါသဖြင့် ခန့်ပေးပါရန်နှင့်
(၃) မွေးလူနာသီးသန့်ဆောင် ၁ ဆောင် အမြန်ဆုံး လိုအပ်နေကြောင်း၊ မွေးလူနာနှင့် မွေးကင်းစကလေးငယ်များသည် အခြားလူနာများနှင့် ရောနှောထားရှိခြင်းသည် ရောဂါပိုးမွှားများ ကူးစက်လွယ်ခြင်းအတွက် မွေးကင်းစကလေးငယ်များ ရောဂါပိုးမွှားများ ကြိုတင်ကာကွယ်နိုင်ရန် မွေးလူနာဆောင်သီးသန့် ၁ ဆောင် အမှန်တကယ် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၅ ခုတင်မှ ၅၀ ခုတင်သို့ အဆင့်မြှင့်ပေးပါရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ် မရှိပါက ဦးစားပေးအစီအစဉ်ထဲ ထည့်သွင်းပေးပါရန်၊ လိုအပ်နေသည့် လက်ထောက်ဆရာဝန် ၁ ဦး အမြန်ဆုံး ခန့်အပ်ပေးပါရန်နှင့် မွေးလူနာဆောင် သီးသန့် ၁ ဆောင် အမြန်ဆုံးလိုအပ်နေကြောင်း မေးမြန်းခဲ့ပါသည်။

၂၅ ခုတင်မှ ခုတင် ၅၀ အဆင့်တိုးမြှင့်ပေးရန်အစီအစဉ်နှင့်စပ်လျဉ်း၍ လဲချားမြို့နယ်ဆေးရုံ၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာ တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေသည် ၄၂ ဦးရှိပြီး တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေ ၅၀ ဦးထက်ကျော်လွန်မှသာ ခုတင်အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဦစားပေးအစီအစဉ်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လဲချားမြို့နယ်၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မောင်နွယ် ၁ ဦး၊ သွားဘက်ဆိုင်ရာ... ၂၅ ခုတင်မှ ခုတင် ၅၀ အဆင့်တိုးမြှင့်ပေးရန်အစီအစဉ်နှင့်စပ်လျဉ်း၍ လဲချားမြို့နယ်ဆေးရုံ၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာ တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေသည် ၄၂ ဦးရှိပြီး တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေ ၅၀ ဦးထက်ကျော်လွန်မှသာ ခုတင်အဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဦစားပေးအစီအစဉ်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လဲချားမြို့နယ်၌ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မောင်နွယ် ၁ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ ဇော်ဝင်းဌေးတို့နှင့်အတူ ဆီဆိုင်မြို့မှ လက်ထောက်ဆရာဝန်ဒေါက်တာ ဝင်းလွင်ဦးကို ပြည်သူ့ဆေးရုံကြီး၊ လဲချားမြို့တွင် တွဲဖက်တာဝန်ထားထားပေးပြီး ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် သစ်လွင်ဆရာဝန်များ ခန့်ထားသည့်အချိန်တွင်လည်း လက်ထောက်ဆရာဝန် ၁ ဦးကို ခန့်ထားပေးမည်ဖြစ်ပါကြောင်း၊ လဲချားမြို့နယ်တွင် သူနာပြုများ အနေဖြင့် အထက်တန်းသူနာပြု ၅ ဦးနှင့် သူနာပြု ၁၀ ဦးတို့ဖြင့် ဖွဲ့စည်းပုံအပြည့် ခန့်အပ်ထားပြီး ဖြစ်ကြောင်း၊ မွေးလူနာဆောင်သီးသန့် အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်း၍ လဲချားမြို့ ပြည်သူ့ဆေးရုံတွင် တစ်ထပ်ဆောင် အဆောက်အဦများဖြင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး အဆောက်အဦ၊ မွေးလူနာ၊ မွေးကင်းစကလေး လူနာဆောင်နှင့် သင်တန်း ခန်းမပါအဆောက်အဦ စံကိုက်ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါရှိသည့် အဆောက်အဦ၊ ကူးစက်လူနာ ဆောင် အဆောက်အဦများ အသုံးပြုလျက်ရှိပြီး တိုးချဲ့ ၂ ထပ်ဆောင် ၄၂ ပေ x ၁၇၂ ပေအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်ပြီး ကျား မ အတွင်းလူနာများ၊ ကလေးလူနာများ၊ အောက်ဆီဂျင် လိုင်း တပ်ဆင်ထားသည့် သီးသန့်ခန်းများ အသုံးပြုလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တွင်လည်း ခွင့်ပြုရန်ပုံငွေကျပ် ၂၉.၃၇ သန်းဖြင့် မွေးလူနာ၊ မွေးကင်းစ ကလေးလူနာဆောင် အပါအဝင် တစ်ထပ်ဆောင် ၁ ဆောင်အား ပြင်ဆင်မွမ်းမံထားရှိပါကြောင်း။
သို့ဖြစ်ပါ၍ သင်တန်းခန်းမ ပါရှိသည့် အဆောင်တွင် သင်တန်းခန်းမအတွက် နေရာသုံးစွဲခြင်း မပြုဘဲ မွေးလူနာနှင့် မွေးကင်းစကလေးများအတွက် သီးသန့်ထားရှိရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိပါကြောင်းနှင့် လိုအပ်ပါက နှစ်ထပ်ဆောင်တွင်ရှိသည့် သီးသန့်ခန်းများတွင် အသုံးပြုပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
သို့ဖြစ်ပါ၍ သင်တန်းခန်းမ ပါရှိသည့် အဆောင်တွင် သင်တန်းခန်းမအတွက် နေရာသုံးစွဲခြင်း မပြုဘဲ မွေးလူနာနှင့် မွေးကင်းစကလေးများအတွက် သီးသန့်ထားရှိရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိပါကြောင်းနှင့် လိုအပ်ပါက နှစ်ထပ်ဆောင်တွင်ရှိသည့် သီးသန့်ခန်းများတွင် အသုံးပြုပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးသန်းအေး(ကျောက်ဖြူမဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
ကျောက်ဖြူမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် အရေးတကြီးလိုအပ်နေသည့် ဆေးဝါး များနှင့် ဆရာဝန်၊ ဝန်ထမ်းများအား ဆောလျင်စွာ စေလွှတ်ခန့်အပ်ပေးသွားရန်အစီအစဉ် ရှိ မရှိ အား သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း ကျောက်ဖြူမြို့သည် ခုတင် ၂၀၀ ဆံ့ ခရိုင်အဆင့် ဆေးရုံရှိသော မြို့ဖြစ်ပါကြောင်း၊ ယခု ကာလ လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်ရှိမြို့များတွင် ရန်ကုန်သို့... ကျောက်ဖြူမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် အရေးတကြီးလိုအပ်နေသည့် ဆေးဝါး များနှင့် ဆရာဝန်၊ ဝန်ထမ်းများအား ဆောလျင်စွာ စေလွှတ်ခန့်အပ်ပေးသွားရန်အစီအစဉ် ရှိ မရှိ အား သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ကျောက်ဖြူမြို့သည် ခုတင် ၂၀၀ ဆံ့ ခရိုင်အဆင့် ဆေးရုံရှိသော မြို့ဖြစ်ပါကြောင်း၊ ယခု ကာလ လုံခြုံရေးအခြေအနေကြောင့် ရခိုင်ပြည်နယ်ရှိမြို့များတွင် ရန်ကုန်သို့ သွားရောက် ပညာ သင်ဆေးကုသွားမည့်သူများသည် ကျောက်ဖြူမှတစ်ဆင့် လေကြောင်းခရီးတစ်ခုသာ သွားလာ နိုင်ပြီး ငွေကြေးအခက်အခဲများစွာ ကုန်ကျပါကြောင်း၊ လက်ရှိတွင် ကျောက်ဖြူဆေးရုံ၌ ကုသရေး ဆေးဝါးများ ပြတ်လပ်နေပြီး ဝန်ထမ်းအင်အားအနေဖြင့် ယခင် ကဆရာဝန် ၃၀ဦးရှိခဲ့ပြီး ယခုအခါ ဆေးရုံအုပ်ကြီးအပါအဝင် ၃ ဦးသာရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မနိုင်တာဝန် ထမ်းဆောင်နေခဲ့ရသည်မှာ ၂ နှစ်ခန့် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခုတင် ၂၀၀ ဆံ့ဆေးရုံကြီး အတွက် အရေးတကြီး လိုအပ်နေသည့် ဆေးဝါးများနှင့် ဆရာဝန်၊ ဝန်ထမ်းများအား ဆောလျင်စွာ ခန့်အပ်ပေးသွားရန် အစီအစဉ် ရှိ/မရှိ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကာလတွင်ပါတီဌာနချုပ်မှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းခဲ့ပါကြောင်း၊ သို့ရာတွင် အခုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကာလတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ခွဲစိတ်ဆရာဝန်၊ ကလေးအထူးကု ဆရာဝန်၊ ဓာတ်မှန်ဆရာဝန်နှင့် ဆေးရုံအုပ်ကြီးအသစ်တို့ရောက်ရှိလာသည့် သတင်းကို ကြားရပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများကို များစွာ ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် ယခုထက် ပိုမိုကောင်းမွန်ပြည့်စုံသော ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်း၍ ပြောကြားခဲ့ပါသည်။

မေးမြန်းချက်နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကိုလည်း မိမိတို့ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါ ကြောင်း၊ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် လိုအပ်မှုရှိနေသည့် ပစ္စည်းများနှင့်စပ်လျဉ်းပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အတွင်းမှာဓာတ်ခွဲခန်းသုံး ဖြစ်သည့် သွေးအုပ်စုခွဲခြားပေးသည် ဆေးရည်များ၊ သွေးသွင်းရာ တွင်အသုံးပြုသည့် သွေးအိတ် အမျိုးမျိုး၊ အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုး HIV/ ကာလသားရောဂါ၊ ငှက်ဖျား၊ သွေးလွန် တုပ်ကွေးစသည့် ရောဂါစစ်ဆေးသည့် Test Kit များ၊ လိုအပ်သည့်ပတ်တီးလိပ်မျိုးစုံ၊ ဆေးရုံသုံး... မေးမြန်းချက်နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကိုလည်း မိမိတို့ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါ ကြောင်း၊ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် လိုအပ်မှုရှိနေသည့် ပစ္စည်းများနှင့်စပ်လျဉ်းပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အတွင်းမှာဓာတ်ခွဲခန်းသုံး ဖြစ်သည့် သွေးအုပ်စုခွဲခြားပေးသည် ဆေးရည်များ၊ သွေးသွင်းရာ တွင်အသုံးပြုသည့် သွေးအိတ် အမျိုးမျိုး၊ အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုး HIV/ ကာလသားရောဂါ၊ ငှက်ဖျား၊ သွေးလွန် တုပ်ကွေးစသည့် ရောဂါစစ်ဆေးသည့် Test Kit များ၊ လိုအပ်သည့်ပတ်တီးလိပ်မျိုးစုံ၊ ဆေးရုံသုံး သန့်စင်ပြီးဂွမ်းလိပ်၊ ချည်သားဆေး ပတ်တီးလိပ် စသည်တို့ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ဆေးဝါးဝယ်ယူရေး အတွက် ရန်ပုံငွေကျပ် ၁၉ သန်း ခွင့်ပြုခဲ့ပြီး ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၂၀ သန်း ခွဲဝေချထားပေးပြီးဖြစ်သည့်အတွက် အရေးတကြီးလိုအပ်သည့် ဆေးဝါးများကို ဆေးရုံအုပ်ကြီး၏ အစီအစဉ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ခွဲစိတ်ခန်းသုံး ထိန်းချုပ် ဆေးဝါးများဖြစ်သည့် Injection Diazepam, Injection Ephedrine, Injection Tramadol စသည့် ကိုက်ခဲမှု၊ နာကျင်မှုများကို ပျောက်ကင်းစေသည့် ဆေးများကိုလည်း ထောက်ပံ့ပေးထား ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ လိုအပ်ချက်နှင့်အညီ ဆေးဝါးများဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ။
