ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၂) အား ကျင်းပ

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးကို (၉-၅-၂၀၂၂) ရက်နေ့နှင့် (၁၆-၈-၂၀၂၂) ရက်နေ့တို့တွင်ပြုလုပ်ခဲ့ပါသည်။
ဆေးဘက်ကျွမ်းကျင်(၄)(ဓာတ်မှန်/ဆေးစပ်)နှင့်စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း)ရာထူးနေရာများ လျှောက်လွှာခေါ်ယူခြင်း

Consultation Meeting to Develop Integrated Checklists အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank) တို့ ပူးပေါင်းဆောင်ရွက်သည့် Myanmar COVID-19 Emergency Response Project (M-CERP) စီမံချက်ဝင်ဆေးရုံများအား Monitoring and Evaluation ပြုလုပ်ရန် Checklist ရေးဆွဲခြင်းအစည်းအဝေးကို မန်းမြန်မာဟိုတယ်၊ နေပြည်တော် တွင် (၂၂-၁-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ (M-CERP) စီမံချက်တွင် ပါဝင်ဆောင်ရွက်သည့်ဌာနများမှ ညွှန်ကြားရေးမှူး များနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) မှ (M-CERP) စီမံချက်ဝင်ဆေးရုံများတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား Monitoring and Evaluation ပြုလုပ်မည် ဖြစ်ပါကြောင်းနှင့် Monitoring and Evaluation Indicators […]
တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်ဆေးရုံနှင့် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center တို့သို့ ကွင်းဆင်းသွားရောက်ခြင်း

ပဲခူး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁)ရက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းအဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်း၊ ပြည်သူ့ကျန်းရေးပညာရှင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားမှုများ၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၎င်းတို့၏ တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ပံတန်းမြို့နယ်ဆေးရုံ၏ COVID-19 ရောဂါ သံသယလူနာများနှင့် အတည်ပြု လူနာများ ကုသပေးနေမှု၊ ခွဲစိတ်ခန်းပါ တိုးချဲ့၂-ထပ်ဆောင် တည်ဆောက်နေမှု၊ ၃-ထပ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး ဆောက်လုပ်မည့်မြေနေရာ တို့သို့ […]
Video Conferencing on COVID-19 infection of Healthcare Workers ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးဝန်ထမ်းများတွင် COVID-19 ရောဂါပိုးကူးစက်မှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီမှ ညနေ (၄:၀၀)နာရီအထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ IPC focal person များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။အဆိုပါ အစည်းအဝေးတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်မောင်ကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှ၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ(ဆေးပညာ) ပါမောက္ခဒေါက်တာမာမာကြည်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့မှ ဆေးရုံအုပ် […]