Training on Evidence-Based Practice in Nursing 1/2019 ကျင်းပခြင်း

 

    

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ သူနာပြုကြီးနှင့် အထက်တန်းသူနာပြု စုစုပေါင်း( ၅၀ ) ဦး တို့အား Training on Evidence-Based Practice in Nursing 1/2019 ကို နေပြည်တော်၊ မင်္ဂလာသိရီဟိုတယ်၌ ( ၅-၉-၂၀၁၉ ) ရက်နေ့ မှ ( ၇-၉-၂၀၁၉) ရက်နေ့ထိ သင်တန်းပို့ချခဲ့ပါ သည်။ ( ၅-၉-၂၀၁၉) ရက်နေ့သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်(ကိုယ်စား)၊ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) မှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိ ( သူနာပြု ) များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းရည်ရွယ်ချက်မှာ သူနာပြုစုစောင့်ရှောက်မှု အရည်အသွေးပိုမိုကောင်းမွန်လာစေ ရေးအတွက် အထောက်အကူပြုစေရန်၊ သူနာပြုသုသေတနရလဒ်များနှင့် အတွေ့အကြုံ အထောက်အထားများကိုအခြေခံ၍ သူနာပြုစုမှုပေးနိုင်ရန်နှင့် ပြုစုစောင့်ရှောက်မှုများကို စနစ် တကျရေးသား မှတ်သားထားရှိနိုင်ရန် ဖြစ်ပါသည်။
Evidence-Based Practice ဘာသာရပ်များကို သင်တန်းဆရာများမှမိမိတို့ရရှိထားသော အတွေ့အကြုံ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုများ အခြေခံ၍တက်ရောက်လာသော သူနာပြုများအား သင်ကြားပို့ချပေးခဲ့ကြပါသည်။

   

    

      

 

 

 

Leave a Comment