Weekly News

📱RFAAug 6 | 22:18

ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို~~~ ◼️ ငလျင်ဘေးသင့်ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီ တို့က တိကျပြတ်သားတဲ့ အရေးယူမှုတွေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်က ပြည်သူလူထုတွေအပေါ် ရက်စက်မှုတွေ ကျူးလွန်နေတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် ကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီလ ၁၄ ရက်နေ့က စာပေးပို့ တောင်းဆိုလိုက်တာပါ။ သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 15:28

ရေစကြိုမြို့နယ် ဗလဘရွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ~~~ မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘရွာဟာ ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်ခံရပြီးနောက် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုအတွင်း နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ရေစကြိုမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၅၆၊ ခလရ ၂၅၇ ၊ ခလရ ၂၅၈ တပ်ရင်းတွေအပြင် ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မက အင်အား၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 15:22

ငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် သုံးထောင်ကျော်ရရှိထား~~~ ငလျင်အတွက် လူသားချင်းစာနာမှုအကူအညီ တန်ချိန် ၃၃၈၀ ကျော်ရရှိထားပြီလို့ စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။နိုင်ငံ၂၄ နိုင်ငံက ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် လေယာဉ်အခေါက်ရေ ၁၃၃ ကြိမ် ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ဧပြီလ ၁၄ ရက်နေ့ညမှာ ပြောဆိုပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း ၁၈၆၂ ဦးအပြင် လူသားချင်းစာနာမှုအကူအညီအတွက် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၂၁၀ ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁၁၇၀ လက်ခံရရှိထားပြီလို့ ဆိုပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 15:16

ဖေဉာဏ်ပြီးအလှည့်ဆိုပြီး ဝစီပိတ်လဲ ဒူးတုန်နေရှာပြီ🎋💦💥👇💥💦🎋https://mm-news.xyz/?p=34334

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 14:18

သာယာဝတီအကျဉ်းထောင် ညှဉ်းပမ်းနှိပ်စက်မှု အချက်အချာနေရာဖြစ်နေ~~~ မြန်မာနိုင်ငံ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပင်္မးနှိပ်စက်မှု၊ ဆေးကုသခွင့်မရမှုတွေနဲ့ အဓမ္မလုပ်အားပေးတွေ ခိုင်းစေခံနေရတယ်လို့ ကမ္ဘာ့ညှဉ်းပမ်းနှိပ်စက်မှုတိုက်ဖျက်ရေးအဖွဲ့ OMCT က ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကထည်းက စစ်ကောင်စီဟာ ထောင်နဲ့ချီတဲ့ နိုင်ငံရေး အတိုက်အခံတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားတွေကို လုပ်ကြံဖန်တီးပြီး နိုင်ငံရေးလှုံ့ဆော်မှုစွဲချက်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။အဲဒီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အင်းစိန်၊ ဘားအံနဲ့ ပြည်အကျဉ်းထောင်တို့က ပြောင်းရွှေ့လာသူတွေပါအဝင် စုစုပေါင်း အကျဉ်းသား ၃၉၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 14:17

မြန်မာ့ငလျင်ဘေးအတွက် တောင်ကိုရီးယား ထောက်ပံ့ရေးပစ္စည်းတွေပေးပို့~~~ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံး လူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကိုရီးယားနိုင်ငံဟာ KOICA (ကိုရီးယား နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ) အရေးပေါ် သိုလှောင်ရုံက အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးပေးပို့မှုမှာ ရွက်ဖျင်တဲ ၅၀၀၊ စောင် ၈၀,၀၀၀ နဲ့ ရေသန့်ဗူး ၄,၀၀၀ ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းခွဲဖိုး ပါဝင်တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းတွေကို လေယာဉ်နဲ့ အဆင့်ဆင့် ပို့ဆောင်ပေးနေကြောင်းလည်း ဖော်ပြပါတယ်။ သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 13:48

မြောက်ဥက္ကလာမှာ ဖြစ်ခဲ့တဲ့ ကလီစာထုတ် ကျားဖြန့်😢🥀🍃👇🍃🥀😢https://mm-news.xyz/?p=34329

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 13:22

စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ် ဘာထူးခြားမည်နည်း၊ ဆွေးနွေးမှုများတွင် စွမ်းအင်ကဏ္ဍပါဝင်မည် --------------------------စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် နယ်စပ်လုံခြုံရေးသာမက စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးလည်း အဓိကဆွေးနွေးမည် ဖြစ်သည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80179/

ဆက်လက်ဖတ်ရန် →
📱People MediaAug 6 | 13:19

အသံဖိုင်ဖြင့် နားဆင်လိုသည့်မိတ်ဆွေများအတွက် အသံဖိုင်ဖြစ်ပါသည်။#Peoplemedianews

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 13:04

စေတနာနဲ့ လာလှူတာကို ဒီလိုကြီး လုပ်ရက်လေသလား...😢🥀🍃👇🍃🥀😢https://mm-news.xyz/?p=34394

စေတနာနဲ့ လာလှူတာကို ဒီလိုကြီး လုပ်ရက်လေသလား...😢…
ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 12:29

DVB Digital ည ၇ နာရီ သတင်း (၆ ရက် သြဂုတ်လ ၂၀၂၆)🗞 ထိုင်းရောက် စစ်အာဏာရှင်ကို မြန်မာ တက်ကြွလှုပ်ရှားသူတွေ UN ရုံးရှေ့ဆန္ဒပြ🗞 ဒီးမော့ဆိုမှာ မူးယစ်ဆေးပေါများပြီး ဒုစရိုက်မှုတွေ နေ့တိုင်းဖြစ်ပွားနေ🗞 လေးမျက်နှာ ရေဘေးကြောင့် သေဆုံးသူ ၂ယောက်ထိရှိလာ#dvbtvnews #dvbdigital #myanmar #dvbnews https://youtu.be/mXdXiaaeP28

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 12:28

မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသ ဗုံးကြဲခံရ~~~◼️ တရုတ် ကြားဝင်စေ့စပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုမရခဲ့တဲ့နောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ဒေသတွေ ဆက်တိုက် ဗုံးကြဲခံရတယ်လို့ TNLA က မေလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်က စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA) တို့တွေ့ဆုံခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စတဲ့ ဒေသတွေကနေ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တာကို TNLA ဘက်က ပယ်ချခဲ့တာကြောင့် ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပါတယ်။ သတင်းအပြည့်အစုံ

မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး…
ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 12:11

အယ်ဘတွေကို ဒူးနဲ့မျက်ရည်မိတ်ဆက်ပေးလိုက်တဲ့ နတ်ရေကန် ကမ္ဘာလုံးရေဒါ💃🏻🌿🤩👇🤩🌿💃🏻https://mm-news.xyz/?p=34323

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 12:10

စစ်အုပ်စု နိုင်ငံတကာနှင့် ပိုမိုဆက်ဆံနိုင်ရေး ထိုင်း ထောက်ခံ၊ မြန်မာခရိုနီများ ပံ့ပိုးသည့်စီးပွားရေးဖိုရမ် စစ်ခေါင်းဆောင်တက်ရောက်--------------------------ဦးမင်းအောင်လှိုင်၏ ဘန်ကောက်ခရီးစဉ်အတွင်း ထိုင်းအစိုးရက သံတမန်ရေးရာ ထောက်ခံအားပေးမှု ပိုမိုပြသခဲ့သော်လည်း  လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80227/

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 12:06

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏ ဇွန်လ ပန်ဆန်း ခရီးစဉ်အကြောင်း ၂ လအကြာတွင် အသိပေး---------------------------စစ်တပ်မဟာမိတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ ဇွန်လအတွင်း “ဝ“ ဒေသမြို့တော်သို့ သွားရောက်ခဲ့သည်မှာ လက်နက် အရောင်းအဝယ်ကိစ္စမဟုတ်ဘဲ မရောက်ဖူးသဖြင့် သွားရောက်လည်ပတ်ခြင်းဟု ထိုအဖွဲ့က ဆိုသည်။ခရီးစဉ်အတွင်း ဦးခွန်သိန်းဖေသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဗဟိုနိုင်ငံရေးဌာနကြီးမှူး ဦးကျောက်အိုက်နပ်လိုင်နှင့် တွေ့ဆုံခဲ့သည်။ ပါတီဒုဥက္ကဋ္ဌဦးကျောက်ကော်အန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုရက်ပိုင်း နေပြည်တော်၌ ရောက်နေပြီး အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ပအိုဝ်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးကမူ ဦးခွန်သိန်းဖေ၏ ခရီးစဉ်အတွင်း လက်နက်အရောင်းအဝယ်ကိစ္စ ပါမပါကို ၎င်းအနေဖြင့် အတိအကျမသိသော်လည်း အဖွဲ့အနေဖြင့် “ဝ” ထံမှ လက်နက်ဝယ်ယူဖူးသည်ဟု ဝန်ခံသည်။PNO သည် နိုင်ငံရေးပါတီအဖြစ် လက်ရှိတွင် ရပ်တည်ဖွဲ့စည်းထားသလို စစ်တပ်နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယား (ကရင်နီ) ပြည်နယ်ထိစပ်ဒေသတွင် တော်လှန်ရေးတပ်များကို တိုက်ခိုက်နေသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80174/

ဆက်လက်ဖတ်ရန် →
📱People MediaAug 6 | 12:04

အသံဖိုင်ဖြင့် နားဆင်လိုသည့်မိတ်ဆွေများအတွက် အသံဖိုင်ဖြစ်ပါသည်။#PeopleMedia

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 11:31

ဆားကို ကုန်ချောအဖြစ်တင်ပို့ရန် ထိုင်းကိုမယှဉ်နိုင်သဖြင့် ဆားကြမ်းကိုသာ တင်ပို့ရန် ရည်မှန်းထား စိမ့်စမ်းရေ (NP News) - သြဂုတ်လ ၆https://www.npnewsmm.com/news/6a746f005f641001eb36ca41လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆားကို ကုန်ချောအဖြစ်တင်ပို့ရန် ထိုင်းကိုမယှဉ…
ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 11:31

