အရိုးရောဂါအထူးကုဆေးရုံကြီး၊မန္တလေးမြို့

ဆေးရုံတည်နေရာနှင့် ဓါတ်ပုံ မြို့သစ် (၁)ရပ်ကွက်၊ ၁၀၄လမ်း x ၁၀၅လမ်းကြား၊ ၆၂လမ်းပေါ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ဆေးရုံသမိုင်းအကျဉ်း           အထက်မြန်မာပြည် မန္တလေးမြို့၌ အရိုးရောဂါအထူးကုဆေးရုံသစ်ကြီး ဖြစ်ထွန်းလာ စေရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ (၃.၁၁.၂၀၀၄)ရက်နေ့တွင် အောင်ကောင်းကျော်ဆောက်လုပ်ရေးကုမ္ပဏီမှ အဆောင်(အေ)နှင့် (ဘီ)ကို တာဝန်ယူ တည်ဆောက်ခဲ့ရာ (၂၀၁၀)ခုနှစ်တွင် ပြီးစီးသဖြင့် (၂၇.၆.၂၀၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။           ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ တိုးချဲ့ဆောင် (စီ)နှင့် (ဒီ) ဆောက်လုပ်ရန် ခွင့်ပြုပါသဖြင့် ကြယ်စင်မင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ရာ (၂၀၁၅)ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။           Imaging Complex (၂)ထပ်အဆောက်အဦးကို ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအဆောက်အဦးအထူးဖွဲ့(၆)၊ တည်ဆောက်ရေး(၂)မှ […]

ပျဉ်းမနားမြို့၊ခုတင်(၂၀၀)ဆေးရုံကြီး

ခုတင်(၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ပျဉ်းမနားမြို့ တည်နေရာ ပျဉ်းမနားမြို့သည် ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်းတွင်ရှိပြီး           နေပြည်တော်ပျဉ်းမနားမြို့၊ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသည် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်အုပ်စု၊ နယ်မြေ(၁၉)၊ တပ်ကုန်းရပ်ကွက် လယ်‌ဝေးလမ်းဟောင်းကြား“မြင်းရတနာ” နှင့် “ရှမ်းကန်” ဟုခေါ်တွင်သော နေပြည်တော် ပျဉ်းမနားစည်ပင်သာယာရေးကော်မတီရုံးတည်ရှိရာ “မင်္ဂလာကန်တော်ခန်းမ”အနီးတွင်တည်ရှိပါသည်။ စတင်တည်ထောင်ခဲ့သောခုနှစ်နှင့် သမိုင်းအကျဉ်းချုပ် ဆေးရုံတည်ဆောက်ရေးသမိုင်း           ၁၉၃၃-၁၉၄၅            –         ဘုံဘေဘားမားဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။           ၁၉၅၀                     –         ၁၆-ခုတင်ဆံ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။           ၁၉၅၂                      –         ၂၅-ခုတင်ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။           ၁၉၈၃                     –         ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။           ၂၀.၁၂.၁၉၉၁            –         ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ […]

နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံ

နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံ၏သမိုင်းအကျဉ်း ၁။  နေပြည်တော်သွားနှင့်ခံတွင်းအထူးကုဆေးရုံသည် ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ရာများနှင့် ပတ္တာရဲစခန်းအနီးတွင်တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်း              – ၁၅.၂ဧက မြေပိုင်ဆိုင်မှု                                     – ဂရမ်လျှေက်ထားဆဲဖြစ်ပါသည်။       နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ နေပြည် တော်ခရိုင်၊ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်ဆေးရုံအမှတ်(၂)ကို ၂၀၁၁ခုနှစ်၊ မတ်လ (၉)ရက်နေ့တွင် ဖွင့်လှစ်ပြီးနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က သွားနှင့်ခံတွင်းအထူးကု ဌာနအဖြစ် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကြိုတင်ဖွင့်လှစ်ခဲ့ပြီး သွားနှင့်ခံတွင်း အထူးကုဆေးရုံအဖြစ်၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ဖွဲ့စည်းပုံနှင့်အတူ ချပေး ခဲ့ပါသည်။ (၁) ဆေးကုသဆောင်     ပြင်ပလူနာလက်ခံဌာနနှင့် ရုံးခန်းများ                             ၁ ဆောင်                                       သွားနှင့်ခံတွင်းပြင်ပလူနာကုသဆောင်                           ၁ ဆောင်                                       […]

နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ ပြည်သူလူထုထံ အသိပေးလိုသောအချက်များ

ပြည်သူလူထုထံ အသိပေးလိုသောအချက်များ             နေပြည်တော် အရိုးရောဂါအထူးကုဆေးရုံကြီးမှ အရိုးအကြောရောဂါလူနာများနှင့် ထိခိုက်ဒဏ်ရာလူများအား လက်ခံ၍ ဌာနမှူးပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများမှလိုအပ်သော ကုသမှုများနှင့် ခွဲစိပ်ကုသမှုများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။         ရောဂါရှာဖွေရေးနှင့်ပတ်သက်၍လည်း ဓါတ်ခွဲဌာနမှ  Haematology၊ Biochemistry၊ Serology၊Microbiology၊Histopathology စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်း များဆောင်ရွက်ပေးလျှက်ရှိပါသည်။         ဓါတ်မှန်ဌာနမှလည်း 128 Slice CT Scan၊ 0.4. Tesla MRI ၊ Digital X-ray ၊ Mannual X-ray ၊ Ultrasound စသည့် ခေါတ်မှီစက်ကိရိယာများနှင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးလျှက် ရှိပါသည်။ နေပြည်တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့ များတွင် လူနာများအား ခွဲစိတ်ကုသမှုဆောင်ရွက်ပေးပါသည်။ အကြောအဆစ်ဌာနမှလည်း လူနာများအား […]

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၏ ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

အရေးပေါ်ဌာနအား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်းနှင့် လူနာများ အချိန်မရွေး လာရောက်ဆေးကုသမှုခံယူနိုင်ပါကြောင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးလုပ်ငန်း(ARV)အား အရေးပေါ်ဌာနတွင် နေ့စဉ် ပိတ်ရက်မရှိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း ဆီးချိုရောဂါ လူနာများအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဆေးကုသမှုအား အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အတွက် ဆီးချိုအထူးကုဌာနအား ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကုသမှုဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence)နှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် OSCC (One Stop Crisis Centre)အား ဖွင့်လှစ်ထားပါကြောင်း လူနာများအတွက် ဆေးကုသရာတွင် အဆင်ပြေမှုရှိစေရန် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ အချိန်မရွေး (၂၄)နာရီ နှောင့်နှေးမှုမရှိစေဘဲ ဝယ်ယူနိုင်ရန်အတွက် ဆေးရုံအထောက်အကူပြု ဆေးဆိုင်အား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် […]