Standard Operating Procedure (SOP) နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ခြင်:

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၅)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် Video Conferencing အနေဖြင့် ကျင်းပပြုလုပ် ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို … Read more

Video Conferencing on Infection Prevention and Control ကျင်းပပြုလုပ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်           ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ Video Conferencing on Hospital Infection Prevention and Control ကို ၂၀၂၀-ပြည့်နှစ်၊ ဇွန်လ ၆ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာ သီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲတို့မှ ပါဝင်တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာန များမှ Infection Prevention and Control (IPC) Focal Person များ၊ ဗဟိုအဆင့်ဆေးရုံများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေး ဦးစီးဌာနများမှ ဆေးရုံအုပ်ကြီးများနှင့် IPC teams များ စုစုပေါင်း … Read more

ပူတာအိုဆေးရုံ မွေးခန်းသုံးရေ နောက်ရခြင်းကိစ္စအား ရှင်းလင်းတင်ပြခြင်း

———— အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရေနောက်ရခြင်းကိစ္စမှာ ၁။ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ခရိုင်ဆေးရုံကြီးနှင့်အညီ ပြည်သူများ၏ ကျန်းမာရေးကိုသာ ရှေ့ထားပြီး သန့်ရှင်းမှုကို အစဉ်အလေးထားလျက်ရှိကြောင်း ပထမဦးစွာ အသိပေးအပ်ပါသည်။ ၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားစဉ်နေ့က ဆေးရုံတိုးတက်ရေးအတွက်ဆောက်လုပ်ရေးလုပ်ငန်းများလုပ်စဉ် ရေပိုက်ကျိုးပေါက်သွားခြင်းဖြစ်ပါသည်။ မိုးအလွန်ရွာသောကာလဖြစ်သဖြင့် မိုးရွာထဲတွင် ပြန်လည်ပြုပြင်ရသောကြောင့် ရွှံများနှင့်ရောထွေး၍ ရေနောက်သွားရခြင်းဖြစ်ပါသည်။ *အစဉ်အမြဲရေနောက်များကို သုံးစွဲနေခြင်း လုံးဝမရှိပါ* ၃။ ၎င်းအပြင် … ပူတာအိုဆေးရုံမိသားစုမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ပျက်စီးမှုများအား ပြုပြင်ပြီးဖြစ်ပါ၍ သန့်ရှင်းစိတ်ချရသောရေသုံးစွဲမှု ပြန်လည်ရရှိပြီဖြစ်ပါသည်။ ၄။ ကတိပေးနိုင်သည်မှာ ဆယ်ဂဏန်းမပြည့်သော ဆရာဝန်နှင့် အထူးကုများမှ သူနာပြုဆရာဆရာမများ .. တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ပူတာအိုဆေးရုံတိုးတက်ရေးနှင့် ပြည်သူများကျန်းမာရေးအတွက် အထူးပင်ကြိုးစားလျက်ရှိကြောင်းပါ. ၅။ လိုအပ်သော … Read more

ပြည်ဆေးရုံကြီးသို့ ကွင်းဆင်းကြည်ရှုစစ်ဆေးခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဒေါက်တာသီတာလှနှင့် ဒေါက်တာကျော်ဇေယျတို့သည် ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ပါဝင်လျှက် (၁၁-၆-၂၀၂၀)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ပြည်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် – Patient Safety and Provider Safety အလေးထားဆောင်ရွက်ရန် – Team Work Balanceဖြစ်အောင် ဆောင်ရွက်ရန် – World Bank ထောက်ပံ့ငွေဒေါ်လာသန်း(၅၀)ဖြင့် ICUအထောက်အပံ့နှင့်ပတ်သက်၍ Specialtyအကုန်ပါဝင်ပြီး ဆွေးနွေးပြီးမှ တိကျသော Decisionပေးရန် – Elective & Emergency Operationများနှင့်ပတ်သက်၍ SOP & Guidelineများ ဆေးရုံတွင် ရေးဆွဲထားရှိရန် – အထူးကု/ပြင်ပလူနာဌာနတွင် Social Distancing ဖြစ်အောင် … Read more