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ရဲ့တိုက်တွန်းချက်ဟာ စစ်ကောင်စီအပေါ်ဘယ်လိုသက်ရောက်နေပါသလဲ။ အမေရိကန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်သူတွေကို သုတချမ်းသာက ဆက်သွယ်မေးမြန်းထားပါတယ်။ #dvbtvnews #ဒေါ်အောင်ဆန်းစုကြည် #လွှတ်ပေးဖို့ #ကန်လွှတ်တော်ကော်မတီ #တိုက်တွန်း #myanmar https://youtu.be/fSSaV3uwYPM

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိချက်ချင…
ဆက်လက်ဖတ်ရန် →
📱Eleven MediaAug 6 | 11:30

■WHO အကြီးအကဲက အီဘိုလာရောဂါကူးစက်မှု အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည့် ဒီအာကွန်ဂိုနိုင်ငံသို့ သွားရောက်ကြည့်ရှုကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရိုစ် အာဒါနွန် ဂေဘရီယေဆုသည် အီဘိုလာရောဂါ ကူးစက်မှု အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည့် ဒီအာကွန်ဂိုနိုင်ငံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း အီဘိုလာရောဂါတုံ့ပြန်ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ပိုမိုကာကွယ်ပေးရန် ဩဂုတ် ၅ ရက်တွင် တိုက်တွန်းခဲ့သည်။ဒီအာကွန်ဂိုနိုင်ငံသည် ၎င်း၏ ၁၇ ကြိမ်မြောက် အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကို မေလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။WHO မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဒီအာကွန်ဂိုနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှုကြောင့် အတည်ပြုလူနာ ၃၈၇၄ ဦး ရှိခဲ့ပြီး ၁၇၅၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။Read More - - - >>>https://news-eleven.com/article/314033

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 11:24

ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ ရုံးဌာနတွေ မူလကုမ္ပဏီတွေကို ပြန်ပြင်ခိုင်းမည်~~~ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရရုံး၊ ဌာနအဆောက်အဦတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် မူလဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးသွားမယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။အဆောက်အဦးတွေ ပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။သတင်း အပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 11:23

စစ်တပ်ထိန်းချုပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်တွင် ကျားဖြန့်တရုတ် ၄၀ နီးပါး ဖမ်းမိ---------------------------ကျားဖြန့်လုပ်ငန်းကို အမျိုးသားရေးတာဝန် တရပ်အဖြစ် တိုက်ဖျက်မည်ဟုဆိုသည့် အာဏာသိမ်း စစ်တပ်၏နယ်မြေ၌ ထိုလုပ်ငန်း လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများအား သေနတ်များနှင့်တကွ ဖမ်းဆီး မိခဲ့သည်။အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ ပြည့် မိန့်ခွန်းတွင်မူ မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သည့် နိုင်ငံခြားသား ခုနစ်သောင်းကျော်အား ဖမ်းဆီးနိုင်ခဲ့သည်ဟု ထည့်သွင်းပြောဆိုခဲ့ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဆက်လက်တိုက်ဖျက်မည်ဟု ဆိုထားသည်။သို့ရာတွင် ကျားဖြန့်လုပ်ငန်းများမှာ အမြစ်ပြတ်သွားခြင်းမရှိဘဲ နေရာရွှေ့ပြောင်း  ဆက်လက်လုပ်ကိုင်နေကြကာ ရှင်သန်ကြီးထွားနေဆဲသာဖြစ်ကြောင်း ၎င်းတို့ အခြေစိုက်ရာဒေသများ၌ နေထိုင်သူများက Myanmar Now ကို ပြောထားကြသည်။ တရုတ်- မြန်မာနယ်စပ်တွင် အခြေပြုပေါ်ပေါက်လာသော ကျားဖြန့်လုပ်ငန်းများသည် လက်ရှိတွင် စစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများရှိရာ ကရင်ပြည်နယ် မြဝတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အချို့တွင် ဆက်လက်လည်ပတ်နေသည်ဟု ဒေသခံများထံက စုံစမ်းသိရသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80167/

စစ်တပ်ထိန်းချုပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း…
ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 11:23

မူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားလေးဦးသေဆုံး~~~ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မူးမြို့နယ်မှာ ဧပြီလ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားလေးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုး သားအစည်း အရုံး (KNU) က ဧပြီလ ၃၀ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။မူးမြို့နယ်မှာ ဧပြီလ ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကညင်တိုင်းကျေးရွာ လေကြောင်းကနေ တိုက်ခိုက် ခံရပြီး အသက် ၅၀ အရွယ် ဒေါ်မခိုင်ဝင်း၊ အသက် ၄၈ နှစ်အရွယ် ဦးစိန်ရန်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်အိရွှေဝင်းတို့သေဆုံးခဲ့သလို နောက်ထပ် အသက် နှစ်နှစ်နီးပါးအရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။သတင်း အပြည့်အစုံကို

မူးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြော…
ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 11:21

ရှမ်းပြည်တပ်မတော်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်ပွားမှု တွေ့ဆုံဆွေးနွေးမည်~~~◼️ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) လက်အောက်ခံ ရှမ်းပြည်တပ်မတော်(SSA) နဲ့ ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့အကြား စစ်ရေးတင်းမာမှုတွေကို ပြေလည်ဖို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ SSPP က ဧပြီလ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တော်ဟိုင်းရွာ၊ ဟူးမြီရွာ၊ နားနန်း၊ စိန်ကျော့ အပါအဝင် နေရာရှစ်ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပြင် ထိုးကြိတ် ရိုက်နှက် ဖမ်းဆီးမှုလည်း ၂၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱Kyaw SwarAug 6 | 11:14

Aug-6▪️မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်များ အရှိန်မြှင့် အကောင်အထည်ဖော်မည်ဗန်ကောက်၊ ဩဂုတ် ၆မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့် ပြည်သူအချင်းချင်း ဖလှယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့် အကောင်အထည်ဖော်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးမှုများအရ မြန်မာနှင့် ထိုင်းတို့သည် BIMSTEC၊ ACMECS စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရားများမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 11:12

မြန်မာမှာ အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အမေရိကန် တိုက်တွန်း~~~◼️ မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ နဲ့ လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာဆိုင်ရာ အမေရိကန်အကြီးတန်းအရာရှိ Sean O’Neill က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့မှာ ဧပြီ ၂၂ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့အညီ မြန်မာနိုင်ငံ အမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေး အဆင်ပြေချောမွေ့စေဖို့ အာဆီယံ နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ အမေရိကန်ပြည်ထောင်စုက အာမခံကြောင်းလဲ ပြောပါတယ်။ သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 11:10

ထိုင်း-မြန်မာစီးပွားရေးဖိုရမ်က ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်နိုင်တော့မှာလား(ဘာသာပြန်ဆောင်းပါး)Pika(NP News) ဩဂုတ် ၆https://www.npnewsmm.com/news/6a746b438cc59f580c5a82e0လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 11:06

တောင်ဒဂုံမှာ ပေါ်တာပါသွားတဲ့ ဒလီသမားလေး မောင်ဝေယံ အတွက်😢🥀🍃👇🍃🥀😢https://mm-news.xyz/?p=34365

ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 11:01

ကရင်နီ ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြားကနေပဲ မူးယစ်ဆေးဝါးတွေ ပေါများလာကာ ခိုးဆိုးလုနှိုက်မှုတွေ နေ့စဉ် ဒေသခံတွေ ကြုံနေရပါတယ်။ ဒါကြောင့်တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေအနေနဲ့ မူးယစ်ဆေးနှိမ်နင်းရေးကိုထိရောက်စွာ လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။ #dvbtvnews #ဒီးမော့ဆို #မူးယစ်ဆေး #ဒုစရိုက်မှု #နေ့တိုင်းဖြစ်ပွားနေ #myanmar https://youtu.be/SKKEQhHN3NY

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 10:58

မြန်မာ-ထိုင်း ကုန်သွယ်မှုရည်မှန်းချက် အမေရိကန်ဒေါ်လာ (၁၂) ဘီလျံ ရရှိရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီသန့်ဇင်(NP News)-ဩဂုတ် ၆https://www.npnewsmm.com/news/6a74686a6044ec59bf79113bလစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 10:44

နတ်မောက် နှင့် ဆက်စပ်ဒေသက မငြိမ်းသေးသော မီး (အင်တာဗျူး) သုတကျော် (NP News) - သြဂုတ်လ ၆ https://www.npnewsmm.com/news/6a74653af4a7f51b623a091dလစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 10:37

ဘုန်းကြီးပျံကနေ နောက် လူ ၂ ဦး ထပ်မံ သေဆုံးခဲ့ရတဲ့အဖြစ်😢🥀🍃👇🍃🥀😢https://mm-news.xyz/?p=34315

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 10:28

အိမ်နီးချင်းနိုင်ငံတို့၏ စီးပွားရေးအိပ်မက် နေပြည်တော် သဘောတူရုံဖြင့် မပြီးနိုင်သည့်အခါ …---------------------------စစ်တပ်အစိုးရ၏ တရားဝင်အာဏာနှင့် မြေပြင်ထိန်းချုပ်နိုင်စွမ်းကြား ကွာဟချက် ကြီးမားနေချိန်တွင် အိမ်နီးချင်းနိုင်ငံများ၏ နေပြည်တော်နှင့် ညှိနှိုင်းမှု အောင်မြင်ဖွယ်ရှိ မရှိမှာ မေးစရာ ဖြစ်လာသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80116/

