
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဗဟိုအဆင့်ဆေးရုံကြီးများ၊တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ဆေးရုံများတွင်ခန့်ထားသော ဆေးဘက်ကျွမ်းကျင်(၄)(ဆေးလူမှု)(သစ်လွင်)များ ကိုစာတွေ့(၄)လ၊လက်တွေ့(၄)လ စုစုပေါင်း(၆)လသင်တန်းပေးခြင်းကို တိုင်းဒေသကြီး/ပြည်နယ် ကုသရေးဦးစီးဌာနများအစီအစဥ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်းတွင် သင်တန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများနှင့် ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီး၊ပြည်သူ့ဆေးရုံကြီးများ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၉)ဦး၊ ကယားပြည်နယ်တွင် (၄)ဦး၊ ချင်းပြည်နယ်တွင်(၁၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင်(၅)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင်(၂၁)ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၂၁)ဦး၊ မွန်ပြည်နယ်တွင် (၁၁)ဦး၊ ရခိုင်ပြည်နယ်တွင်(၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၅၈)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၂၈)ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်(၄၃)ဦး စုစုပေါင်း သင်တန်းသား/သူ (၂၄၅)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားများဆောင်ရွက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်) နှင့် ရှမ်းပြည်နယ် (အရှေ့)တို့တွင် သင်တန်းများဆောက်ရွက်နေဆဲဖြစ်ပါသည်။



































| စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | သင်တန်းဖွင့်လှစ်သော ဆေးရုံ/ဌာန | တက်ရောက် သင်တန်းသား အရေအတွက် |
| ၁ | ကချင်ပြည်နယ် | ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးာနား | ၉ ဦး |
| ၂ | ကယားပြည်နယ် | ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့ | ၄ ဦး |
| ၃ | ချင်းပြည်နယ် | ပြည်သူ့ဆေးရံကြီး၊ ဟားခါးမြို့ | ၁၂ ဦး |
| ၄ | စစ်ကိုင်းတိုင်းဒေသကြီး | ပြည်သူ့ဆေးရုံကြီး၊မုံရွာ/စစ်ကိုင်း/ ကလေးမြို့ | ၂၀ ဦး |
| ၅ | တနင်္သာရီတိုင်းဒေသကြီး | ပြည်သူ့ဆေးရုံကြီး၊ ထားဝယ် | ၅ ဦး |
| ၆ | ပဲခူးတိုင်းဒေသကြီး | ပြည်သူ့ဆေးရုံကြီး၊ ပဲခူး/ပြည်/ တောင်ငူ | ၂၁ ဦး |
| ၇ | မကွေးတိုင်းဒေသကြီး | ပြည်သူ့ဆေးရုံကြီး၊ မကွေး | ၂၁ ဦး |
| ၈ | မန္တလေးတိုင်းဒေသကြီး | ဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေး | ၄၇ ဦး |
| ၉ | မွန်ပြည်နယ် | ပြည်နယ်ကုသရေးဦးစီးဌာနရုံး/ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင် | ၁၁ ဦး |
| ၁၀ | ရခိုင်ပြည်နယ် | ပြည်သူ့ဆေးရုံကြီး၊ စစ်တွေ | ၁၃ ဦး |
| ၁၁ | ရန်ကုန်တိုင်းဒေသကြီး | ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး | ၅၈ ဦး |
| ၁၂ | ရှမ်းပြည်နယ်(တောင်) | စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး | ၁၂ ဦး |
| ၁၃ | ရှမ်းပြည်နယ်(ရှေ့) | ပြည်သူ့ဆေးရုံကြီး၊ကျိုင်းတုံ | ၃ ဦး |
| ၁၄ | ဧရာ၀တီတိုင်းဒေသကြီး | ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်/ လပွတ္တာ/မြောင်းမြ/ဟင်္သာတ | ၂၈ ဦး |
| ၁၅ | နေပြည်တော် | နေပြည်တော်ကုသရေးဦးစီးဌာနမှူးရုံး/ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ | ၄၃ ဦး |
| စုစုပေါင်း | ၃၀၇ ဦး |
