ပြည်သူ့လွှတ်တော်

အမျိုးအစား
ကြယ်ပွင့်မပြ
မေးမြန်းသူ / ရက်စွဲ
ဦးစိုးဝင်း(မိုးညှင်းမဲဆန္ဒနယ်)
ရက်စွဲ
28/7/2026
မေးမြန်းချက်
မိုးညှင်း ခုတင် ၁၀၀၀ ဆံ့ဆေးရုံအား ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း မိုးညှင်းမြို့သည် မြစ်ကြီးနား-မန္တလေး ကားလမ်း၊ ရထားလမ်းဖြတ်သန်းရာ မြို့တစ်မြို့ ဖြစ်ပြီး ဧရိယာစတုရန်းမိုင် ၂,၅၇၈.၅၁...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် လူဦးရေ ၃၀၀,၀၉၃ ဦးရှိပြီး ခုတင် ၁၀၀ ဆံ့ မိုးညှင်း ပြည်သူ့ဆေးရုံ၊ လုံးတုံ၊ နန့်မွန်း၊ ဟိုပင်၊ နန်းမား၊ လွဲမွန်၊ ချောင်းဝတိုက်နယ်ဆေးရုံ ၆ ရုံ၊ မိခင် ကလေးကျန်းမာရေးဌာန၊...
အမျိုးအစား
ကြယ်ပွင့်မပြ
မေးမြန်းသူ / ရက်စွဲ
ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)
ရက်စွဲ
28/7/2026
မေးမြန်းချက်
ရွှေတောင်မြို့နယ်တွင် တိုင်းရင်းသမားတော် ဆေးကုသဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ တိုင်းရင်းသားဆေးကောင်စီညီလာခံ များဖြစ်စေ၊ မြန်မာနိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားချက်များအရ တိုင်းရင်းဆေးပညာ ထွန်းကားတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားမှုများရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ကျန်းမာရေးဝန်ကြီးဌာန၏ စိစစ်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် တိုင်းရင်းဆေးရုံ တည်ဆောက်ရန်အတွက် လယ်မြေဧက ၁.၉၆ ဧကအား မြို့မိမြို့ဖများထံမှ လှူဒါန်းရရှိခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန အမည်ပေါက်ပြောင်းလဲနိုင်ရေးနှင့် လယ်ယာမြေမှ အခြားနည်းလမ်းအသုံးပြုခွင့်အား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနသို့ လျှောက်ထားဆဲ ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။...
အမျိုးအစား
ကြယ်ပွင့်မပြ
မေးမြန်းသူ / ရက်စွဲ
ဦးစောဟေသားကြီး(သံတောင်ကြီးမဲဆန္ဒနယ်)
ရက်စွဲ
13/7/2026
မေးမြန်းချက်
သံတောင်မြို့သစ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်မှုရှိ မရှိ၊ ရှိပါက မည်သည့် အချိန်တွင် ဖွင့်လှစ်မည်နှင့် မရှိပါက အဘယ်ကြောင့်မဖွင့်နိုင်ကြောင်းကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ပြည်သူ့ဆေးရုံကို ၁၉၆၅ ခုနှစ်ကတည်းက တည်ဆောက်...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၅ ခုတင်ဆံ့ သံတောင်ကြီးမြို့နယ် ပြည်သူ့ ဆေးရုံ၊ ၂၅ ခုတင်ဆံ့ သံတောင်မြို့ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင်ဆံ့ လိပ်သိုနှင့် ဘောဂလိတိုက်နယ် ဆေးရုံများ ရှိကြပါကြောင်း၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးရုံလုပ်ငန်းများ စဉ်ဆက်...
မေးမြန်းသူ / ရက်စွဲ
ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)
ရက်စွဲ
13/7/2026
မေးမြန်းချက်
ဝမ်းတွင်းမြို့နယ်၊ တမာကုန်းကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ပေးရန်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများ၊ကျေးလက်ကျန်းမာရေးဌာနခွဲများတွင်သတ်မှတ် ဝန်ထမ်း များ ပြည့်မီ စွာခန့်ထားပေးရန်နှင့် မြွေဆေးနှင့် ခွေးရူးပြန်ကာကွယ်ဆေးအပါအဝင် ဆေးဝါးများ ဖြန့်ဝေ ထားရှိပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း ဝမ်းတွင်းမြို့နယ်၊ တမာကုန်း...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူဦးရေ ၂၅၉,၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၄ ရုံ၊ ဒေသန္တရကျန်းမာရေးဌာန ၁ ခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန...
