States and Regions News

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့်အဖွဲ့ လက်ပံတန်းမြို့နယ်ဆေးရုံနှင့် ပြည်မြို့နယ်ရှိ သန္တာဆောင် Facility Quarantine Center တို့သို့ ကွင်းဆင်းသွားရောက်ခြင်း

ပဲခူး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁)ရက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်သည် (၃၀-၁၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းအဖွဲ့သည် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်း၊ ပြည်သူ့ကျန်းရေးပညာရှင် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏

Read More »

ကုသရေးဦးစီးဌာနမှ ချင်းပြည်နယ်ဆေးရုံများသို့ သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့နယ်ဆေးရုံနှင့် တွန်းဇံမြို့နယ်ဆေးရုံတို့အား ခုတင်အဆင့်မြှင့်တင်နိုင်ရန်ကိစ္စနှင့်ပတ်သက်၍ ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) ဦးဆောင်၍ ဒေါက်တာတင်မောင်ဆွေ၊ ညွှန်ကြားရေးမှူး(ဝယ်ယူရေး)၊ ဒေါက်တာမေလင်းထွန်း၊လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်း)နှင့် ဦးကျော်ဇောဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(အင်ဂျင်နီယာBME)တို့ပါဝင်သောအဖွဲ့သည် (၂၀-၈-၂၀၂၀) ရက်နေ့မှ (၂၃-၈-၂၀၂၀) ရက်နေ့အထိ ချင်းပြည်နယ်သို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

Read More »

ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး   ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။

Read More »

ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (World Antibiotics Awareness Week – WAAW) အထိမ်းအမှတ်အခမ်းအနားရန်ကုန်မြို့တွင် ကျင်းပပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာလ (၂၂)ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာအသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Hotel Melia၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ

Read More »

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေးမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ Hotel Sakura Princess တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)

Read More »

ရခိုင်ပြည်နယ်တွင် Electronic Monthly Implementation Reporting System မွမ်းမံသင်တန်းပေးခြင်း အခမ်းအနားကျင်းပပြုလုပ်

ကုသရေးဦးစီးဌာန၊ ဘဏ္ဍာရေးဌာနမှဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် Electronic Monthly Implementation Reporting System သင်တန်းအား ရခိုင်ပြည်နယ်အတွင်းရှိ ငွေစာရင်းကိုင်ဝန်ထမ်းများအား (၄-၁၁-၂၀၁၉)မှ (၆-၁၁-၂၀၁၉)ထိ (၃)ရက်တိုင်အောင် မွမ်းမံသင်တန်း ပြုလုပ်ခဲ့ပါသည်။    

Read More »

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသီတာလှ ဦးဆောင်သောအဖွဲ့သည် (၃-၃-၂၀၁၉)ရက်နေ့ နံနက် (၁၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံ၊ သာစည်မြို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ အစည်းအဝေးခန်းမတွင် ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံ(၃)ရုံမှ တာဝန်ခံဆရာဝန်များနှင့် တွေ့ဆုံအမှာစကားပြော ကြားခြင်း၊ ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Work) ဆောင်ရွက်ပြီးစီးခြင်း

နေပြည်တော်၊ မတ်လ (၅)ရက် ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံများနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ

Read More »

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေး ကုသမှုဆေးပေးခန်းများ ဖွင့်လှစ်ခြင်း အခမ်းအနား

  ရန်ကုန်၊ ဖေဖော်ဝါရီလ (၁၇)ရက်   ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က – • ရန်ကုန်တိုင်းဒေသကြီးရှိ ဒေသန္တရ ကျန်းမာရေးဌာန (၂၉)ခုနှင့် ကျေးလက်ကျန်းမာရေးဌာန (၉၁)ခုတို့တွင် ဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှု ဆေးပေးခန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ခဲ့မှုနှင့် အခြေခံကျန်းမာရေးပညာရှင်များကို

Read More »