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 10:24

မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်ရေးအပေါ် ထိုင်းနိုင်ငံက ကြိုဆိုသန့်ဇင်(NP News)-ဩဂုတ် ၆https://www.npnewsmm.com/news/6a7460c1b46d25404e367886လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြ…
ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 10:18

“ဝ” တပ်၏ နိုင်ငံရေးလိုလားချက်များကို ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဆွေးနွေးနေဟု စစ်တပ်ဆို---------------------------ပြည်နယ်ရရှိရေး အစဉ်တစိုက်တောင်းဆိုနေသည့်  “ဝ” တပ်ဖွဲ့နှင့် တွေ့ဆုံရာတွင် “ဝ” တပ်၏ နိုင်ငံရေး လိုလားချက်များအား ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဆွေးနွေးနေသည်ဟု စစ်တပ်က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်တွင် “ဝ” တပ်ဖွဲ့နှင့် နေပြည်တော်၌ တွေ့ဆုံနေကြပြီး UWSP ဘက်မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ အမှတ် (၁၇၁) စစ်ဒေသ နိုင်ငံရေးမှူး ဦးထင်ဆမ်ရန် အပါအဝင် တပ်မဟာ (၄၆၈) နှင့် တပ်မဟာ (၄၁၇) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သဖြင့် ညှိနှိုင်းမှုတွင် ဆုံးဖြတ်ချက်ချနိုင်သူများ ပါဝင်သည်ဟု  မြန်မာ့နိုင်ငံရေးလေ့လာ အကဲခတ်သူများက ဆိုသည်။မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) များကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဟုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း စစ်တပ်ဘက်က ဖော်ပြထားသည်။နေပြည်တော်ခရီးစဉ်အတွင်း  “ဝ” တပ်ဖွဲ့အနေဖြင့် ၎င်းတို့ အစဉ်တစိုက် လိုလားနေသည့် ပြည်နယ်ရရှိရေး ကိစ္စ တောင်းဆိုနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက ယူဆနေသော်လည်း စစ်တပ် ထုတ်ပြန်ချက်တွင် အဆိုပါကိစ္စ ပါဝင်သည်ကို မတွေ့ရပေ။လက်ရှိတွင် “ဝ” တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်၌ မိုင်းလင်းခရိုင်၊ မိုင်းမောခရိုင်၊ မိုင်းပေါက်ခရိုင်၊ ဟိုပန်ခရိုင်နှင့် ပန်ဆန်းကို မြို့တော်အဖြစ် သတ်မှတ်၍ နယ်မြေအားဖြင့် တဆက်တည်း အုပ်ချုပ်နေသည်။တရုတ်နယ်စပ်အခြေစိုက် UWSA၊ TNLA၊ MNDAA အဖွဲ့များ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖြစ်သော အာရက္ခတပ်တော် (AA) က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ခြင်းမရှိပေ။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80112/

“ဝ” တပ်၏ နိုင်ငံရေးလိုလားချက်များကို ၂၀၀၈ ဖွဲ့…
ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 09:40

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း (၄၆၀၀)ရှိ လုပ်ငန်းပေါင်း (၁၀၃) ခု လုပ်ကိုင်နေသန့်ဇင်(NP News)-ဩဂုတ် ၆https://www.npnewsmm.com/news/6a745578120c7934cb582658လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 09:37

ငပလီကမ်းခြေဗုံးကြဲမှု အရပ်သား ၂ ဦး ဒဏ်ရာရ၊ ဟိုတယ်ဘန်ဂလိုများ ပျက်စီး---------------------------စစ်တပ်က ကမ္ဘာကျော် ငပလီကမ်းခြေတလျှောက် ဗုံးကြဲမှုများကို ယခင်လနှင့်ယခုလအတွင်း ခပ်စိပ်စိပ် ပြုလုပ်နေရာ အရပ်သားထိခိုက်မှုများအပြင် ဟိုတယ်အချို့နှင့်လူနေရပ်ကွက်များ ပျက်စီးမှုများ ရှိနေသည်။ ယမန်နေ့က ဗုံးကြဲမှုမှာ ကျပ်သိန်းသုံးထောင်နီးပါး ပျက်စီးသည်ဟု AA က ဆိုထားပြီး ဗုံးထိသော ဘန်ဂလိုများမှာ မည်သည့်ဟိုတယ်က ပိုင်ဆိုင်သည်ကို  မသိရသေးပေ။ယခင်လအတွင်း ငပလီမြို့တွင် AZ Family Resort Hotel လည်း ဗုံးကြဲခံထားရပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော(ဝီရဌာနီ)၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဂွနှင့် သံတွဲတို့တွင် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်လတစ်လအတွင်း သေဆုံးသူ ၂၁ ဦး၊ ဒဏ်ရာရသူ ၇၆ ဦးရှိသည်။စစ်တပ်က AAသိမ်းပိုက်ထားသော ရခိုင်ပြည်နယ်အတွင်း နယ်မြေအများစုကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်နေပြီး ဆွေးနွေးရန် ဖိတ်ခေါ်ထားရက် ကုန်ဆုံးခါနီးတွင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေသည်။ ဗုံးကြဲခြင်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုသည် လုပ်သင့်သည့်ကိစ္စ မဟုတ်ကြောင်း  AA ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးသည်။ စစ်တပ်၏ နေပြည်တော်ဆွေးနွေးပွဲကို AA ၏ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်များဖြစ်ကြသော တအာင်းတပ် (TNLA) ၊ " ဝ "တပ်ဖွဲ့ (UWSA) တို့က တက်ရောက်ထားပြီး ကိုးကန့်တပ် (MNDAA) လည်း ယခုလ အတွင်း တက်ရောက်မည်ဖြစ်သည်ဟု ထိုအဖွဲ့များနှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ သိထားရသည်။  ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80107/

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 09:36

ပုသိမ် နေ့လား ညလား ဖြစ်နေပြီ💃🏻🌿🤩👇🤩🌿💃🏻https://mm-news.xyz/?p=34348

ပုသိမ် နေ့လား ညလား ဖြစ်နေပြီ💃🏻🌿🤩👇🤩🌿💃🏻https://mm-news.…
ဆက်လက်ဖတ်ရန် →
📱Han Nyein OoAug 6 | 09:35

ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” သို တက်ရောက်မိန့်ခွန်းပြောကြားမြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အစီအစဉ်များသည်လည်း ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံက အဓိကနေရာမှပါဝင်နေကြောင်းနေပြည်တော်၊ ဩဂုတ် ၆“မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်”ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် မိန့်ခွန်းပြောကြား သည်။PPIB

ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှ…
ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 09:32

AA သိမ်းထားတာတွေ ရှိုးလိုက်ဦး💃🏻🌿🤩👇🤩🌿💃🏻https://mm-news.xyz/?p=34387

AA သိမ်းထားတာတွေ ရှိုးလိုက်ဦး💃🏻🌿🤩👇🤩🌿💃🏻https://mm-n…
ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 09:30

ငလျင်ကာလ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၄၀ကျော်သေဆုံးကြောင်း NUG ထုတ်ပြန်~~~◼️ ငလျင်ဘေးကြုံနေရတဲ့ကာလမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၂ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၅ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ရှိခဲ့ပြီး သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ဒီအပြင် ကလေးငယ် ၃၃ ဦးအပါအဝင် လူပေါင်း ၃၉၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။သေဆုံးထိခိုက်မှု အများဆုံးက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 09:22

ဦးမင်းအောင်လှိုင်ကို မိုဒီကြိုဆိုအပြီး အိန္ဒိယနယ်စပ်တကြော ဗုံးမိုး၊ ကျည်မိုးရွာနေသည့် မြန်မာစစ်တပ်---------------------------အိန္ဒိယနှင့်ထိုင်းတို့သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ အရပ်သားသမ္မတအဖြစ် အသိအမှတ်ပြုပြီး နယူးဒေလီတွင် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ဘန်ကောက်ကလည်း ယခု သီတင်းပတ်အတွက် အိန္ဒိယခြေရာနင်းဦးမည်ဖြစ်သည်။ နိုင်ငံရေးတရားဝင်မှုရရေးအတွက် ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မိုရေးမြို့မှ မြန်မာနိုင်ငံကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားသည့် ကီလိုမီတာ ၁၃၆၀ (၈၄၅ မိုင်ခန့်) အရှည်ရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း အသက်ဝင်ရေးအတွက် ကြိုးစားပေးရသည်။ မြန်မာစစ်တပ်သည် ထိုလမ်းမကြီးတလျှောက်မှ တော်လှန်ပုန်ကန်သူများနှင့်အရပ်သားများကို အပြင်းအထန် နှိမ်နင်းတိုက်ခိုက်နေပြီး အထူးသဖြင့် အိန္ဒိယခေါင်းဆောင်မိုဒီနှင့် ဦးမင်းအောင်လှိုင်တို့ ဇွန်လဆန်းက တွေ့ဆုံခဲ့ပြီးနောက် မြန်မာ- အိန္ဒိယ နယ်စပ်သို့ဦးတည်သည့် စစ်တပ်၏ထိုးစစ်သည် ပိုမိုပြင်းထန်လာခဲ့သည်။ယင်းဒေသကိုထိန်းချုပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဒေသန္တရတပ်များမှ မြေပြင်တပ်ဖွဲ့ဝင်များ၏အဆိုအရ ယခုတစ်ကြိမ်စစ်တပ်၏ထိုးစစ်သည် ပြီးခဲ့သည့်ငါးနှစ်အတွင်း အပြင်းထန်ဆုံးနှင့် အင်အားအကြီးဆုံးထိုးစစ်ဟုဆိုကြသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80101/

