အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၂၄-၂၀၂၅)ခု၊ဘဏ္ဍာရေးနှစ်တွင် ဆေးရုံ အဆင့်မြှင့်တင်ရေးလုပ်ငန်းအတွက်ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါအမှတ်- 20DMS/2024-2025(L) ဖြင့် တင်ဒါခေါ်ယူအပ်ပါသည်။တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါအမှတ် – 17DMS/ 2024-2025(L) နှင့် 18DMS/ 2024-2025(F) တို့အတွက် Technical Specification ဖွင့်ဖောက်စိစစ်ခြင်း အစည်းအဝေး

တင်ဒါအမှတ် – 17DMS/ 2024-2025(L) နှင့် 18DMS/ 2024-2025(F) တို့အတွက်Technical Specification ဖွင့်ဖောက်စိစစ်ခြင်း အစည်းအဝေး ဖိတ်ကြားခြင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် (၂၀၂၄-၂၀၂၅)ခု၊ဘဏ္ဍာရေးနှစ်အတွက် မြန်မာကျပ်ငွေဖြင့် တင်ဒါအမှတ် – 17DMS/2024-2025(L)ဖြင့်လည်းကောင်း၊ အမေရိကန်ဒေါ်လာ ဖြင့် တင်ဒါအမှတ် – 18DMS/2024-2025(F)ဖြင့်လည်းကောင်း ဆေးရုံအဆင့်မြှင့်တင်ရေး လုပ်ငန်း အတွက်ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရေး တင်ဒါခေါ်ဆိုခဲ့ပြီး အဆိုပါ တင်ဒါအား(၂၈-၁၀-၂၀၂၄) ရက်နေ့၊ မွန်းတည့် (၁၂:၀၀)နာရီတွင် တင်ဒါပိတ်သိမ်းခဲ့ပြီး Envelope– B တွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိကို (၂၈-၁၀-၂၀၂၄)ရက်နေ့တွင် စိစစ်ခဲ့ပြီး ဖြစ်ပါသဖြင့် Technical Specification ဖွင့်ဖောက်စိစစ်ခြင်းအစည်းအဝေးအား အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်ထားသည့် ကုမ္ပဏီများမှ အဆုံးအဖြတ်ပေးနိုင်သည့်ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးအား မပျက်မကွက် တက်ရောက်ပေးနိုင်ပါရန်ဖိတ်ကြားအပ်ပါသည်။