Intra Oral Camera (Scanner) အသုံးပြုပုံနှင့် CAD-CAM Machine တို့တွဲဖက်အသုံးပြုပုံလက်တွေ့သင်တန်းပို့ချခြင်းအခမ်းအနားကျင်းပခြင်း

Intra Oral Camera (Scanner) အသုံးပြုပုံ နှင့် CAD-CAM Machine တို့ တွဲဖက်အသုံးပြုပုံ လက်တွေ့သင်တန်းပို့ချခြင်း အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်၊စနေနေ့

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော Intra Oral Camera (Scanner) အသုံးပြုပုံနှင့် CAD-CAM Machine တို့ တွဲဖက်အသုံးပြုပုံလက်တွေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊သွားနှင့်ခံတွင်းအထူးကုဆေးရုံ၌ ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများမှ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များ သင်တန်းသား စုစုပေါင်း(၂၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။

ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာ တွင်  ဗဟိုအဆင့်ဆေးရုံများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများတွင် Digital Dentistryကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ Digital Dentistry ခေတ်မီတိုးတက်လာခြင်းနှင့်အတူ နည်းပညာပြန့်ပွားလာစေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိမြို့ကြီးများတွင် သွားနှင့်ခံတွင်း အထူးကုဆေးရုံများ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန်၊ အနာဂါတ်ကာလတွင် ကျန်းမာရေးဝန်ကြီးဌာန၊ဝန်ထမ်း များကဉီးဆောင်လုပ်ကိုင်နိုင်ရေး ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် နိုင်ငံတော်မှဘဏ္ဍငွေအမြောက်အများ ကျခံသုံးစွဲပေးနေပြီး  ပြည်သူများ အနေ ဖြင့် ကျန်းမာရေးအသုံးစရိတ်များလျော့နည်းကျခံစေရေး နှင့် အခမဲ့ဝန်ဆောင်မှုများရရှိခံစားနိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ လက်ရှိတွင် ပြည်သူ့ဆေးရုံ(၁၀)ရုံတွင် စတင်အသုံးပြု၍  နိုဝင်ဘာလမှစတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့သင်ကြားပို့ချမှုများကို အလေးအနက်ထား၍ လေ့လာ သင်ယူကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ညွှန်ကြာရေးမှူးချူပ်သည် လက်တွေ့သင်ကြားရေးစက်ပစ္စည်းများအသုံးပြု ခြင်းများကိုကြည့်ရှူပြီး၊ လိုအပ်သည်များကို လမ်းညွှန်ခဲ့ပါသည်။  

          သင်တန်းကို နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံ၌ (၂-၁၁-၂၀၂၄)ရက်နေ့ မှ (၃-၁၁-၂၀၂၄) ရက်နေ့အထိပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top