ဒီပဲယင်းဆေးရုံ

          

          

 ဒီပဲယင်းဆေးရုံစတင်တည်ထောင်ခဲ့သောခုနှစ်နှင့်သမိုင်းအကျဉ်းချုပ်

       ဒီပဲယင်းမြို့နယ်သည်ဧရိယာအကျယ်အဝန်း ၅၁၁.၈၅ စတုရန်းမိုင်ရှိပြီး လူဦးရေစုစုပေါင်းမှာ ၁၆၇၇၆၆ရှိပါသည်။ဒီပဲယင်းမြို့ပြည်သူ့ဆေးရုံသည် မုံရွာ-ရေဦးကားလမ်းဘေး ဒီပဲယင်းမြို့၏ အနောက်ကွက်သစ်ရပ်တွင် တည်ရှိပါသည်။  မြေနေရာအကျယ်အဝန်းမှာ  ၇.၀၂၀  ဧကကျယ်ဝန်း ပါသည်။အဆောက်အဦးအားဖြင့် ဆေးရုံပင်မဆောင်၊ အမျိုးသားလူနာဆောင်၊ အမျိုးသမီးလူနာ ဆောင် ၊ ဆေးသိုလှောင်ခန်း၊ ဓာတ်မှန်အခန်းပေါင်းတစ်ဆောင်၊ သံဃာဆောင်၊ မြို့နယ်ဆရာဝန် နေအိမ်အသစ်တစ်လုံး၊  အဟောင်းတစ်လုံး၊   လက်ထောက်ဆရာဝန် နေအိမ်နှစ်ခန်းတွဲပါ နှစ်ထပ် ဆောင်၊ စိန်ကြည်ကုသဆောင်တို့ရှိပါသည်။သူနာပြုအဆောင်  (၄)ခန်းတွဲ သုံးထပ်ဆောင်လည်း ဆောက်လုပ် လျက်ရှိပါသည်။ဒီပဲယင်းမြို့နယ်ပြည်သူ့ဆေးရုံကို  ၁၉၇၆ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၁ခုနှစ်တွင် (၁၆)ကုတင်ဆံပြည်သူ့ဆေးရုံ၊ ၂၀၀၈ ခုနှစ် ဇွန်လ(၂၅) ရက်နေ့ တွင် (၂၅)  ကုတင် ဆံ့ ပြည်သူ့ဆေးရုံအဖြစ်သို့ တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများကို   ဆောင်ရွက်ပေးလျှက် ရှိ ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

-ဆေးရုံအုပ်ကြီးရုံးခန်း  Ph-၀၉ -၄၅၀၀၁၅၈၉၈

Email – drtoe007@gmail.com

ပြင်ပလူနာပြသနိုင်သောအချိန်ဇယား

စဉ်နေ့ရက်ဆေးခန်းဖွင့်ချိန်မှတ်ချက်
နေ့စဉ်နံနက်(၉:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီအထိ 

 ပြည်သူလူထုသို့အသိပေးလိုသောအချက်များ

                   မြွေဆိပ်ဖြေဆေး၊ခွေးရူးပြန်ကာကွယ်ဆေး၊မွေးကင်းစ ကလေးအသည်းရောင် အသား ဝါ(ဘီ)ပိုးကာကွယ်ဆေး၊သားဆက်ခြားဆေးများကိုအခမဲ့ထိုးပေးလျှက်ရှိပါသည်၊၊ ဆီးချိုရောဂါသွေတိုး ရောဂါများလည်း စမ်းသပ်စစ်ဆေးပေးပြီး ရောဂါရှိပါကလည်း အခမဲ့ကုသမှုပေးခြင်းနှင့် အခြေခံ လိုအပ်သော ဆေးဝါးများဖြင့်လည်း အခမဲ့ကုသမှုပေးလျက် ရှိပါသည်။    အသည်းရောင်အသာဝါ (ဘီ)   အသည်း ရောင်အသားဝါ (စီ) ၊   HIV  ကာလသားရောဂါ ၊  သွေးလွန်တုပ်ကွေး ရောဂါရှိမရှိ စစ်ဆေးပေးခြင်း၊

သွေးအုပ်စုများ ခွဲခြားစစ်ဆေးပေးခြင်း၊    သွေးလိုအပ်သော လူနာများ သွေးသွင်းကုသပေးခြင်း ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍လည်း မွေးစာရင်းများ၊ သေစာရင်းများ၊ ကျန်းမာ ကြောင်းဆေးထောက်ခံစာများ ၊   မီးဖွားခွင့်များပြုလုပ်ပေးလျက်ရှိပါသည်။

Covid-19   ကာကွယ်ဆေးများအခမဲ့ထိုးနှံပေးခြင်းနှင့် Covid-19 ရောဂါ စစ်ဆေး ပေးခြင်း၊ ပိုးတွေ့ရှိပါကအခမဲ့ ကုသမှုပေးခြင်းများ၊  ( ၅ ) နှစ်အောက် ကလေးကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ၊  HIV  လူနာများအတွက်  ART ဆေးများ၊

ကိုယ်ဝန်ဆောင်မိခင်များနှင့်    မွေးဖွားပြီး မိခင်များကိုလည်း လိုအပ်သောဆေးဝါးများ   နှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ၊    အနာကြီးရောဂါကုဆေးများနှင့်ငှက်ဖျားပိုး  ရှိမရှိ စစ်ဆေး ပေးခြင်း၊ ငှက်ဖျားပိုးတွေ့ရှိပါကအခမဲ့ကုသမှုများဆောင်ရွက်ပေးလျက်ရှိပါသည်။

Leave a Comment