နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၏ ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ
အရေးပေါ်ဌာနအား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်းနှင့် လူနာများ အချိန်မရွေး လာရောက်ဆေးကုသမှုခံယူနိုင်ပါကြောင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးလုပ်ငန်း(ARV)အား အရေးပေါ်ဌာနတွင် နေ့စဉ် ပိတ်ရက်မရှိ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း ဆီးချိုရောဂါ လူနာများအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ဆေးကုသမှုအား အချိန်နှင့်တပြေးညီ ရရှိနိုင်ရန်အတွက် ဆီးချိုအထူးကုဌာနအား ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကုသမှုဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence)နှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် OSCC (One Stop Crisis Centre)အား ဖွင့်လှစ်ထားပါကြောင်း လူနာများအတွက် ဆေးကုသရာတွင် အဆင်ပြေမှုရှိစေရန် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာ အချိန်မရွေး (၂၄)နာရီ နှောင့်နှေးမှုမရှိစေဘဲ ဝယ်ယူနိုင်ရန်အတွက် ဆေးရုံအထောက်အကူပြု ဆေးဆိုင်အား (၂၄)နာရီ ဖွင့်လှစ်ထားရှိပါကြောင်း လူနာများ၊ လူနာစောင့်များနှင့် ဝန်ထမ်းများအတွက် … Read more