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 09:15

ပဲပုပ်ဆီအကြမ်းကို သန့်စင်သည့် Refinery စက် အများအပြားလိုအပ်နေ ပုလဲ (NP News) - သြဂုတ်လ ၆ https://www.npnewsmm.com/news/6a745018e572f415ea5af0c1လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ပဲပုပ်ဆီအကြမ်းကို သန့်စင်သည့် Refinery စက် အများအပြ…
ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 09:13

မြင်းမူမြို့နယ် ကန်တော်ရွာ စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ငါးဦးသေ၊ ရှစ်ဦးဒဏ်ရာရ~~~◼️စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဧပြီလ ၁၉ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အသက် ၃ နှစ်အရွယ် မစုမြတ်၊ အသက် ၁၇ နှစ်အရွယ် မမေဇွန်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်ပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 09:12

ထိုင်းရောက် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် စီးပွားရေးဆွေးနွေးပွဲတက်နေချိန် ဆန္ဒပြခံရ --------------------------စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏  ထိုင်းနိုင်ငံတရားဝင်ခရီးစဉ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း ၎င်းကို ဆန္ဒပြမှုတရပ် ပေါ်ပေါက်လာသည်။ ထိုင်းနှင့် မြန်မာနိုင်ငံသား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် ဆန္ဒပြသူများက “မအလ မင်းလို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ”၊ “ စစ်ခေါင်းဆောင်တွေ ကျဆုံးရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး” စသည့် ကြွေးကြော်သံများဖြင့် တစ်နာရီနီးပါးခန့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြပွဲပြုလုပ်နေစဉ် တချိန်တည်းမှာပင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ - ပုဂ္ဂလိကကဏ္ဍ ဆွေးနွေးကြမည့် “၂၀၂၆ ခုနှစ် ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ”သို့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်နှင့်အတူ ယနေ့ မွန်းလွဲပိုင်း၌ တက်ရောက်နေသည်။စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးပြဿနာ၊ နယ်စပ်ကုန်သွယ်ရေးများပြန်လည်စတင်ရေးနှင့် မြစ်ရေညစ်နွမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ထိုင်း- မြန်မာ စုပေါင်းအလုပ်ဖွဲ့တစ်ခုဖွဲ့စည်းရေး ဆွေးနွေးသွားမည်ဖြစ်သည်။ စစ်ခေါင်းဆောင်သည် သမ္မတရာထူး ရယူပြီးနောက် ယခုနှစ်အတွင်း တရားဝင်ခရီးစဉ်အဖြစ် အိန္ဒိယ၊ တရုတ်၊ လာအို နိုင်ငံများကို သွားရောက်ခဲ့ပြီး ယခု ထိုင်းနိုင်ငံခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း  ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အစည်းအဝေး  တက်ရောက်ခဲ့စဉ်ကလည်း စစ်ခေါင်းဆောင်ကို ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80218/

ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 09:06

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မြန်မာစားသောက်ကုန်တွေ ရှားပါးနေပြီး ဈေးတက်နေပေမယ့် တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ စားသောက်ကုန်နဲ့ကုန်ပစ္စည်းတွေ ပေါများနေတယ်လို့ နယ်မြေခံတွေက ပြောပါ တယ်။ #dvbtvnews #လားရှိုး #မြန်မာစားသောက်ကုန်ရှာပါး #တရုတ် #စားသောက်ကုန်ပေါများ #myanmar https://youtu.be/4dmmF10q9uA

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 09:03

ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲတွင် နည်းပညာလာရောက်လေ့လာသည့် နိုင်ငံခြားဧည့်သည် များပြားထိုက်စံ(NP News)-ဩဂုတ် ၆https://www.npnewsmm.com/news/6a744d947d810d3a297a1779လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 08:58

ထိုင်းအစိုးရရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဩဂုတ် ၆ ရက် နေ့လယ်က ဆန္ဒပြခဲ့ကြပါတယ်။အနက်ရောင်တီရှပ်ဝတ် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေဟာ “မအလ မင်းလို ရာဇဝတ်ကောင်ကို မကြိုဆိုပါ”၊ “မင်းအောင်လှိုင် အလိုမရှိ” စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်းနဲ့ ဒီမိုကရေစီကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ပါတယ်။Photo: Reuters https://burmese.dvb.no/post/427139

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 08:53

ယောက်ျားဆုံးတဲ့ အပူကို မျိုသိပ်ထားရာက😢🥀🍃👇🍃🥀😢https://mm-news.xyz/?p=34373

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 08:38

အလုပ်သမား၊ရေနဲ့အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဓိကသဘောတူညီချက်တွေကို သမ္မတဦးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးPika(NP News)_ ဩဂုတ် ၆https://www.npnewsmm.com/news/6a7447a50d19fe007820db93လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱Eleven MediaAug 6 | 08:32

■ နိုင်ဂျီးရီးယားအစိုးရက ပြန်ပေးဆွဲခံရသူ ၃၀၀ ကျော်ကို ကယ်တင်နိုင်ဂျီးရီးယား အစိုးရသည် ယခုနှစ် အစောပိုင်းတွင် နိုင်ငံအနောက်ပိုင်းရှိ ကျေးရွာတစ်ရွာတည်းမှ ပြန်ပေးဆွဲခံခဲ့ရသူ ၁၆၃ ဦး အပါအဝင် ပြန်ပေးဆွဲခံရသူ အဓမ္မထိန်းသိမ်းခံရသူ ၃၀၀ ကျော်ကို ဩဂုတ် ၅ ရက်တွင် ကယ်တင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ရာဇဝတ်ဂိုဏ်းများ၊ ဂျီဟတ်ဝါဒီများ နှင့် ဓားပြများ ဟု လူသိများသော ဒုစရိုက်ဂိုဏ်းများ၏ ငွေတောင်းရန် ပြန်ပေးဆွဲမှုများသည် နိုင်ဂျီးရီးယားနိုင်ငံတွင် အထူးသဖြင့် နိုင်ငံ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ အစိုးရ ထိန်းချုပ်မှု နည်းပါးသော ဒေသများ၌ ကြီးမားသော အကျပ်အတည်းတစ်ခု ဖြစ်လာခဲ့သည်။ဇေဖော်ဝါရီလက ဂျီဟတ်ဝါဒီများဟု သံသယရှိသူများသည် ဘီနင်နိုင်ငံ နယ်စပ်အနီး ကွာရာ ပြည်နယ်ရှိ ဝိုရိုကျေးရွာကို တိုက်ခိုက်ခဲ့ပြီး လူ ၁၅၀ ကျော်ကို သတ်ဖြတ်ကာ နောက်ထပ် လူ ၁၀၀ ကျော်ကိုပင် ပြန်ပေးဆွဲသွားခဲ့ကြသည်။#နိုင်ဂျီးရီးယားအစိုးရ #ပြန်ပေးဆွဲခံရသူ ၃၀၀ ကျော်ကို ကယ်တင် #elevennews■ Read more >>>>> https://news-eleven.com/article/314030

■ နိုင်ဂျီးရီးယားအစိုးရက ပြန်ပေးဆွဲခံရသူ ၃၀၀ က…
ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 08:29

DVB Digital ညနေ ၃ နာရီ သတင်း (၆ ရက် သြဂုတ်လ ၂၀၂၆)🗞 ရခိုင်မှာ ငွေထုတ်ခတွေ ဆက်တိုက်မြင့်တက် အခြေခံလူတန်းစားတွေ အခက်ခဲဖြစ်နေ🗞 စစ်ခေါင်းဆောင်ရဲ့ ထိုင်းခရီးစဥ် စတင်🗞 MAB ဘဏ်ကိုငွေလာသွင်းတဲ့ ငွေကျပ်သိန်း ၆၀၀ ကားပေါ်မှာ ပျောက်ဆုံး#dvbtvnews #dvbdigital #myanmar #dvbnews https://youtu.be/rS0erj6AcXY

ဆက်လက်ဖတ်ရန် →
📱Eleven MediaAug 6 | 08:22

■ အမေရိကန်၌ ခဲယမ်းများ ပြတ်လပ်နေပြီဟူသော သတင်းအားပေါက်ကြားစေသူများကို ဖမ်းဆီးထောင်ချမည်ဟု သမ္မတဒေါ်နယ်ထရန့် ခြိမ်းခြောက်သမ္မတဒေါ်နယ်ထရန့်က အမေရိကန် သည် ခဲယမ်းအများအပြားရှိနေသည်ဟု သြ ဂုတ် ၆ ရက်တွင် ပြောကြားလိုက်ပြီး အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲ ထိန်းမရဖြစ်နေသည့်အ နေအထားကြောင့် စိတ်ပျက်လျက်ရှိစဉ် အမေရိကန်၌ ခဲယမ်း ပြတ်လပ်နေသည်ဟု ပြောဆိုနေသူများကို ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။#အမေရိကန် #ခဲယမ်းများ ပြတ်လပ်နေ #ဖမ်းဆီးထောင်ချမည် #elevennews■ Read more >>>>> https://news-eleven.com/article/314029

■ အမေရိကန်၌ ခဲယမ်းများ ပြတ်လပ်နေပြီဟူသော သတင်း…
ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 08:21

ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် လူ ၄၀၀၀ ကျော် ထွက်ပြေးနေရ~~~◼️ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သား လေးထောင် ကျော်ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ဧပြီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။လိပ်ကုလား ၊ စံဒွန်းကုန်း၊ ကွမ်းဆိပ်၊ ကျုံချောင် ၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစု စတဲ့ ကျေးရွာ ခုနစ်ရွာက အိမ်ထောင်စု ၈၅၅ စု က လူ ၄၁၉၆ ဦးမှာ တိမ်းရှောင်နေရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 08:16

