နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၏ ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

  • အရေးပေါ်ဌာနအား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်းနှင့် လူနာများ အချိန်မရွေး လာရောက်ဆေးကုသမှုခံယူနိုင်ပါကြောင်း
  • ခွေးရူးပြန်ကာကွယ်ဆေးထိုးလုပ်ငန်း(ARV)အား အရေးပေါ်ဌာနတွင် နေ့စဉ် ပိတ်ရက်မရှိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း
  • ဆီးချိုရောဂါ လူနာများအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဆေးကုသမှုအား အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အတွက် ဆီးချိုအထူးကုဌာနအား ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကုသမှုဆောင်ရွက်ပေးလျက်ရှိပါကြောင်း
  • ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence)နှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် OSCC (One Stop Crisis Centre)အား ဖွင့်လှစ်ထားပါကြောင်း
  • လူနာများအတွက် ဆေးကုသရာတွင် အဆင်ပြေမှုရှိစေရန် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ အချိန်မရွေး (၂၄)နာရီ နှောင့်နှေးမှုမရှိစေဘဲ ဝယ်ယူနိုင်ရန်အတွက် ဆေးရုံအထောက်အကူပြု ဆေးဆိုင်အား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း
  • လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် လိုအပ်သော ဆေးရုံသုံး အသုံးအဆောင် ပစ္စည်းများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် abc Convenience Store ဆိုင်အား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း
  • လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် သင့်တင့်မျှတသော ကုန်ကျစရိတ်ဖြင့် ဝယ်ယူစားသောက်နိုင်စေရန်နှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရရှိနိုင်ရန်အတွက် ကျန်းမာရေးစားသောက်ဆိုင် (အကယ်ဒမီးယားစားသောက်ဆိုင်)အား ဖွင့်လှစ်ထားပါကြောင်း

Leave a Comment