National List of Essential Medicines (NLEM) (2016) စာအုပ်အား Review and Revise ပြုလုပ်ရန် ပထမအကြိမ် Technical Working Group (TWG)အစည်းအဝေးကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံအဓိကဆေးဝါး စီမံချက်မှ ထုတ်ဝေခဲ့သော National List of Essential Medicines (NLEM) (2016) စာအုပ်အား Review and Revise ပြုလုပ်ရန် ပထမအကြိမ် Technical Working Group (TWG)အစည်းအဝေးကို TWG အဖွဲ့ဝင်များဖြင့် (၄-၉-၂၀၁၉) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကုသရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် Technical Working Group for Review and Revision of NLEM (2016) ဉက္ကဌ၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ TWG တွင် ပါဝင်သော ဆေးဝါးဗေဒပညာရှင်များ၏ အားထုတ်ကြိုးစားမှုဖြင့် (NLEM) (2016) စာအုပ်ဖြစ်ပေါ်လာ ခဲ့ပါကြောင်း၊ NLEM စာအုပ်အား (၂) နှစ်လျှင်(၁) ကြိမ် update ပြုလုပ်သင့်ပါကြောင်း၊ NLEM (2016) စာအုပ်အား Review and Revise အမြန်ဆုံးပြုလုပ်ရန် ပြည်ထောင်စု ဝန်ကြီးမှ လမ်းညွှန်ထားပါကြောင်း၊ NLEM(2016)စာအုပ်ကို အခြေခံ၍ မြို့နယ်/ တိုက်နယ်ဆေးရုံများအတွက် Standard List of Medicines ပြုစုနိုင်ခဲ့ပါကြောင်း၊ ယခု ဆောင်ရွက်မည့် လုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်ရေးအတွက် TWG အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  TWG အဖွဲ့ဝင်များမှလိုအပ်သည်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

    

Leave a Comment