ကန့်ဘလူမြို့နယ် သင်တောရွာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံး~~~ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် သင်တောရွာဟာ ဧပြီလ ၂၀ရက် ညနေ ၆နာရီဝန်းကျင်မှာ ဗုံးကြဲခံရပြီး မိသားစုဝင် ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီတပ်က ကြဲချခဲ့တဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဟာ ကုန်စုံဆိုင်ပေါ်နဲ့ အနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 08:06

ကြက်ခြေနီအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေးတွေ့ခြင်းသည် စစ်အစိုးရ သဘောထားပြောင်းခြင်း မဟုတ်ဘဲ အကွက်ရွှေ့မှုသာဖြစ်------------------စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးခြင်းသည် ၎င်းအား နိုင်ငံတကာက ပိုမိုထောက်ခံလာစေရေး အလွယ်ကူအသက်သာဆုံး နည်းလမ်းသာဖြစ်ပြီး၊ ၎င်း၏ အတိုက်အခံများအပေါ်ကိုထားသည့် တင်းမာသော သဘောထား စတင်ပြောင်းလဲလာသည့် လက္ခဏာလုံးဝမဟုတ်ပါ။အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80093/

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 08:00

ထိုင်းဝန်ကြီးချုပ်နဲ့ သမ္မတဦးမင်းအောင်လှိုင်တို့ နယ်စပ်တည်ငြိမ်ရေး ကိစ္စများကို အဓိကထားဆွေးနွေးဂျန်ဇက် (NP News)- ဩဂုတ် ၆https://www.npnewsmm.com/news/6a743e7ab4b8961c7516fba7လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ထိုင်းဝန်ကြီးချုပ်နဲ့ သမ္မတဦးမင်းအောင်လှိုင…
ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 07:45

Smart City ရည်မှန်းချက်ဖြင့် ပုသိမ်တွင် အစိုးရ ရက် (၁၀၀) အတွင်း အမှိုက်မှလျှပ်စစ်ထုတ်လုပ်နိုင်ရန် ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ survey လုပ်ငန်း စတင်နေဟုဆိုထိုက်စံ/သားပု(NP News)-ဩဂုတ်၆https://www.npnewsmm.com/news/6a743aba482ce416a32f1a71လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

Smart City ရည်မှန်းချက်ဖြင့် ပုသိမ်တွင် အစိုးရ ရက် (၁၀…
ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 07:37

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှု သားဖြစ်သူ ကိုထိန်လင်း ကြိုဆို၊ ပိုမိုပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို---------------------------ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တွေ့ဆုံခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်အပေါ်ကို သားဖြစ်သူ ကိုထိန်လင်းက ကြိုဆိုလိုက်သော်လည်း၊ မိခင်၏ အခြေအနေနှင့်ပတ်သက်၍ လွတ်လပ်သီးခြား အတည်ပြုချက်၊ မိသားစုနှင့် တိုက်ရိုက်ဆက်သွယ်ခွင့်နှင့် ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် နိုင်ငံတကာဖိအားများ ဆက်လက်လိုအပ်သည်ဟု ပြောသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80069/

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှု သားဖြစ်…
ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 07:23

အရွယ်အစားကြီးပြီး အသားပိုပြည့်သော ဘီလာရုစ် အာလူးမျိုးကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးနေ စော (NP News) - သြဂုတ်လ ၆ https://www.npnewsmm.com/news/6a74361516ed737d922b1e2fလစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 07:16

အီရန်ကို တားဆီးရင်း ဆော်ဒီကိုလမ်းဖွင့်ပေးလိုက်သည့် အမေရိကန်၏ စံနှစ်မျိုး နျူကလီးယားမူဝါဒ(နိုင်ငံတကာရေးရာ ဆောင်းပါး)တင်ဇာ (NP News) - သြဂုတ်လ ၆ https://www.npnewsmm.com/news/6a7431ad0cb33d3d6552262bလစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက(မနက် ၉ နာရီ မှ ညနေ ၆ နာရီ)အတွင်းသာ ဆက်သွယ်ရန်ဖုန်း - 09-444681478 (Viber)

အီရန်ကို တားဆီးရင်း ဆော်ဒီကိုလမ်းဖွင့်ပေးလို…
ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 07:05

အုတ်ဖိုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်း ဗုံးကြဲခံရပြီး ရဲဘော် ၂ ဦး ဒဏ်ရာရ---------------------------မြို့အရှေ့ဘက် ဂမုန်းဆည်အနီးရှိ ခရိုင်ပကဖစခန်းကို ဗုံးကြဲခံရစဉ် ရဲဘော်နှစ်ဦးဒဏ်ရာရကာ တပ်စခန်းနေရာအချို့ ပျက်စီးသွားသော်လည်း အရပ်သားအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ ယင်းနေ့တွင် ပကဖ ယာယီစခန်းကို သာမက အုတ်ဖိုမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ ကိုင်းကြီးကျေးရွာနှင့် ၎င်းရွာ၏ အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ဂမုန်းဆည်နှင့် အနီးဝန်းကျင်ကို ဗုံးကြဲခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း စစ်ရှောင်များကို ကူညီနေသူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။စစ်တပ်သည် ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း ယမန်နှစ်ကုန်မှစတင်၍ စစ်ကြောင်းများ ထိုးနေပြီး အထူးသဖြင့် တော်လှန်ရေးအဖွဲ့အများအပြား အခြေစိုက်သည့် နတ်တလင်းမြို့နယ် အရှေ့ခြမ်းတွင် တိုက်ပွဲများပြင်းထန်နေသည်။သာယာဝတီခရိုင်အတွင်းမှ ဒေသခံ ထောင်နှင့်ချီသည် ပဲခူးရိုးမအစပ်နှင့် တောတောင်များ၊ နီးစပ်ရာ ကျေးရွာတို့နှင့် မြို့ပေါ်တို့တွင် တိမ်းရှောင်ခိုလှုံနေကြရသည်။အုတ်ဖိုမြို့နယ်အရှေ့ခြမ်း ပဲခူးရိုးမအနီးရှိ ကျေးရွာတို့နှင့် တောတောင်များထဲတွင် ယာယီတဲများဖြင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများသည် နေထိုင်ရေးနှင့် သောက်သုံးရေ ခက်ခဲနေသည့်အပြင် လေကြောင်းအန္တရာယ်ကိုပါ ကြောက်လန့်နေရသည်။လတ်တလောတွင် အင်အား ၁၀၀ ကျော် စစ်ကြောင်းတစ်ခုက ပေါက်ခေါင်းမြို့နယ် နတ္တလင်းစုရွာတွင် အခြေချတပ်စွဲထားပြီး စစ်ရေးလှုပ်ရှားမှု မရှိသေးပေ။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80088/

ဆက်လက်ဖတ်ရန် →
📱NP NewsAug 6 | 07:04

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတိုအကြား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်၊ နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ် NP News - သြဂုတ် ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်…
ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 07:02

ရခိုင်ပြည်နယ်မှာစစ်အာဏာရှင်တပ်ထိန်းချုပ်မြို့နယ်ဧရိယာအနည်းငယ်သာကျန်ရှိပြီး လက်ရှိ စစ်ရေးအရအရေးနိမ့်နေချိန်မှစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လုုပ်ဆောင်နေတယ်လို့အာရက္ခတပ်တော်အေအေကထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေကြောင့် နှစ်စက နေ ပြီးခဲ့တဲ့ဇူလိုင်လအထိ ရာနဲ့ ချီတဲ့အရပ်သားပြည်သူတွေသေဆုံးခဲ့ပါတယ်။ #dvbtvnews #Rakhine #Airstrike #အရပ်သား #ရာနဲ့ချီသေဆုံး #myanmar https://youtu.be/wgIv9ZkPxsM

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 06:59

ရွှေကူမြို့အနီးရှိ စစ်တပ်စခန်း လက်လွှတ်ရပြီးနောက် လေကြောင်း၊ မြေပြင်စစ်ကြောင်း ထိုးနေ---------------------------ခရိုင်မြို့ကြီးဖြစ်သော ဗန်းမော်မြို့စစ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းပေါ်ရှိသည့် ရွှေကူမြို့ အနီး စစ်တပ် ခြေကုပ် စခန်းတစ်ခုကို KIA၊ KPDF ပူးပေါင်းတပ်များက သိမ်းလိုက်သည့်အတွက် စစ်တပ်က ညတွင်းချင်းပင်ဝေဟင်၊ မြေပြင် ပြန်လည်ထိုးစစ်ဆင်နေသည်။ တော်လှန်ရေးပူးပေါင်းတပ်များက ရွှေကူမြို့တောင်ဘက် လေးမိုင်ခန့်အကွာ အင်အား ၃၀ ဝန်းကျင်ရှိ စစ်တပ်အခြေစိုက် စခန်းရှိသော ရွှေဘုန်းမြင့်ကျေးရွာကို လွန်ခဲ့သည့်ရက်အနည်းငယ်မှ စတင်၍တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက် ညနေတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ရွှေကူမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာ စင်းခန်းတံတားနှင့် စင်းခန်းတိုက်နယ်ရွာ တည်ရှိပြီး ဗန်းမော်မြို့ကို စစ်ကူပို့ရန် စင်းခန်းမှာ ကြားခံစခန်းအဖြစ် အသုံးပြုနိုင်သလို ဗျူဟာအရ အရေးပါသည့် အတွက် မြို့နှင့်အနီးကပ်ရှိသည့် အဆိုပါစင်းခန်းရွာအား စစ်တပ်က စစ်ကြောင်းထိုးနေသည်။KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရွှေကူမြို့အနီး နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေကြောင်း နောက်ဆက်တွဲအခြေအနေများ မသိရသေးကြောင်း Myanmar Now ကို ယမန်နေ့က အတည်ပြုသည်။ရွှေကူမြို့အရှေ့ဘက် မိုင် ၆၀ ခန့်အကွာ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော ဗန်းမော်မြို့တွင် မြို့တွင်းတိုက်ပွဲ ပြင်းထန်နေသည်မှာ နှစ်နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး စစ်တပ်က မြို့ပေါ်မှနေရာအများစု ပြန်စိုးမိုးထားသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80150/