ဆရာဝန်၊ ဝန်ထမ်းများအား ခန့်အပ်ပေးမှုအခြေအနေနှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီး တစ်ဦးကို ၁-၆-၂၆ ရက်နေ့တွင် ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိတာဝန်ထမ်းဆောင် စေပြီး လက်ရှိဆေးရုံအုပ်ကြီးအပြင် ခွဲစိတ်အထူးကု၊ ဓာတ်မှန်အထူးကုဆရာဝန်များ လက်ထောက် ဆရာဝန် တစ်ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ဆရာဝန်များ၊ သူနာပြုများ လေ့ကျင့်မွေးထုတ်မှုအပေါ် မူတည်၍ လုပ်ငန်းလိုအပ်ချက်နှင့်အညီ တာဝန်ချထားပေးသွားမည် ဖြစ်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းသစ်လွင်များကိုလည်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် ခန့်ထားပေးရန် စီစဉ်ထားပါကြောင်း၊ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးတွင် လောလောဆယ် သူနာပြုအုပ် ၁ ဦး၊ သူနာပြုကြီး ၄ ဦး၊ အထက်တန်းသူနာပြု ၁၅ ဦး၊ သူနာပြု ၃ ဦးရှိပါကြောင်းနှင့် သစ်လွင်သူနာပြု ၅ ဦးကိုလည်း၂၀၂၆ ခုနှစ်၊ ဇွန်လထဲတွင် ခန့်ထားပေးပြီးဖြစ်ကြောင်း၊ ထို့အပြင် ဆေးရုံအုပ်ကြီးအနေဖြင့် နေ့စားဝန်ထမ်းများ လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု ခန့်ထားနိုင်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။

စဉ်
၁
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုး ကျေးရွာသည် လူဦးရေ ၁၅၅၄ ဦးရှိပြီး ကုက္ကိုလ်ဝမြစ်ကမ်းပါးပေါ်တွင် တည်ရှိပါကြောင်း၊ မိုးတွင်းကာလ၌ အဆိုပါ ကျေးရွာသည် ဆည်မြောင်းဦးစီးဌာန၏ ရေတားတမံတွင် သွားလာနေရခြင်းကြောင့် ဗွက်ထူထပ် ခြင်း၊ သွားရေးလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရခြင်း၊ အဆိုပါကျေးရွာသည် မြစ်ကမ်းဘေး တွင် တည်ရှိနေခြင်းကြောင့် စက်လှေမရှိလျှင် သွားရေးလာရေးအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်သည့်အခါ လွန်စွာဒုက္ခရောက်ပါကြောင်း။ အဆိုပါ... ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုး ကျေးရွာသည် လူဦးရေ ၁၅၅၄ ဦးရှိပြီး ကုက္ကိုလ်ဝမြစ်ကမ်းပါးပေါ်တွင် တည်ရှိပါကြောင်း၊ မိုးတွင်းကာလ၌ အဆိုပါ ကျေးရွာသည် ဆည်မြောင်းဦးစီးဌာန၏ ရေတားတမံတွင် သွားလာနေရခြင်းကြောင့် ဗွက်ထူထပ် ခြင်း၊ သွားရေးလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရခြင်း၊ အဆိုပါကျေးရွာသည် မြစ်ကမ်းဘေး တွင် တည်ရှိနေခြင်းကြောင့် စက်လှေမရှိလျှင် သွားရေးလာရေးအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်သည့်အခါ လွန်စွာဒုက္ခရောက်ပါကြောင်း။
