ပြည်ပြည်သူ့ဆေးရုံကြီး

ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး

ဆေးရုံတည်နေရာနှင့် ဓါတ်ပုံ

၁။      စတင်တည်ထောင်ခဲ့သော ခုနှစ်နှင့် သမိုင်းအကျဉ်းချုပ်

          ၁၉-၇-၁၉၃၃   –         ခုတင် (၁၀၀) ဆေးရုံအဖြစ်စတင်ဖွင့်လှစ်ခဲ့ပါသည်။

          ၁၂-၃-၁၉၆၁    –         ခုတင် (၁၅၀) ဆေးရုံအဖြစ်တိုးမြှင့်ခဲ့ပါသည်။

          ၁၅-၈-၁၉၉၉   –         လက်ရှိမြေနေရာသို့ ပြောင်းရွှေ့ပြီး ဆေးရုံသစ်ဆောက်ခဲ့ပါသည်။

          ၁၂-၉-၂၀၀၉    –         ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံအဖြစ်တိုးမြှင့်ခဲ့ပါသည်။

          ၃-၁၂-၂၀၁၅    –         ခုတင် (၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ်တိုးမြှင့်ခဲ့ပါသည်။

၂။       ဆက်သွယ်ရမည့်လိပ်စာ

          အောင်ဆန်းပြည်သာယာလမ်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး။

          ဆေးရုံအုပ်ကြီးရုံးခန်း (ကြိုးဖုန်း)-     ၀၅၃၂၀၂၇၃၅၀ ၊  ၀၅၃၂၀၂၇၃၅၁

          အရေးပေါ်နှင့်ပြင်ပလူနာ(ကြိုးဖုန်း)-  ၀၅၃၂၀၂၈၈၂၈

          အီးမေးလ်-     pyaygeneralhospital500@gmail.com

          ဖက်စ်နံပါတ်-  ၀၅၃၂၀၂၇၃၅၁

၃။      ပြင်ပလူနာပြသနိုင်သောအချိန်ဇယား

          (က) အထွေထွေရောဂါကုပြင်ပလူနာအချိန်ဇယား

ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ။

၁။      (၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားအောင်မြင်စွာကျင်းပပြီးစီးခြင်း။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ခုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးသည် ပြည်ခရိုင် အတွင်းရှိပြည်သူ လူထုသာမက မကွေးကိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှ ပြည်သူများပါလာ ရောက် ကုသမှုခံယူကြသော‌ ဆေးရုံကြီးဖြစ်သဖြင့် ဆေးရုံကြီးတွင် ဆေးကုသမှုဌာနပေါင်း (၁၃)ခုဖြင့် ကုသရေးနှင့် သင်ကြားရေးလုပ်ငန်းများကို တိုးမြှင့်ခြင်းနှင့်အတူ အရည်အသွေး တိုးတက် ကောင်းမွန် စေရန် ဦးတည်ချက်ထားလျက်ဆောင်ရွက်ရာတွင် အဆောက်အဦများလည်းတိုးချဲ့ တည်ဆောက်ခဲ့ ပါသည်။           ထိုသို့အဆောက်အဦများတိုးချဲ့ဆောက်လုပ်ပြီး ဆေးကုသဆောင်များကိုတိုးချဲ့ကာ ခေတ်မှီကုသရေးစက် ကိရိယာများဖြင့် ပိုမိုကောင်းမွန်သော ဆေးကုသမှုများကို ပြည်သူလူထုအတွက် ပြုလုပ်ပေးနိုင်ရန်၊ ခွဲစိတ်ကုသမှုလုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စွာဆောင်ရွက်စေနိုင်စေရန် ရည်ရွယ် ၍ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ အထူးကြပ်မတ်ကုသဆောင်နှင့်ခွဲစိတ်ခန်းများ၊ ခွဲစိတ်ကုသဆောင်၊ သားဖွားနှင့်မီးယပ်ကုသဆောင်၊ အစည်းအဝေးခန်းမ များပါဝင်သည့်(၅)ထပ်ဆေးကုသဆောင်သစ်ကို

ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း (၄၇၃၅.၇ )ဖြင့်(၂၃-၄-၂၀၂၁)ရက်နေ့မှ စတင်၍ ဆောက်လုပ်ခဲ့ရာ (၁၀-၁၀-၂၀၂၃)ရက်နေ့ တွင် အဆောက်အဦပြီးစီးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး (၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲ အခမ်း အနားကို (၅-၁-၂၀၂၄ )ရက်နေ့ နံနက် ( ၁၀:၀၀  )နာရီအချိန်တွင် ၎င်း(၅)ထပ်ကုသဆောင်သစ်၌ ကျင်းပ ပြုလုပ်ရာဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာ မိုးခိုင်နှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)မှတာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီး ဌာနမှူး၊ ဒေါက်တာသီဟနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်း များတက်ရောက်ခဲ့ကြပါသည်။