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 06:53

ပုံစံသစ်နဲ့ ပြန်လည်လာတဲ့ နှစ်ပေါင်း ၁၄၀ ကျော်က ဖြစ်ရပ်ဆိုးတစ်ခု😢🥀🍃👇🍃🥀😢https://mm-news.xyz/?p=34350

ပုံစံသစ်နဲ့ ပြန်လည်လာတဲ့ နှစ်ပေါင်း ၁၄၀ ကျော်က…
ဆက်လက်ဖတ်ရန် →
📱Kyaw SwarAug 6 | 06:47

ငါမလုပ်ရရင် ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့ အောက်တန်းစား နီပိတ်တစ်သိုက်ဖျာတန်းမီးလောင်နေကြပုံများhttps://t.me/kyawswar49111

ဆက်လက်ဖတ်ရန် →
📱People MediaAug 6 | 06:41

ခေတ်သစ်က ရေးတာတွေကို အမှန်လို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကယ်၍ ယူဆခဲ့ရင် တရားမဝင် မီဒီယာကို လက်ခံရာ ရောက်ပါမယ်။ဆေးကျောင်းသူ /သား တွေရဲ့ မိဘတွေက သူတို့ရေးသားသလို ချမ်းသာတဲ့ အသိုင်းအဝိုင်းက မဟုတ်ဘူးဆိုတာ ကျနော် ဂုဏ်သိက္ခာ အသက် နဲ့ ထပ်ပါတယ်။တည့်တည့်ပြောရရင် ကျောမွဲ မိသားစုတွေပါ။တရားသူကြီးက ဒီကလေးငယ်တွေ ဆေးကျောင်းနောက်ဆုံး အပိုင်းကို ဖြေဖို့ ဥပဒေအရ ခွင့်ပြုပေးလို့ရလို့ အာမခံ ပေးတာပါ။နိုင်ငံတော်ဆူပူဖို့ မညီညွှတ်စေဖို့ လှုံ့ဆော်နေတဲ့ မီဒီယာ အမည်ခံတွေရဲ့ သတင်းတွေကို တိုင်းအစိုးရ အနေနဲ့ မယုံကြည်ဖို့ လိုအပ်ပါတယ်။ဒီလို မီဒီယာတွေကို နိုင်ငံတော်က အသိအမှတ်ပြုထားတာ မဟုတ်ပါဘူး။ဆရာဝန်ဖြစ်မည့် နိုင်ငံအတွက် အားကိုးရမည် လူငယ် နှစ်ယောက်အတွက် ရပ်တည်မယ်။

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 06:31

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဗုံးကြဲခံရပြီး ဒေသခံခြောက်ဦးဒဏ်ရာရ~~~ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ ဧပြီလ ၁၈ ရက်နေ့လယ်ပိုင်းက ဗုံးကြဲခံရပြီး အရပ်သားခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ပေါင် ၅၀၀ ဗုံးကြဲတာဗျ။ ယောက်ျားလေး လေးဦး၊ မိန်းကလေး နှစ်ဦး ဒဏ်ရာရသွားတာပါ။ သက်လတ်ပိုင်းတွေချည်းပဲဗျ” သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 06:28

သပိတ်ကျင်းမြို့နယ် ရေထွက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၄ ဦးရှိလာ~~~ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို ဧပြီလ ၁၉ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၂၄ ဦးသေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။နေ့လယ် ၁ နာရီဝန်းကျင်မှာ ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးနဲ့ ရေထွက်ရွာထဲကို ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ထိခိုက်ဒဏ်ရာရသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ လည်း ဒေသခံတစ်ယောက်က ပြောပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 06:23

အိုးဘိုထောင်တွင် ရင်သားကင်ဆာဖြစ်နေသူ  NLD ပါတီဝင် ၁ ဦး ဆေးကုသနိုင်ရေး ခက်ခဲနေ---------------------------ယမန်နှစ်က စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင်  ဖမ်းဆီးခံခဲ့ရသည့် NLD ပါတီဝင်အမျိုးသမီး ငါးဦးအနက် တစ်ဦး သည် ကင်ဆာရောဂါ ခံစားနေရကာ မကြာသေးမီကမှ ထောင်ပြင်ပဆေးရုံ တက်ခွင့်ရသော်လည်း ဆေးကုသစရိတ်ကြီးမြင့်မှုကြောင့် မိသားစုမှာ အခက်တွေ့နေသည်။ ယမန်နှစ် စက်တင်ဘာလပိုင်းခန့်မှ စတင်၍ ရင်သားကင်ဆာဝေဒနာကို စတင်ခံစားခဲ့ရသော်လည်း ထောင်အာဏာပိုင်များက ၁၀ လခန့်အကြာ ယခုနှစ် ဇွန်လတွင်မှ မန္တလေးမြို့အထွေထွေဆေးရုံကြီး၌ ကုသခွင့် ပြုခဲ့သည်။ တစ်လလျှင် ကင်ဆာဆေး သုံးကြိမ် သွင်းရကာ ဆေးတစ်ခါသွင်းလျှင် ခြောက်သိန်းကျော် ကုန်ကျသည်၊ တစ်လလျှင် ၁၈ သိန်းကျော်ကုန်ကျသောကြောင့် မိသားစုက ဆေးကုသစရိတ်အတွက်အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သိရသည်။၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က  မန္တလေးမြို့မှ မုံရွာမြို့သို့  ကိုယ်ပိုင်ကားတစ်စီးဖြင့် ခရီးသွားသော NLD ပါတီဝင်များဖြစ်သည့် ဒေါ်ဥမ္မာဝင်း(ခ)ဉုံဉုံ၊  မရီရီဝင်း၊ မခင်ဖြူဖြူအောင်၊ မအိနှင့်မဖွေးသန့်ဖြူတို့သည် စစ်ကိုင်း-မုံရွာကားလမ်း ညောင်ပင်ဝန်းနှင့် နုံးကျေးရွာအကြား စစ်တပ် ဂိတ်တစ်ခုတွင် ဖမ်းဆီးခံရပြီး အကြမ်းဖက်ပုဒ်မများဖြင့် ထောင်နှစ်ရှည်ချခံထားကြရသည်။ မအိနှင့် ဒေါ်ဥမ္မာမှအပ ကျန်အမျိုးသမီး သုံးဦး၏ လတ်တလောကျန်းမာရေးအခြေအနေများအား Myanmar Now က စုံစမ်းမေးမြန်းမရသေးပေ။ အာဏာသိမ်းစစ်တပ်လက်ထက်  အကျဉ်းထောင်များတွင်  အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများမှာ အင်မတန် ဆိုးဝါးခဲ့ကြောင်း ထောင်မှ လွတ်လာသူများက  အတည်ပြုကြသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80083/

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 06:20

စစ်တပ်က ဖမ်းဆီးအကျဉ်းချထားသူ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နှင့် တွေ့ဆုံခွင့်ပေး---------------------------စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် တွေ့ခွင့်ပေးခဲ့သည်ဟု စစ်တပ်က သတင်းထုတ်ပြန်လာသည်။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80057/

ဆက်လက်ဖတ်ရန် →
📱Han Nyein OoAug 6 | 06:18

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတိုအကြား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်၊ နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ် 6 August 2026ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတိုအကြား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲကို ဗန်ကောက်မြိုရှိ အစိုးရအိမ်တော်၊ Pakdi Bodin Building ၌ ကျင်းပပြု လုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် တို တက်ရောက်ဆွေးနွေးသည်။President of the Republic of the Union of Myanmar His Excellency U Min Aung Hlaing held talks with Prime Minister of the Kingdom of Thailand Mr. Anutin Charnvirakul at the Government House of Thailand. The President and Prime Minister of Thailand also witnessed the signing and exchange of Memoranda of Understanding between Myanmar and Thailand.Source: PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်…
ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 06:00

KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်သားသုံးဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ~~~◼️ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ဒေသအတွင်း လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက်ကြတာလို့ KNU ရဲ့ ဧပြီလ ၁၄ ရက်နေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သေဆုံးထိခိုက်မှုတွေဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ ဖြစ်ပေါ်ခဲ့တာပါ။သတင်းအပြည့်အစုံကို

KNU နယ်မြေမှာ နှစ်ပတ်အတွင်း တိုက်ပွဲကြောင့် အရပ်…
ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 05:58

ငလျင်ဘေးအတွက် ရုရှားနိုင်ငံက ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၀ ကျော် ပေးပို့~~~◼️ သမ္မတ ဗလာဒီမာပူတင် ရဲ့ ညွှန်ကြားချက် နဲ့ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၃၀ ကျော် ပေးအပ်ခဲ့ကြောင်း ရုရှားအစိုးရက ဧပြီ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။IL-76 လေယာဉ်နဲ့ စည်သွတ်ဘူးတွေ၊ ပဲ ဂျုံ ပြောင်း၊ သကြား နဲ့ ဆေးဝါးပစ္စည်းတွေ အပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ဟာ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီရေးကြိုးပမ်းမှု တစ်စိတ်တပိုင်း ဖြစ်ကြောင်းဖော်ပြပါတယ်။ ဒါပေမယ့် ခွဲဝေထောက်ပံ့မှု အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။ ရုရှားအစိုးရဟာ ဧပြီလ ၉ ရက်နေ့ကလဲ အလေးချိန် တန် ၆၀ နီးပါးရှိတဲ့ လူသားချင်စာနာထောက်ထားမှုအကူအညီတွေကို IL-76 လေယာဉ်နှစ်စင်း နဲ့ မြန်မာနိုင်ငံကို ပေးပို့ခဲ့ပါတယ်။ ___________Photo: Ministry of Foreign Affair of Russia

