ဆေးဘက်ဆိုင်ရာလူမှုရေးဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍Case Conference ကျင်းပခြင်း

ကုသရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေကြသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့မှ လူနာတို့အား ဆေးဘက် ဆိုင်ရာလူမှုရေးဝန်ဆောင်မှုများကို အကောင်းဆုံးစောင့်‌ရှောက်ပံ့ပိုးပေးမှုများဆောင်ရွက်နိုင်ရန် ပညာရပ်ဆိုင်ရာဆွေးနွေးအကြံဥာဏ်ရယူခြင်းနှင့် အသိပညာများမျှဝေခြင်းတို့အတွက် ရည်ရွယ်၍ Case Conference on Medical Social Works ဆွေးနွေးပွဲကို (၇-၅-၂၀၂၆) ရက်နေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားကို အပိုင်း(၂)ပိုင်းခွဲ၍ပြုလုပ်ခဲ့ပြီး ပထမပိုင်းဖွင့်ပွဲအခမ်းအနားအား ဒေါက်တာမိုးခိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာမှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့်ဆေးရုံအုပ် ကြီးများ၊ဆေးရုံအုပ်များ၊ဒုတိယညွှန်ကြားရေးမှူးများ၊လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဆေးလူမှု ဆက်ဆံရေးအရာရှိများ၊ ဆေးလူမှုဆက်ဆံရေးမှူးများ၊ဆေးဘက်ကျွမ်းကျင်(၄) (ဆေးလူမှု)များ စုစုပေါင်း (၇၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၏ ဒုတိယပိုင်းအစီအစဉ်တွင် ညွှန်ကြားရေးမှူး၊ ကုသမှုအထောက်အကူပြုဌာနခွဲမှ သဘာပတိအဖြစ် ဆက်လက်ဆောင်ရွက်ပြီး နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီး(၃)ရုံနှင့် ပြည်သူ့ဆေးရုံ (၄)ရုံ တို့မှဆေးဘက်ဆိုင်ရာလူမှုရေးဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်၍ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် Case များကို တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဒေါက်တာအိနွယ်နီ၊ ညွှန်ကြားရေးမှူး (ကုသထောက်ကူ)မှ အမှာစကား ပြောကြား၍ Case Conference on Medical Social Works ဆွေးနွေးပွဲ အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ဒေါက်တာမိုးခိုင်၊ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) မှ အဖွင်အမှာစကားပြောကြားစဉ်
ဒေါက်တာအိနွယ်နီ၊ ညွှန်ကြားရေးမှူး(ကုသထောက်ကူ) မှ အမှာစကားပြောကြားစဉ်
နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀မှ ဆွေးနွေးတင်ပြစဉ်
ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမှ ဆွေးနွေးတင်ပြစဉ်
ကလေးရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော်မှ ဆွေးနွေးတင်ပြစဉ်
နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၃၀၀မှ ဆွေးနွေးတင်ပြစဉ်
ပြည်သူ့ဆေးရုံ၊ လယ်ဝေးမှ ဆွေးနွေးတင်ပြစဉ်
သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး၊ နေပြည်တော်မှ ဆွေးနွေးတင်ပြစဉ်
ပြည်သူ့ဆေးရုံကြီး၊ ပျဉ်းမနားမြို့မှ ဆွေးနွေးတင်ပြစဉ်
တက်ရောက်လာသူများမှ ဆွေးနွေးအကြံပြုစဉ်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top