ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်လေးစားမှု ပိုမိုတိုးတက်ရရှိစေရန်အတွက် ဆေးရုံဝန်ထမ်းများ၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီးအား (၂-၁-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအလှူပွဲကြီးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များ၊ လူနာရှင်များ၊ လူနာများစုစုပေါင်း (၁၀၀၀)ဦးခန့် ကြွရောက်ချီးမြှင့်ခဲ့ကြရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုအုပ်ကြီးနှင့် […]
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။
ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (World Antibiotics Awareness Week – WAAW) အထိမ်းအမှတ်အခမ်းအနားရန်ကုန်မြို့တွင် ကျင်းပပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာလ (၂၂)ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Hotel Melia၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့်ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်း ထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ညွှန်ကြားရေးမှူးချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်၊ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ်Dr. Stephan Paul Jost […]
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေးမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ Hotel Sakura Princess တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကိုယ်စားလှယ်၊ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ဆေးဝါးတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်တို့ မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ […]
ရခိုင်ပြည်နယ်တွင် Electronic Monthly Implementation Reporting System မွမ်းမံသင်တန်းပေးခြင်း အခမ်းအနားကျင်းပပြုလုပ်

ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား ရခိုင်ပြည်နယ်အတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (၄-၁၁-၂၀၁၉)မှ (၆-၁၁-၂၀၁၉)ထိ (၃)ရက်တိုင်အောင် မွမ်းမံသင်တန်း ပြုလုပ်ခဲ့ပါသည်။