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 05:56

ငလျင်အပျက်အစီး တန် နှစ်သန်းခွဲ အရေးပေါ်ဖယ်ရှားဖို့ လိုအပ်နေကြောင်း UNDP ပြော ~~~◼️ မြန်မာနိုင်ငံမှာ ငလျင်ကြောင့် အပျက်အစီး အနည်းဆုံး တန် နှစ်သန်းခွဲ၊ အကြမ်းဖျဉ်းအားဖြင့် ကုန်တင်ကား ၁၂၅,၀၀၀ စာခန့် အရေးပေါ် ဖယ်ရှားဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အပျက်အစီး ကြီးကြီးမားမားရှိခဲ့ပြီး၊ ပြန်လည် ထူထောင်ရေးအတွက် နေအိမ်တွေ၊ ဆေးရုံတွေ နဲ့ အရေးပါတဲ့ အဆောက်အအုံတွေ ချက်ချင်းပြန်လည် တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။သတင်းအပြည့်အစုံကို

ဆက်လက်ဖတ်ရန် →
📱RFAAug 6 | 05:40

ဆွမ်းကပ်နေချိန် ဗုံးကြဲခံရလို့ သုံးဦးသေ၊ ကိုးဦးဒဏ်ရာရ~~~မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောရွာ ဘုန်းကြီးကျောင်းမှာ ဧပြီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က သံဃာတွေကို ဆွမ်းကပ်လှူဒါန်းနေချိန် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။သေဆုံးသူတွေဟာ အသက် ၁၀ နှစ်အရွယ် အရှင်ကေလာသ၊ အသက် ၆၀ အရွယ် နော်မဝဲနဲ့ အသက် ၆၅ နှစ်အရွယ် နော်လှမြင့်တို့ဖြစ်ပါတယ်။အရှင် ဥတ္တရ ၊ အရှင် ကိတ္တိ ၊ အရှင်မာနိတတို့ အပြင် အသက် ၂၆ နှစ်အရွယ် နော်မုကို့ ၊ အသက် ၂၇ နှစ်အရွယ် နော်မမိုး၊ အသက် ၂၈ နှစ်အရွယ် စောမောင်နူ၊ အသက် ၄၄ နှစ်အရွယ် စောကျော်ကေ့၊ အသက် ၆၂ နှစ်အရွယ် စောဂွတိုနဲ့ အသက် ၇၀ အရွယ် စောမောင်ရွှေတို့ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။သတင်းအပြည့်အစုံ

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 05:26

ဖရူဆိုတွင် ဒရုန်းဗုံးကြောင့် လသားကလေး အပါအဝင် အရပ်သား ၅ ဦးသေဆုံး--------------------------စစ်တပ်အခြေစိုက် ဖရူဆိုမြို့အနီး ကျေးရွာတစ်ရွာ ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကလေးအပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။ စစ်တပ် ဒရုန်းတစ်စီးက ဩဂုတ်လ ၄ ရက်၊ ညနေ ၆ နာရီခန့်တွင် ဗုံးနှစ်လုံးကြဲချခဲ့ရာ နေအိမ်တစ်လုံးပေါ် ဗုံးကျပြီး ထိုအိမ်မှ မိသားစုဝင်လေးဦး ၊ အခြားတစ်ဦးတို့ နေရာမှာပင်သေဆုံးခဲ့သည်။  အခြား သုံးဦးလည်း ဒဏ်ရာရကြသည်။ လတ်တလောတွင် ဖရူဆို- ဒီးမော့ဆို- လွိုင်ကော်လမ်းမကြီးကို စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းနေပြီး အဆိုပါ လမ်းပိုင်းတလျှောက် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု ဒေသတွင်းအခြေစိုက် ကရင်နီတော်လှန်ရေးတပ်များထံက သိရသည်။ ကယား(ကရင်နီ) ပြည်နယ်တွင် စစ်တပ်က အဓိက ကျသော မြို့ကြီးများ ဖြစ်သည့် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဘော်လခဲ၊ ဖရူဆို၊ ဖားဆောင်း စသော နေရာများကို ပြန်လည် ထိန်းချုပ်ထားပြီး တော်လှန်ရေးတပ် များဘက်မှ မယ်စဲ့၊ ရှားတော ၊ရွာသစ်၊ မော်ချီး ၊ နန်းမယ်ခုံ စသည့်မြို့များနှင့် ကျေးရွာများကို ဆက်လက် ထိန်းချုပ်ထားသည်။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80202/

ဖရူဆိုတွင် ဒရုန်းဗုံးကြောင့် လသားကလေး အပါအဝင် …
ဆက်လက်ဖတ်ရန် →
📱People MediaAug 6 | 05:13

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း၌ အကြမ်းဖက် NUG/PDF အဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရ…………………………………………………နေပြည်တော်၊ ဩဂုတ် ၄အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း၌ အကြမ်းဖက် NUG/PDF အဖွဲ့ဝင် ၃ဦး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/be1eV

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 04:54

ပိုက်ဆံပေးတာကို လုံးဝမယူဘဲ ထွက်ပြေးသွားတဲ့ စက်လှေဦးကြီးများလေးစားဖို့ကောင်းတဲ့ ဧရာဝတီသားတွေ🎋💦💥👇💥💦🎋https://mm-news.xyz/?p=34402

ဆက်လက်ဖတ်ရန် →
📱DVBAug 6 | 04:30

DVB Digital မနက် ၁၁ နာရီ သတင်း (၆ ရက် သြဂုတ်လ ၂၀၂၆)🗞 CNO ဥက္ကဋ္ဌ ရာထူးကနုတ်ထွက်🗞 မြန်မာနဲ့ ချိန်ဆထိတွေ့ ဆက်ဆံရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း 🗞 လျှပ်စစ်စက်ရုံကနေ ရေပိုလွှတ်မှာဖြစ်တဲ့အတွက် သတိထားကြဖို့ တရုတ် အသိပေး#dvbtvnews #dvbdigital #myanmar #dvbnews https://youtu.be/0j2eXitybfA

ဆက်လက်ဖတ်ရန် →
📱Kyaw SwarAug 6 | 04:10

ရဲမင်း ခွေးကျင့်ခွေးကြံ ကြံနေထိုင်းရောက် ဗမာ ညီအကိုများ သတိထားပါ။https://t.me/kyawswar49111

ရဲမင်း ခွေးကျင့်ခွေးကြံ ကြံနေထိုင်းရောက် ဗမာ ည…
ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 03:59

သတင်းဖတ်ရန်👇🏻👇🏻👇🏻https://mm-news.xyz/?p=34346

သတင်းဖတ်ရန်👇🏻👇🏻👇🏻https://mm-news.xyz/?p=34346…
ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 03:03

စစ်တပ်နယ်မြေ ကျောင်းတက်မှု မင်းကင်းတွင်တားမြစ်ခြင်းမှာ လုံခြုံရေးကြောင့် ဖြစ်နိုင်သည်ဟု NUG ပြော  ---------------------------မင်းကင်း ပကဖနှင့် ပအဖတို့က ၎င်းတို့ထိန်းချုပ်ဒေသတွင် နေထိုင်သူများ စစ်တပ်ထိန်းချုပ်နယ်မြေတွင် ကျောင်းတက်ခွင့် ပိတ်ပင်ခြင်းမှာ  NUG ၏ သဘောထားမဟုတ်ဟု ပညာရေးဝန်ကြီးက ပြောသည်။ဒေသခံ ကျောင်းသားမိဘများအကြားတွင်မူ  ထိုအမိန့်ကြောင့် မိမိတို့ သားသမီးကို ကျောင်းပြန်နုတ်သူ ရှိသကဲ့သို့ ကျောင်းဆက်ထားသူများလည်း ရှိနေသည်။ တော်လှန်ရေးနယ်မြေတွင် ကျောင်းထားလျှင်လည်း စစ်တပ် ဗုံးလာကြဲမည်ကို စိုးရိမ်နေရသည်ဟု မိဘ တစ်ဦးက ပြောသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80053/

ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 02:55

သီတာယုမွန် မကြာတော့ဘူး💃🏻🌿🤩👇🤩🌿💃🏻https://mm-news.xyz/?p=34370

သီတာယုမွန် မကြာတော့ဘူး💃🏻🌿🤩👇🤩🌿💃🏻https://mm-news.xyz/?p=34370…
ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 02:35

ဧရာဝတီတိုင်းဘက်မှ ထိုးဖောက်လာသည့် စစ်တပ်ကို ဟန့်တားတိုက်ခိုက်နေဟု AA ပြော--------------------------ပြည်နယ်တောင်ပိုင်းနှင့်ထိစပ်နေသော ဧရာဝတီတိုင်းဘက်မှ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် စစ်တပ်ကို နယ်မြေအစပ်တွင် ဟန့်တားတိုက်ခိုက်နေမှုများ ပြုလုပ်နေပြီး စစ်တပ်ဘက်က အလောင်းနှင့်လက်နက် ခဲယမ်းများရသည်ဟု AA က ဆိုသည်။ ---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80194/

ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 02:13

အဖွဲ့၏ခွင့်ပြုချက်မပါဘဲ စစ်တပ်နှင့်တွေ့ဆုံသည့် ဥက္ကဋ္ဌကို ချင်းအမျိုးသားအဖွဲ့ချုပ် ထုတ်ပယ် ---------------------------ချင်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ယူခဲ့သူက အာဏာသိမ်းအစိုးရ ကိုယ်စားလှယ်တို့ကို အဖွဲ့တွင်း သဘောတူညီချက်၊ မဟာမိတ်တို့၏ သဘောထား မပါဝင်ဘဲ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80079/

