သုံးစွဲရန်မသင့်သောဆေးပစ္စည်းများကိုအများပြည်သူသိရှိရန် အသိပေးကြေညာချက်

နိုင်ငံ့ဝန်ထမ်းဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များအား အကာအကွယ်ပေးရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

သူနာပြု/သားဖွားကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့်အဖွဲ့ ဖွဲ့စည်းခြင်း

ပြည်သူများသတိပြုရှောင်ရှားရမည့် စပ်ဆေးအန္တရာယ်

Implementation Research၊ Clinical Research နှင့် Public Health Research သုတေသနအဆိုပြုလွှာများကို ပေးပို့လျှောက်ထားကြရန်
နေပြည်တော်၊ ဒီဇင်ဘာလ (၂၇)ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် (၂၀၁၈-၂၀၁၉)ခု၊ ဘဏ္ဍာနှစ်တွင် Implementation Research၊ Clinical Research နှင့် Public Health Research များကို ဦးစားပေးဆောင်ရွက် ရန်အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁,၅၀ဝ) ခွဲဝေရရှိပြီးဖြစ်ပါသည်။ အဆိုပါ သုတေသနရန်ပုံငွေများကို စနစ်တကျ စိစစ်ခွဲဝေအသုံးပြုနိုင်ရန်နှင့် သုတေသန အဆိုပြုလွှာများကို စစ်ဆေးသုံးသပ်၍ ကနဦးရွေးချယ်ပေးနိုင်ရန်အတွက် “သုတေသနအဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ်ရေးအဖွဲ့” ကို (၁၄-၁၂-၂၀၁၈)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၁၈) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ သုတေသနအဆိုပြုလွှာများကို – ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အမြဲတမ်းအတွင်းဝန် ရုံးအမှတ် (၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော် (သို့မဟုတ်) ဒေါက်တာဟန်ဝင်း ညွှန်ကြားရေးမှူး ဆေးသုတေသနဦးစီးဌာန အမှတ် (၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ […]