နေပြည်တော်တွင် Consultative Meeting on Development of Referral Guidelines ကျင်းပပြုလုပ်ခြင်း

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အရ Consultative Meeting on Development of Referral Guidelines ကို ၂၀၁၉-ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန/ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒေါက်တာသီတာလှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့တို့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး /ပြည်နယ်ကုသရေးဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ အထူးကုဆရာဝန်ကြီးများ၊ မြို့နယ် ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ကောင်းမွန်သော လူနာညွှန်းပို့စနစ် ပေါ်ပေါက်လာစေရေးအတွက် အမျိုးသားကျန်းမာရေးစီမံကိန်းလက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ အခြေခံကျသော လိုအပ် ချက်ဖြစ်သည့် Patient Referral Guidelines ကို ရေးဆွဲလျက်ရှိရာ ယနေ့အစည်းအဝေးတွင် အဆိုပါရေးဆွဲလျက်ရှိသည့် Referral Guidelines (မူကြမ်း)နှင့် ပတ်သက်၍ ပြင်ဆင် ဖြည့်စွက်သင့်သည့် အချက်အလက်များအား ဆွေးနွေးကြခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ(၄:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

 

 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top