အဖွဲ့၏ခွင့်ပြုချက်မပါဘဲ စစ်တပ်နှင့်တွေ့ဆုံသည…
ဆက်လက်ဖတ်ရန် →
📱Myanmar NowAug 6 | 02:01

အာဏာသိမ်း စစ်အုပ်စုက အချိန်ဆွဲရန်နှင့် သဘောထားကွဲပြားမှုများ ဖန်တီးရန် ကြိုးပမ်းနေဟု ဦးမင်းကိုနိုင်ပြော---------------------------ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ကမ္ဘာ့ကြက်ခြေနီအဖွဲ့တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းမှာ နိုင်ငံတကာဖိအားကို အချိန်ဆွဲတုံ့ပြန်ရန်နှင့် ပြည်တွင်းပြည်ပတွင် သဘောထားကွဲပြားမှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်သည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။---------------------------အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/80128/

ဆက်လက်ဖတ်ရန် →
📱People MediaAug 6 | 01:33

နိုင်ငံတော်သမ္မတ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာပြီဖြစ်သည်။ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul)က ကြိုဆိုနှုတ်ဆက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားမည်ဖြစ်သည်။#People@peoplemedianews

ဆက်လက်ဖတ်ရန် →
📰Popular NewsAug 6 | 01:28

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်စတင်ထွက်ခွာ

Credit to Popular Journal - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက နေ ပြည်တော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ချစ်…
ဆက်လက်ဖတ်ရန် →
📱People MediaAug 6 | 01:27

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထိုင်းနိုင်ငံသို တရားဝင် ခရီးစဉ်#People@peoplemedianews

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော…
ဆက်လက်ဖတ်ရန် →
📰Popular NewsAug 6 | 01:26

ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အလုပ်ဖြစ်ကြောင်း ပြသသည့် လက္ခဏာအဖြစ် ထိုင်းဝန်ကြီးချုပ် ကိုးကားပြောကြား

Credit to Popular Journal - ဒေါ်အောင်ဆန်းစုကြည်ထံ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသွားရောက်တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ “အခြေအနေပေါ် မူတည်၍ ပြန်လည်ထိတွေ့ဆက်ဆံခြင်း” (Calibrated Re-engagement) မူဝါဒမှာ လမ်းကြောင်းမှန်သို့ ဦးတည်နေကြောင်း ပြသနေသည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် (Anutin…
ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 01:22

သတင်းဖတ်ရန်👇🏻👇🏻👇🏻https://mm-news.xyz/?p=34384

သတင်းဖတ်ရန်👇🏻👇🏻👇🏻https://mm-news.xyz/?p=34384…
ဆက်လက်ဖတ်ရန် →
📱MizzamaAug 6 | 01:18

ဆိုင်ကယ်အတူစီးလာရင်း G-8 ကျောင်းသားကို G-12 ကျောင်းသားက ဓားနဲ့ အချက်ပေါင်းများစွာ ထိုး😢🥀🍃👇🍃🥀😢https://mm-news.xyz/?p=34399

ဆက်လက်ဖတ်ရန် →
📰Popular NewsAug 5 | 16:40

ဗီယက်နမ်စစ်ပွဲတွင်ကျဆုံးခဲ့သောမြောက်ကိုရီးယားစစ်သည်များအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ် တည်ဆောက်မည်

Credit to Popular Journal -           ဗီယက်နမ်စစ်ပွဲအတွင်းကျဆုံးခဲ့သော မြောက်ကိုရီးယားစစ်သည်များအတွက် ရည်စူး၍ ဗီယက်နမ်က အောက်မေ့ဖွယ်အဆောက်အအုံတစ်ခု ကို တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့ပြီး စစ်ပွဲကာလအတွင်း ပြုံယမ်း၏ စစ်ရေးအခန်းကဏ္ဍကို ရှားရှားပါးပါး လူသိရှင်ကြား အသိအမှတ်ပြုခြင်းဖြစ်သည်။      ဗီယက်နမ်နှင့် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ မြောက်ကိုရီးယားသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင်…
ဆက်လက်ဖတ်ရန် →
📰Popular NewsAug 5 | 16:25

တရုတ်က Smart Dragon-3 ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်

Credit to Popular Journal - ဟိုင်ယန် (ရှန်းတုန်း)၊ ဩဂုတ်လ ၅ ရက် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုန်းပြည်နယ်ကမ်းလွန် ပင်လယ်ပြင်မှ Smart Dragon-3 သယ်ယူပို့ဆောင်ရေး ဒုံးပျံတစ်စင်းကို ဗုဒ္ဓဟူးနေ့၌ လွှတ်တင်ခဲ့ပြီး Oriental Smart Eye hyperspectral ဂြိုဟ်တု…
ဆက်လက်ဖတ်ရန် →
📰Popular NewsAug 5 | 16:14

ထိုင်းဘောလုံးသမားတစ်ဦးကွင်းထဲမိုးကြိုးပစ်၍ ‌ေ-သဆုံး၊ ၉ ဦးဒ-ဏ်ရာရ

Credit to Popular Journal - ထိုင်းနိုင်ငံတောင်ပိုင်းတွင် အင်္ဂါနေ့က ဘောလုံးကွင်းထဲ မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ကိုးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒေသခံနှင့် ထိုင်း၊မလေးရှားလူမျိုးများ ပါဝင်သော အသင်းများပါဝင်ယှဉ်ပြိုင်သည့် ဒေသဆိုင်ရာ Golok FA Cup 2026 ပြိုင်ပွဲတွင် ဆန်ထီပက်ဘောလုံးကွင်း၌…
ဆက်လက်ဖတ်ရန် →
📰Delta NewsAug 5 | 12:15

ရန်ကုန်မြို့မှာ ကားမှန်ခွဲခံရတာတွေ ဆက်တိုက်ဖြစ်

လိူင်မြို့နယ်မှာ သြဂုတ် ၃ ရက်ညက လမ်းဘေးရပ်ထားတဲ့ တက္ကစီကားတစီး ဘေးမှန်အခွဲခံရသလို အဲဒီမြို့နယ်မှာပဲ ဇူလိုင်လကုန်ပိုင်းက အိမ်စီးကားတစီး အလားတူ ကြုံခဲ့တာရှိတယ်လို့ ​သိရပါတယ် ၅ ၊ ဩဂုတ် အခုနောက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကားအစိတ်အပိုင်းခိုးတာအပြင် ကားမှန်ခွဲပြီး [ဆက်လက်ဖတ်ရှုရန်] The post ရန်ကုန်မြို့မှာ ကားမှန်ခွဲခံရတာတွေ…
ဆက်လက်ဖတ်ရန် →
📰Popular NewsAug 5 | 10:55

ရေဘေးသင့် လေးမျက်နှာမြို့တွင် လျှပ် စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ မဆုံးရှုံးစေရေးအတွက် မီတာဘောက် ၂၀၀ ကျော် ဖြုတ်သိမ်းထား

Credit to Popular Journal - လေးမျက်နှာ၊ သြဂုတ်-၅ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးကြောင့် ရေဝင်ရောက်နေသည့် နေအိမ်များ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအ တွက် မီတာဘောက် ၂၀၀ ကျော်ကို ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကမှ သိရသည်။လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးတွင်…
ဆက်လက်ဖတ်ရန် →
📰Delta NewsAug 5 | 09:07

ဂျပန်ရဲ့ ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယား ဝေဖန်

“ဂျပန်ရဲ့ ဒီလိုအန္တရာယ်များတဲ့ စစ်ရေးလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန် ရှိနေတာပါ” ၅ ၊ ဩဂုတ် ဂျပန်နိုင်ငံက အမေရိကန်လုပ် Tomahawk ခရုဇ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်တာနဲ့ ပတ်သတ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ရှုတ်ချလိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်] The post ဂျပန်ရဲ့ ဒုံးကျည်စမ်းသပ်မှုကို…
ဆက်လက်ဖတ်ရန် →
📰Delta NewsAug 5 | 09:01

ငဝန်တာကျိုးပြီး ရေကြီးနေချိန် စစ်တပ်က ဧရာဝတီတိုင်းအတွင်းမှာ နေ့စဉ် ထိုးစစ်ဆင်နေ

၅၊ ဩဂုတ်။ ငဝန်မြစ်ရဲ့ ရေကာတာ တခုဖြစ်တဲ့ မြစ်ကျိုးတာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာ ၊ ဟင်္သာတ ၊ ရေကြည် ၊ ကျုံပျော် စတဲ့မြို့နယ်တွေမှာ ရေဘေးအန္တရယ် ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ စစ်တပ်က ဧရာဝတီတိုင်းအတွင်းမှာ [ဆက်လက်ဖတ်ရှုရန်] The post ငဝန်တာကျိုးပြီး ရေကြီးနေချိန်…
ဆက်လက်ဖတ်ရန် →
📊 100/100 သတင်း | Last Update: Aug 6, 2026 1:08 PM | Filter: Jul 30 - Aug 6
Khit Thit Mediayktnews.com
Myanmar Nowmyanmar-now.org
The Irrawaddyirrawaddy.com
Mizzima Newsmizzima.com
DVB (Democratic Voice of Burma)dvb.no
Narinjara Newsnarinjara.com
Kantarawaddy Timeskantarawaddytimes.org
BBC Burmesebbc.com/burmese
RFA Burmeserfa.org/burmese
VOA Burmeseburmese.voanews.com
Than Lwin Timesthanlwintimes.com
Delta News Agencydeltanewsagency.com
The 74 Mediathe74media.com
Ludu Nway Ooludunwayoo.com
Build Myanmarbuildmyanmarmedia.com
Burma VJhttps://www.bvjnews.com/

Scroll to Top