သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပြည်သူသို့အသိပေးလိုသောအချက်များ

  • အပါတ်စဉ် တနင်္လာနေ့တိုင်း နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီ အထိ ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ခွေးကိုက်ခံရသည့်လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် (၂၄) နာရီ ထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • စိတ်ကျန်းမာရေးဌာနနှင့် မူးယစ်ဆေးစွဲရောဂါကုဌာနတွင် မူးယစ်ဆေးစွဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲရောဂါများအား ကုသပေးခြင်းနှင့် မူးယစ်ဆေးအစားထိုးဆေးဝါး ဖြစ်သည့် မက်သာဒုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို အစိုးရ ရုံးဖွင့်ရက်များတွင် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်ကုဌာန၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး လက်ရှိဆောင်ရွက် လျက်ရှိသော အခြေအနေကိုတင်ပြခြင်း

  • ပြင်ပလူနာဌာန၏ ကုသမှုအနေဖြင့် အပတ်စဉ် တနင်္လာ နှင့် ဗုဒဟူးနေ့တို့တွင် မနက် (၉) နာရီမှ (၁၂) နာရီအထိ ပြင်ပလူနာများကို ကြည့်ရှုကုသပေးလျက်ရှိပါသည်။
  • အရေအတွက်အားဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ လူနာစုစုပေါင်း (၂၉၆၂) အား ကုသပေးခဲပါသည်။ လက်ရှိပျမ်းမျှပြင်ပလူနာ တစ်နေ့လျှင် ၇၀-၉၀ ခန့်အထိ ပုံမှန် ကြည့်ရှု ပေးလျက်ရှိပါသည်။
  • အတွင်းလူနာကုသမှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ လူနာစုစုပေါင်း (၃၈၃) အား ကုသပေးခဲ့ပါသည်။
  • ခွဲစိတ်ကုသမှုအနေဖြင့် (၁) ပတ်လျှင် အင်္ဂနေ့နှင့် ကြသပတေးနေ့ တို့တွင် ပုံမှန် ခွဲစိတ် ကုသမှုများရှိပါသည်။
  • (၁)ရက် လျှင် အကြီးစားခွဲစိတ်မှု (၅) ယောက်နှင့် အသေးစားခွဲစိတ်မှု (၁၀) ယောက်ခန့် ပုံမှန် ပြုလုပ်ပေးလျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ အကြီးစားခွဲစိတ်မှု စုစုပေါင်း (၄၀၀) နှင့် အသေးစားခွဲစိတ်မှု စုစုပေါင်း (၉၆၀) အား ပြုလုပ်ပေးခဲ့ပါသည်။
  • ဆေးပညာသင်ကြားမှုအနေဖြင့် တတိယနှစ် M.B.,B.S သင်တန်းများ နှင့် နောက်ဆုံးနှစ် M.B.,B.S အပိုင်း(ခ) သင်တန်းများကို အပတ်စဉ် တနင်္လာနေ့၌ သင်ကြားပို့ချပေးလျက်ရှိပါသည်။ ထို့အပြင် ဘွဲ့လွန်းသင်တန်းသား M.Med.Sc (URO) ဒုတိယနှစ် နှင့် နောက်ဆုံးနှစ် သင်တန်းသားများကိုလဲ ပုံမှန် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

အသိပေးလိုသော အချက်များ -:

  • ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းရောဂါများနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး အစီအစဉ် (HEALTH EDUCATION) များကို လူနာများသိရှိနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါဖြစ်လာပါက စောလျင်စွာ ပြသ၍ ကုသမှုခံယူနိုင်ရန် အောက်ပါအချက်များကို အသိပေးတင်ပြလိုပါသည်။

(၁) ဆီးလမ်းကြောင်း ကျောက်တည်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် နေ့စဉ် ရေသန့် ၂ လီတာမှ ၃လီတာ ခန့် ပုံမှန်သောက်သုံးရန်။

(၂) ဝဲ ၊ ယာ ခါးနဘေး နှစ်ဖက်နာကျင်မှု ရှိလာပါက ပြင်ပလူနာဌာနသို့ လာရောက်ပြသရန်

(၃) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပွားပါက စောလျင်စွာ လာရောက်ပြသရန်

(၄) ဆီးသွားရ ခက်ခဲမှုရှိပါက စောလျင်စွာ လာရောက်ပြသရန်

(၅) ဆီးထဲတွင် သွေးပါရှိခြင်းများ ရှိလာပါက စောလျင်စွာ လာရောက်ပြသရန်

Leave a Comment