January 2020
နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင်ကျန်းမာရေး အသိပညာပေးဟောပြောခြင်:
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ နေပြည်တော် သွားနှင့်ခံတွင်းအထူးကုဆေးရုံကြီးတွင် သွားနှင့်ခံတွင်း ရောဂါဝေဒနာခံစားနေရသော ပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးမြှင့်တင်ရေး လုပ်ဆောင်ချက်များဖြစ်သော သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ စနစ်မှန် သွားတိုက်နည်းသင်ကြားပြသခြင်းနှင့် အတူတကွသွားတိုက်ခြင်း၊ သွားနှင့်ခံတွင်းရောဂါများအား လိုအပ်သည့်စစ်ဆေးကုသခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း
၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ
တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများသို့ ကွင်းဆင်းစစ်ဆေးခြင်း
• ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာလွင်လွင်ဦးလှိုင်သည် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာတင်တင်အောင် လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေ Component-2 အသုံးစရိတ်အထောက်အပံ့ဖြင့် (၂၀-၁၂-၂၀၁၉) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၌ ခရိုင် နှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
