ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ နယ်လှည့်ကွင်းဆင်းဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲ၏ ဦးဆောင်မှုဖြင့် နမ့်ခုံးရှမ်းများပရဟိတအသင်း၊ ရှမ်းပြည်နယ်၊တောင်ကြီးမြို့နှင့် International College of Dentitsအဖွဲ့များနှင့်ပူးပေါင်း၍ ကလောမြို့၊ မဇ္ဈိမယာနလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းတွင် (၃၀-၈-၂၀၁၉)ရက်နေ့မှ (၂-၉-၂၀၁၉)ရက်နေ့ထိ ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ စနစ်မှန်သွားတိုက်နည်းသင်ကြားပြသပေးခြင်း၊ စစ်ဆေးကုသခြင်းများပြုလုပ်ကာ စုစုပေါင်း(၃၂၄)ဦးအား လိုအပ်သည့် သွားနှင့်ခံတွင်းဆေးကုသမှုများနှင့် သွားတုအံကပ်တပ်ဆင်ရန်လိုအပ်သူ(၄၀)ဦးအား သွားတုအံကပ်များ အခမဲ့ကွင်းဆင်းကုသပေးခဲ့ပါသည်။

    

         

    

Leave a Comment