၂။       အထူးကုဆေးကုသရေးအဖွဲ့ကွင်းဆင်းဆေးကုသမှု( Super Specialist Tour )

ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်အရ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိဒေသခံပြည်သူများ အားလိုအပ်သောဆေးကုသမှုများဆောင်ရွက်ပေးနိုင်ရန်အတွက်ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့ ( ၂ )ဖွဲ့သည် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ (၂)ကြိမ်လာရောက်၍ ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြပါသည်။

စဉ်နေ့ရက်ကုသပေးခဲ့သည့် လူနာဦးရေမှတ်ချက်
၁၂၆-၈-၂၀၂၃၁၀၈၃ပထမအကြိမ်
 ၂၇-၈-၂၀၂၃၃၁၉ပထမအကြိမ်
၂၇-၁-၂၀၂၄၄၁၀ဒုတိယအကြိမ်
 ၈-၁-၂၀၂၄၄၄၀ဒုတိယအကြိမ်
 စုစုပေါင်း၂၂၅၂ 

၃။      ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအခမဲ့ကွင်းဆင်းဆေးကုသမှု

          ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးအဖွဲ့သည် ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်/တိုက်နယ်များသို့ တစ်လ တစ်ကြိမ် လစဉ်ကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများပေးလျှက်ရှိပါသည်။

၂၀၂၃ခုနှစ်အတွင်း အထူးကုဆရာဝန်ကြီးများအခမဲ့ကွင်းဆင်းဆောင်ရွက်ပေးမှုအခြေအနေ

စဉ်ရက်စွဲဆေးရုံအမည်ကွင်းဆင်းသည့် နေရာ/ဆေးရုံဘာသာရပ်‌လူနာ ဦးရေ
  ၁၁-၁၀-၂၀၂၃ပြည်မြို့ပြည်သူ့ ဆေးရုံကြီး (ခုတင်၅၀၀)ကွေ့မတိုက်နယ် ဆေးရုံ ရွှေတောင်မြို့နယ်ဆေးပညာ၊ ခွဲစိတ်၊ ကလေး၊ မျက်စိ၊ သွားနှင့်ခံတွင်း၃၁၃
၂၁၉-၁၁-၂၀၂၃ပြည်မြို့ပြည်သူ့ ဆေးရုံကြီး (ခုတင်၅၀၀)ပေါင်းတလည် တိုက်နယ်ဆေးရုံ ပြည်မြို့နယ်ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊မျက်စိ၊ အရိုး၊ သွားနှင့်ခံတွင်း၃၇၈
၃၂၃-၁၂-၂၀၂၃ပြည်မြို့ပြည်သူ့ ဆေးရုံကြီး (ခုတင်၅၀၀)ဉသျှစ်ပင် တိုက်နယ်ဆေးရုံ ပန်းတောင်းမြို့နယ်ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊မျက်စိ၊ နား- နှာခေါင်း-လည်ချောင်း၊ အရိုး၊ သွားနှင့်ခံတွင်း၄၈၄
၄၁၈-၅-၂၀၂၄ပြည်မြို့ပြည်သူ့ ဆေးရုံကြီး (ခုတင်၅၀၀)ကျီးသဲ တိုက်နယ်ဆေးရုံ ရွှေတောင်မြို့နယ်ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ မျက်စိ၊ အရိုး၊ နား- နှားခေါင်း-လည်ချောင်၊သွားနှင့် ခံတွင်း၃၁၆
စုစုပေါင်းလူနာဦးရေ၁၄၉၁

၄။         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူတိုင်းဒေသကြီးအတွင်းအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှစ၍ တစ်တိုင်းလုံးတပြေးညီကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာတွင် ပြည်မြိုပြည်သူ့ဆေးရုံကြီးတွင်လည်း ပြည်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ် (၂၁)ရက်နေ့တိုင်း ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိပါသည်။

ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအစီအစဉ်

၂၀၂၂ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ် မေလအထိလူနာသစ်/ဟောင်းစာရင်း

