ချောင်းဦးမြို့နယ်ကုသရေးဦးစီးဌာန

ဆေးရုံတည်နေရာနှင့်ဓါတ်ပုံ

ချောင်းဦးမြို့နယ်သည် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မုံရွာခရိုင်အတွင်းတွင်တည်ရှိပါသည်။ ချောင်းဦးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၁.၄၆၈ တွင် တည်ရှိပြီး မြောက်လတ္တီကျူ ၂၂° ၄၅’ နှင့် အရှေ့လောင်ဂျီကျူ ၉၅° ၈’ မှ ၉၅° ၂၅’ ကြား တည်ရှိပါသည်။ ချောင်းဦးမြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော မြို့နယ်များမှာ အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် မြောင်မြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက် တွင် မုံရွာမြို့နယ်တို့ဖြစ်ပါသည်။ အနောက်ဘက်တွင် ချင်းတွင်းမြစ် ဖြတ်သန်းစီးဆင်းနေပါသည်။         ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသည် မုံရွာ – မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိ ပါသည်။ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံ၏ အကျယ်အဝန်းမှာ (၆)ဧကခန့် ကျယ်ဝန်းပါသည်။ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း (၃) တွင်းရှိပြီး ရေလုံလောက်စွာ ရရှိပါသည်။ လျှပ်စစ်မီးရရှိမှုအနေဖြင့် နိုင်ငံတော်ဓါတ်အားလှိုင်းမှ လက်ခံရရှိပါသည်။

 ဆေးရုံသမိုင်းအကျဉ်း

          ချောင်းဦးမြို့နယ်ဆေးရုံသည် ယခင်က ယခုမြို့နယ်ပညာရေးမှူးရုံးနေရာတွင် တည်ရှိခဲ့ပါ သည်။ ၁၉၇၀ ခုနှစ်ခန့်စ၍ ယခုနေရာသို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။ ယခင်က (၁၆)ကုတင်ဆံ့ ဆေးရုံဖြစ်ပြီး ယခုအခါ (၂၅)ကုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်၍ ပြည်သူလူထု၏ ကျန်းမာရေးကိစ္စရပ် များကို ဆောင်ရွက်နေပါသည်။လက်ရှိအသုံးပြုနေသော(၂)ထပ်ဆောင်ဆေးရုံသစ်အား(၂၄.၈.၂၀၁၉) ရက်နေ့မှ စတင်၍ လုပ်ငန်းဆောင်ရွက်လျက် ရှိပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

          မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံးခန်း ( ကြိုးဖုန်းနံပါတ် ) ၀၇၁ – ၂၀၄၅၁၃၂၊

အရေးပေါ်ပြင်ပလူနာဌာန (ဖုန်းနံပါတ်) ၀၉ – ၇၉၂၄၉၀၅၅၈၊

အီးမေးလ် kyawnypoe@.gmail.com

ပြင်ပလူနာအချိန်ဇယား

စဉ်နေ့ရက်ဆေးခန်းဖွင့်ချိန်မှတ်ချက်
တနင်္လာနေ့ မှ   သောကြာနေ့ထိမနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ နေ့လယ်(၂)နာရီ မှ ညနေ(၄)နာရီအထိအရေးပေါ်လူနာများကို (၂၄)နာရီ ကုသပေးနေ ပါသည်။

ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ

          ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံအနေဖြင့် ရုံးဖွင့်ရက်များတွင် ပြင်ပလူနာများကို နံနက် (၉)နာရီမှ (၁၂)နာရီထိနှင့် နေ့လည်ပိုင်းတွင် (၂)နာရီမှ (၄)နာရီထိ ကြည့်ရှုကုသပေးလျက် ရှိပါ သည်။ အရေးပေါ်လူနာများအား (၂၄)နာရီပတ်လုံး ကုသပေးလျက်ရှိပါသည်။ အတွင်းလူနာများအား လက်ခံကုသ ေပး လျှက်ရှိပါသည်၊၊ဆရာဝန် (၁)ဦး၊ သူနာပြု (၂)ဦး၊ ဓါတ်ခွဲ (၁)ဦး၊ အထွေထွေလုပ်သား (၃)ဦးတို့ဖြင့် (၂၄)နာရီပတ်လုံး ဆေးရုံလုပ်ငန်း များ ဆောင်ရွက်နေပါသည်။

          ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးဘက်ကျွမ်းကျင်(၄)၊ ဓါတ်ခွဲ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် ဓါတ်ခွဲလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ ယခုအခါတွင် ဆောင်ရွက်နိုင်ပြီဖြစ်ပါ သည်။ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအခြေပြု Covid – 19 ကာကွယ်ဆေးများကို လစဉ် (၇)ရက်နေ့ နှင့် လကုန်အစည်းအဝေး ကျင်းပပြုလုပ်သည့်နေ့မှလွဲ၍ နေ့စဉ်ထိုးနှံပေးလျက် ရှိပါသည်။ လစဉ် လဆန်း(၇)ရက်နေ့တိုင်း ချောင်းဦးမြို့နယ်ဆေးရုံတွင် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

Leave a Comment