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးဝင်းဆွေ (ခရမ်းမဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ၁ ခု၊ ကျီနီချောင်တိုက်နယ်ဆေးရုံ၊ ကမာမတ်တိုက်နယ်ဆေးရုံနှင့် ပိန်းကန်တိုက်နယ်ဆေးရုံ ၃ ရုံရှိပြီး ဆရာဝန် ၁၁ ဦး သူနာပြု ၂၀ ဦးလိုအပ်လျက်ရှိပါသဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံ ခုတင် ၅၀ တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ၁ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၂ ဦး၊ သူနာပြုကြီး ၁ ဦး၊ အထက်တန်းသူနာပြု ၇ ဦး၊ သူနာပြု ၄...
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးစိုင်းဆန်စိန်(တန့်ယန်းမဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
တန့်ယန်းမြို့ ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသည် ၁၉၆၂ ခုနှစ်တွင် မြို့စားပိုင်မှ မြေလှူဒါန်းပြီး ပြည်သူ လူထုများမှ စုပေါင်းဆေးရုံအဆောက်အဦ ဆောက်လုပ်လှူဒါန်းခဲ့သည့်အတွက်...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင်၂၅ ခုတင်ဆံ့ဆေးရုံ၁ ရုံ၊ ဝိန်းကောင် တိုက်နယ်ဆေးရုံ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ မန်ကတ်တိုက်နယ်ဆေးရုံနှင့် မိုင်းကောင်တိုက်နယ် ဆေးရုံစုစုပေါင်း ၅ ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ တန့်ယန်းမြို့ပြည်သူ့ဆေးရုံ၏ တစ်နေ့ပျမ်းမျှ အတွင်းလူနာဦးရေမှာ ၃ နှစ်တွင် ပျမ်းမျှအနေဖြင့် ၂၄...
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးခင်မောင်ထွန်း(ဖောင်းပြင်မဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
ဖောင်းပြင်မြို့ ခုတင် ၅၀ ဆံ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦးသာရှိပြီး သွားဆရာဝန်နှင့်အတူ ဆေးပညာရှင်ဝန်ထမ်းများ လိုအပ်လျက်ရှိပါသဖြင့် တာဝန်ချခန့်ထားပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း ဖောင်းပြင်မြို့နယ်အတွင်းကျေးရွာအုပ်စု ၂ အုပ်စု၊ ကျေးရွာအုပ်စု ၄၀ အုပ်စု...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ဖောင်းပြင်မြို့၊ ခုတင် ၅၀ ဆံ့ဆေးရုံတွင် လက်ရှိအချိန်၌ လက်ထောက်ဆရာဝန် ဒေါက်တာ ချမ်းသာထွန်း၊ သူနာပြုကြီးတစ်ဦး၊ အထက်တန်းသူနာပြု ၄ ဦးနှင့် သူနာပြုတစ်ဦးတို့ တာဝန် ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေလအတွင်းတွင် ပျမ်းမျှအတွင်းလူနာ ၁၃...
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးထွန်းထွန်းနိုင် (စဉ့်ကိုင်မဲဆန္ဒနယ်)
ရက်စွဲ
22/6/2026
မေးမြန်းချက်
စဉ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ်(ကံအောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု လိုအပ်လျက်ရှိပါ သောကြောင့် တိုက်နယ်ဆေးရုံအဖြစ် ခွင့်ပြုဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်အုပ်စု၊ ကျေးရွာခွဲ ၁၂ ရွာရှိပြီး စဉ့်ကိုင်မြို့နယ်၏ အစွန်ဆုံး ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ လျှောက်ထားသည့်...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
စဉ့်ကိုင်မြို့နယ်သည် ၁၇၂ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း ၁၆၂၆၇၀ ဦးနေထိုင် ပြီး၊ စဉ့်ကိုင်မြို့နယ် ဆေးရုံ ၁ ရုံ၊ စဉ့်ကိုင်မျက်စိရောဂါအထူးကုဆေးရုံနှင့် ပလိပ်တိုက်နယ်ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၄ ခု၊...
