Home Archive By Category "Hospital_News"
ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီး ကျင်းပပြုလုပ်ခြင်း

ပဲခူးပြည်သူ့ဆေးရုံကြီး အနေဖြင့် Both Clients and Provider’s Satisfaction ရရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အနီးကပ်ကြီးကြပ်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ အလှူရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိရာ လူနာများ၊ လူနာရှင်များအပါအဝင် ဒေသခံပြည်သူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများအပါအဝင် ဆေးရုံဝန်ထမ်းများ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ချစ်ခင်လေးစားမှု ပိုမိုတိုးတက်ရရှိစေရန်အတွက် ဆေးရုံဝန်ထမ်းများ၏ ၃-ကြိမ်မြောက် နှစ်ဦးအလှူပွဲကြီးအား (၂-၁-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအလှူပွဲကြီးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့ဝင်များ၊ လူနာရှင်များ၊ လူနာများစုစုပေါင်း (၁၀၀၀)ဦးခန့် ကြွရောက်ချီးမြှင့်ခဲ့ကြရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုအုပ်ကြီးနှင့် […]

Read More
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခြင်း

၇၂-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွင်နိုင်ခဲ့သော ဝန်ထမ်းများအား ချီးမြှင့်ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျန်းမာရေးကုသစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးရုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရသစ်၏ “ပြည်သူနဲ့အတူ” ဆောင်ပုဒ်နှင့်အညီ ၂၄-နာရီပတ်လုံး   ပိတ်ရက်မရှိကြိုးစားဆောင်ရွက်ပေးနေသည့် ပဲခူးပြည်သူ့ဆေးရုံကြီးမှ အဆင့်ဆင့်သောဆေးရုံ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ “ဂုဏ်ပြုမှတ်တမ်းလွှာ” ဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။

Read More
မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှကျေးရွာများသို့ကွင်းဆင်းဆေးကုသခြင်း

မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှကျေးရွာများသို့ကွင်းဆင်းဆေးကုသခြင်း

မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ဆရာဝန်များ၊ သူနာပြုဆရာမများ ပါဝင်သောအဖွဲ့သည် မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးမှူးများ၊ သားဖွားဆရာမများနှင့် ပူးပေါင်း၍ မြောင်းမြမြို့နယ်အတွင်းရှိ ကံသာကုန်းကျေားရွာ၊ ကမ်းနီကျေးရွာ၊ ကညင်ဂဲကျေးရွာများသို့ ၂၀၁၉ ခုနှစ် မေလအတွင်း အခမဲ့ကွင်းဆင်းဆေးကုခရီးများ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ (၁၁-၅-၂၀၁၉) ရက်နေ့တွင် ကံသာကုန်းကျေးရွာ ဆေးကုသခရီးစဉ်တွင် ရွာသူ၊ရွာသား (၂၀၀)ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ(၁၃၆)ဦး အား အခမဲ့ ဆေးကုသခြင်း တို့ကိုဆောင်ရွက်ခဲ့ပါသည်။ (၁၉-၅-၂၀၁၉)ရက်နေ့ ကမ်းနီကျေးရွာ ဆေးကုခရီးစဉ်တွင် ရွာသူ၊ရွာသား (၁၅၀) ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာ (၁၃၂)ဦး အား အခမဲ့ ဆေးကုသခြင်း နှင့် (၂၅-၅-၂၀၁၉)ရက်နေ့ ကညင်ဂဲကျေးရွာ ဆေးကုခရီးစဉ်တွင် လူနာ (၄၀)ဦး အား အခမဲ့ ဆေးကုသမှု ပေးခဲ့ကြောင်း […]

Read More
ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍လူနာများအား အခမဲ့ခွဲစိတ်ကုသ

ပဲခူးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီးများနှင့် Pro Interplast – Germany အဖွဲ့မှ အထူးကုဆရာဝန်ကြီးများပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊မီးလောင်ဒဏ်ရာ၊ လည်ပင်းကြီး၊ အဖုအကျိတ် လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုများကို (၁၀-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉)ရက်နေ့အထိဆောင်ရွက်ပေးခဲ့ရာ ပဲခူးမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ လူနာ (၁၆၂)ဦး လာရောက်ပြသခဲ့ကြပြီးလူနာ (၇၉)ဦးအား အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ စည်ပင်/သစ်တော ဝန်ကြီးဒေါက်တာစောညိုဝင်း၊ အတွင်းရေးမှုး ဦးတိုးဝင်းတို့မှ လူနာများအား လာရောက်ကြည့်ရှုအားပေးခြင်း၊ ခွဲစိတ်ကုသမည့်အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့တို့အားတွေ့ဆုံနှုတ်ဆက်ခြင်း၊ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံအားပေးခြင်း ၊ လူနာများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအထူးကုအဖွဲ့သည် (၁၃-၂-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် […]

Read More
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်

ကလေးဝမြို့၊ ဖေဖော်ဝါရီ (၁၀) ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦးသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကျန်းမာရေး၀န်ထမ်းများ နှင့် ဒေသခံပြည်သူလူထုတို့ တက်ရောက်ခဲ့ပါသည်။ ဆေးရုံ အဆောက်အဦသစ်ဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲပါသည်။ ၄င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် အဖွဲ့သည် ဆေးရုံအဆောက်အဦသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှု၍ တက်ရောက်ကုသနေသော လူနာများအား ကူညီထောက်ပံ့ခဲ့ပါသည်။

Read More
နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ခုတင်-၁၀၀၀တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆောင်ရွက်ခြင်း

နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ခုတင်-၁၀၀၀တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆောင်ရွက်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၀)ရက် ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ် မှ ဗဟိုအဆင့်၊အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံများနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ (မြန်မာပြည်အလယ်ပိုင်း) ကို (၂၀- ၂- ၂၀၁၉)ရက်နေ့တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင်-၁၀၀၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကျင်းပပြုလုပ်သော ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွက် (၂၀၁၉) ခုနှစ်တွင် ပထမအကြိမ်စတင်ပြုလုပ်ခြင်းဖြစ်၍ အခမ်းအနားကို ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်းနှင့် ဆေးရုံ(၄)ရုံမှ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့မှ ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့် ဆေးဘက် ဆိုင်ရာလူမှုရေးပြဿနာများကို Power […]

Read More
Bitnami