စဉ်လအမည်လူနာသစ်လူနာဟောင်းစုစုပေါင်း
၁ဒီဇင်ဘာလ /၂၀၂၂၅၅–၅၅
၂ဇန်နဝါရီလ/ ၂၀၂၃၈၄၂၁၁၀၅
၃ဖေဖေါ်ဝါရီလ/ ၂၀၂၃၅၅၄၈၁၀၃
၄မတ်လ /၂၀၂၃၆၉၄၇၁၁၆
၅ဧပြီလ /၂၀၂၃၁၀၃၆၀၁၆၃
၆မေလ/၂၀၂၃၄၂၁၁၂၁၅၄
၇ဇွန်လ/၂၀၂၃၃၂၁၁၀၁၄၂
၈ဇူလိုင်လ/၂၀၂၃၂၁၁၂၁၁၄၂
၉ဩဂုတ်လ/၂၀၂၃၁၈၁၁၃၁၃၁
၁၀စက်တင်ဘာလ/၂၀၂၃၁၃၁၁၅၁၂၈
၁၁အောက်တိုဘာလ/၂၀၂၃၁၃၉၄၁၀၇
၁၂နိုဝင်ဘာလ/၂၀၂၃၂၀၁၁၅၁၃၅
၁၃ဒီဇင်ဘာလ/၂၀၂၃၁၂၁၃၁၁၄၃
၁၄ဇန်နဝါရီလ/၂၀၂၄၁၀၁၂၄၁၃၄
၁၅ဖေဖေါ်ဝါရီလ/၂၀၂၄၁၆၁၁၈၁၃၄
၁၆မတ်လ/၂၀၂၄၂၂၁၂၅၁၄၇
၁၇ဧပြီလ/၂၀၂၄၁၁၁၃၂၁၄၃
၁၈မေလ/၂၀၂၄၁၂၁၃၀၁၄၂
 စုစုပေါင်း၆၀၈၁၇၁၆၂၃၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၏

တည်နေရာ အားGoggle မှမြင်ရပုံ

                               တည်နေရာနှင့် အဆောက်အဦများအကွက်ချပုံစံ

ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့

( ရှေ့ဘက် )

(နောက်ဘက် )

ညာဘက်

ဘယ်ဘက်

ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့

(၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားမှတ်တမ်းတင်ဓါတ်ပုံများ

ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့

(၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားမှတ်တမ်းတင်ဓါတ်ပုံများ

အထူးကုဆေးကုသရေးအဖွဲ့ကွင်းဆင်းဆေးကုသမှု ( Super Specialist Tour )

မှတ်တမ်းတင်ဓါတ်ပုံများ (၂၆/၂၇-၈-၂၀၂၃)

အထူးကုဆေးကုသရေးအဖွဲ့ကွင်းဆင်းဆေးကုသမှု ( Super Specialist Tour )

မှတ်တမ်းတင်ဓါတ်ပုံများ (၂၆/၂၇-၈-၂၀၂၃)

အထူးကုဆေးကုသရေးအဖွဲ့ကွင်းဆင်းဆေးကုသမှု ( Super Specialist Tour )

မှတ်တမ်းတင်ဓါတ်ပုံများ (၇/၈-၁-၂၀၂၄)

အထူးကုဆေးကုသရေးအဖွဲ့ကွင်းဆင်းဆေးကုသမှု ( Super Specialist Tour )

မှတ်တမ်းတင်ဓါတ်ပုံများ (၇/၈-၁-၂၀၂၄)

ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ

ရွှေတောင်မြို့နယ်၊  ကွေ့မတိုက်နယ်ဆေးရုံသို့သွားရောက်၍

အခမဲ့ကွင်းဆေးကုသမှုမှတ်တမ်းဓါတ်ပုံများ(၁-၁၀-၂၀၂၃)

ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ

ပြည်မြို့နယ်၊ ပေါင်းတလည်တိုက်နယ်ဆေးရုံသို့သွားရောက်၍

အခမဲ့ကွင်းဆေးကုသမှုမှတ်တမ်းဓါတ်ပုံများ(၁၉-၁၁-၂၀၂၃)

ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ

ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်တိုက်နယ်ဆေးရုံသို့သွားရောက်၍

အခမဲ့ကွင်းဆေးကုသမှုမှတ်တမ်းဓါတ်ပုံများ(၂၃-၁၂-၂၀၂၃)

ပြည်မြို့ပြည်သူ့ဆေးရုံကြီး၌(၂၁-၇-၂၀၂၃)ရက်နေ့တွင်

အငြိမ်းစားနိုင်ငံဝန်ထမ်းများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှကြည့်ရှုအားပေးစဉ်

ပြည်မြို့ပြည်သူ့ဆေးရုံကြီး၌(၂၁-၉-၂၀၂၃)ရက်နေ့တွင်

အငြိမ်းစားနိုင်ငံဝန်ထမ်းများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှကြည့်ရှုအားပေးစဉ်

ပြည်မြို့ပြည်သူ့ဆေးရုံကြီး၌(၂၁-၆-၂၀၂၃)ရက်နေ့တွင်

အငြိမ်းစားနိုင်ငံဝန်ထမ်းများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို

                   ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ၊ ဒေသကွပ်ကဲရေးမှူး မှကြည့်ရှုအားပေးစဉ်

Scroll to Top