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးခင်မောင်သန်း (ကလေးမဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကို ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့အဆင့်တိုးမြှင့်ပေးနိုင်ပါရန်၊ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ပေးနိုင်ပါရန်နှင့် ဆေးရုံကြီးတွင်လိုအပ်လျက်ရှိသော ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဆရာဝန်ကြီးနှင့် ၎င်းဌာနအတွက် ဓာတ်မှန်ကျွမ်းကျင်အဆင့် ၂ တို့အား ခန့်ထားပေးနိုင်ပါရန် တို့နှင့်...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ မှ ခုတင် ၅၀၀ သို့ အဆင့်တိုးမြှင့်ပေးပါရန်နှင့် ပတ်သက်၍ ရရှိသောအချက်အလက်များအရ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာမှာ ဆေးရုံတွင်ရောက်ရှိသည့် ပျမ်းမျှအတွင်းလူနာဦးရေ...
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးစိုင်းစိန်ဝင်း(လဲချားမဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
လဲချားမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးကို ၂၅ ခုတင်မှ ခုတင် ၅၀ သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိနှင့် မရှိပါက ဦးစားပေးအစီအစဉ်တွင် ထည့်ထားပေးပါရန်၊ လက်ထောက်ဆရာဝန်တစ်ဦး အမြန် ဆုံးခန့်အပ်ပေးပါရန်နှင့် မွေးလူနာအဆောင် သီးသန့်တစ်ဆောင် အမြန်ဆုံး...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
၂၅ ခုတင်မှ ခုတင် ၅၀ အဆင့်တိုးမြှင့်ပေးရန်အစီအစဉ်နှင့်စပ်လျဉ်း၍ လဲချားမြို့နယ်ဆေးရုံ၏ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ် သုံးနှစ်စာ တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေသည် ၄၂ ဦးရှိပြီး တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေ ၅၀ ဦးထက်ကျော်လွန်မှသာ ခုတင်အဆင့်တိုးမြှင့်ခြင်းကို...
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးသန်းအေး(ကျောက်ဖြူမဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
ကျောက်ဖြူမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် အရေးတကြီးလိုအပ်နေသည့် ဆေးဝါး များနှင့် ဆရာဝန်၊ ဝန်ထမ်းများအား ဆောလျင်စွာ စေလွှတ်ခန့်အပ်ပေးသွားရန်အစီအစဉ် ရှိ မရှိ အား သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း ကျောက်ဖြူမြို့သည် ခုတင်...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
မေးမြန်းချက်နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကိုလည်း မိမိတို့ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါ ကြောင်း၊ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် လိုအပ်မှုရှိနေသည့် ပစ္စည်းများနှင့်စပ်လျဉ်းပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အတွင်းမှာဓာတ်ခွဲခန်းသုံး ဖြစ်သည့် သွေးအုပ်စုခွဲခြားပေးသည် ဆေးရည်များ၊ သွေးသွင်းရာ တွင်အသုံးပြုသည့် သွေးအိတ် အမျိုးမျိုး၊ အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုး HIV/...
စဉ်
အမျိုးအစား
ကြယ်ပွင့်ပြ
မေးမြန်းသူ / ရက်စွဲ
ဦးသိန်းရီ(ထန်းတပင်မဲဆန္ဒနယ်)
ရက်စွဲ
15/6/2026
မေးမြန်းချက်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုး ကျေးရွာသည် လူဦးရေ ၁၅၅၄ ဦးရှိပြီး ကုက္ကိုလ်ဝမြစ်ကမ်းပါးပေါ်တွင် တည်ရှိပါကြောင်း၊ မိုးတွင်းကာလ၌ အဆိုပါ ကျေးရွာသည် ဆည်မြောင်းဦးစီးဌာန၏ ရေတားတမံတွင် သွားလာနေရခြင်းကြောင့် ဗွက်ထူထပ် ခြင်း၊ သွားရေးလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရခြင်း၊...
တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားချက်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ၆ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၅ ဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန ၁ ဌာန ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကတွယ်ကျေးရွာအုပ်စု၊ ညောင်ရိုးကျေးရွာတွင် အိမ်ခြေ ၃၂၀ အိမ်နှင့်...

Scroll to Top