အဆိုပါ ညောင်ရိုးကျေးရွာ အထက်တန်းကျောင်းတွင် ကရင်ချောင်းရွာ၊ စာဖြူစုရွာ၊ သနပ်ပင် ကျေးရွာ၊ မြစ်တစ်ဘက်ကမ်းတွင်ရှိသည့် ညောင်ရိုးကျေးရွာများမှ ကျောင်းသား ကျောင်းသူများ လည်း လာရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု များ လိုအပ်ပါကြောင်း၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တစ်ခု ဆောက်လုပ်နိုင်ရန်အတွက် အကျယ် ပေ ၁၁၀၊ အနံ ပေ ၁၁၀ ရွာပိုင်မြေကို ဆောင် ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် ကျေးလက် ကျန်းမာရေး ဌာနခွဲတစ်ခု ပေါ်ပေါက်မည်ဆိုပါက ညောင်ရိုးကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ၊ မြစ် တစ်ဘက်ကမ်းရှိကျေးရွာများ စုစုပေါင်း ၈ ရွာရှိ လူဦးရေပေါင်း ၄,၆၆၂ ဦးအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ခံစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ၊ အဆိုပါကျေးရွာ ကျန်းမာရေးဌာနခွဲအား မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၆ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ဌာန ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် အိမ်ခြေ ၃၂၀ အိမ်နှင့် လူဦးရေ ၁,၂၅၉ ဦးရှိပါ ကြောင်း၊ ညောင်ရိုးကျေးရွာသည် ထိုးနာရီကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင်ရှိပြီး အဆိုပါ ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ၆... ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၆ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ဌာန ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် အိမ်ခြေ ၃၂၀ အိမ်နှင့် လူဦးရေ ၁,၂၅၉ ဦးရှိပါ ကြောင်း၊ ညောင်ရိုးကျေးရွာသည် ထိုးနာရီကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင်ရှိပြီး အဆိုပါ ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ၆ ဖာလုံ (၀.၈) မိုင်အကွာတွင် တည်ရှိပြီး ထိုးနာရီ ကျေးလက် ကျန်းမာရေးဌာနခွဲသည် ထိုးနာရီရွာ၊ ညောင်ရိုးရွာ၊ ကရင်ချောင်းရွာ၊ စာဖြူစုရွာ၊ သနပ်ပင်ရွာ၊ အညာစုရွာများရှိသည့် အိမ်ခြေ ၁,၀၀၀ အိမ်နှင့် လူဦးရေ ၅,၀၀၀ ဦးကျော်ကို သားဖွား ဆရာမ ၁ ဦး နှင့် ကျန်းမာရေးမှူး(၄)တစ်ဦး စုစုပေါင်း ၂ ဦးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း။
ညောင်ရိုးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု ဖွင့်လှစ်ခွင့်ရရှိပါက ထပ်မံလာ ရောက်ပြသနိုင်သည့်ကျေးရွာသည် ကရင်ချောင်းကျေးရွာရှိပြီး ကရင်ချောင်းကျေးရွာတွင် အိမ်ခြေ ၉၆ အိမ်နှင့် လူဦးရေ ၃၇၈ ဦးရှိသည့်အတွက် လူဦးရေအများဆုံး ၁,၆၃၇ ဦးကိုသာ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံမူအားဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု ဖွင့်လှစ်ရန်အတွက် လူဦးရေပျမ်းမျှအနည်းဆုံး ၂,၀၀၀ ဦးခန့် လွှမ်းခြုံမှုရှိရန် လိုအပ်ပါကြောင်း၊ လက်ရှိတွင်လည်း ညောင်ရိုးကျေးရွာနေ ပြည်သူများကို ထိုးနာရီ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ရှိသည့် ကျန်းမာရေးဝန်ထမ်းများမှ တစ်ပတ်လျှင် တစ်ကြိမ် သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် လက်ရှိကာလတွင် လိုအပ်မှု မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။