စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ၊ ၂၄ ရက်နေ့၊နေ့လည် (၁:၀၀)နာရီတွင် ကုသရေးဦးစီးဌာန အစည်း အဝေးခန်းမ၌  ကုသရေးရေးဦးစီးဌာန၏ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်း          အစည်းအဝေးကျင်းပခဲ့ကြပါသည်။ အစည်းအဝေးကို ဒုတိယညွှန်ကြားရေးမှုးချုပ်(စီမံ/ဘဏ္ဍာ)၊ ကုသရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းလုပ်ငန်းများအား လုပ်ဆောင်လျှက်ရှိသည့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူး(စီမံကိန်း)မှ စီမံကိန်းလုပ်ငန်းများအား အသေးစိတ်ရှင်းလင်း ပြောကြား၍ ကုသရေးရေးဦးစီးဌာနအောက်ရှိဌာနခွဲများမှ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများအား စနစ်တကျ အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် စီမံကိန်းများအား အမျိုးသားကျန်းမာရေးစီမံကိန်း National Health Plan(2017-2021) နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan (MSDP) များသို့ ဦးတည်ဆောင်ရွက်ကြရန် စည်းဝေးညှိနှိုင်းခဲ့ကြပါသည်။ ထို့ပြင် ယခုရေးဆွဲ ကြရမည့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်   စီမံကိန်း လုပ်ငန်း […]

SARI treatment for Medical Officers ကျင်းပပြုလုပ်ခြင်း

          ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ Online training on SARI Treatment for Medical Officers in the COVID-19 frontline ကို ၂၀၂၀ ပြည့်နှစ် မေလ (၂၉)ရက်နေ့မှ စတင်၍ တစ်ရက်လျှင် တစ်နာရီခွဲ၊ တစ်ပတ်လျှင် (၂)ရက် နှုန်းဖြင့် သင်တန်းချိန် (၈)ချိန် သင်ကြားခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် WHO Regional Office for South-East Asia မှ ကျွမ်းကျင်သူ ဆေးပညာရှင်များက သင်တန်းဆရာများအဖြစ် ဆောင်ရွက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆေးပညာ) ပါမောက္ခဒေါက်တာဇော်လင်းအောင်၊ ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ(ဆေးပညာ) ဒေါက်တာဟိန်းရာဇာအောင်၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ တွဲဖက်ပါမောက္ခ(ဆေးပညာ) ဒေါက်တာအောင်ကျော်သူတို့က Facilitator […]

Standard Operating Procedure (SOP) နှင့် Guideline များ တည်းဖြတ်ရေးအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်ခြင်:

 မြို့နယ်ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများတွင် ဆောင်ရွက်မည့် အခြေခံကျ သည့် မရှိမဖြစ် ကုသရေးလုပ်ငန်းများအတွက် Standard Operating Procedure (SOP) နှင့် Guidelines များ တည်းဖြတ်ရေးအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၅)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် Video Conferencing အနေဖြင့် ကျင်းပပြုလုပ် ခဲ့ရာ တည်းဖြတ် ရေးအဖွဲ့ ဥက္ကဋ္ဌ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာမြင့်ဟန်နှင့် အဖွဲ့ဝင် ဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူးများ၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့မှ အကြံပေးပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ အစည်းအဝေးကို မူကြမ်းပြင်ဆင်ပြီးသော ဘာသာရပ်အလိုက် SOP နှင့် Guideline များကို […]

Video Conferencing on Infection Prevention and Control ကျင်းပပြုလုပ်ခြင်း

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်           ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ Video Conferencing on Hospital Infection Prevention and Control ကို ၂၀၂၀-ပြည့်နှစ်၊ ဇွန်လ ၆ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကုသရေး) ဒေါက်တာ သီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲတို့မှ ပါဝင်တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာန များမှ Infection Prevention and Control (IPC) Focal Person များ၊ ဗဟိုအဆင့်ဆေးရုံများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကုသရေး ဦးစီးဌာနများမှ ဆေးရုံအုပ်ကြီးများနှင့် IPC teams များ စုစုပေါင်း […]

ပူတာအိုဆေးရုံ မွေးခန်းသုံးရေ နောက်ရခြင်းကိစ္စအား ရှင်းလင်းတင်ပြခြင်း

———— အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရေနောက်ရခြင်းကိစ္စမှာ ၁။ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ခရိုင်ဆေးရုံကြီးနှင့်အညီ ပြည်သူများ၏ ကျန်းမာရေးကိုသာ ရှေ့ထားပြီး သန့်ရှင်းမှုကို အစဉ်အလေးထားလျက်ရှိကြောင်း ပထမဦးစွာ အသိပေးအပ်ပါသည်။ ၂။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားစဉ်နေ့က ဆေးရုံတိုးတက်ရေးအတွက်ဆောက်လုပ်ရေးလုပ်ငန်းများလုပ်စဉ် ရေပိုက်ကျိုးပေါက်သွားခြင်းဖြစ်ပါသည်။ မိုးအလွန်ရွာသောကာလဖြစ်သဖြင့် မိုးရွာထဲတွင် ပြန်လည်ပြုပြင်ရသောကြောင့် ရွှံများနှင့်ရောထွေး၍ ရေနောက်သွားရခြင်းဖြစ်ပါသည်။ *အစဉ်အမြဲရေနောက်များကို သုံးစွဲနေခြင်း လုံးဝမရှိပါ* ၃။ ၎င်းအပြင် … ပူတာအိုဆေးရုံမိသားစုမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ပျက်စီးမှုများအား ပြုပြင်ပြီးဖြစ်ပါ၍ သန့်ရှင်းစိတ်ချရသောရေသုံးစွဲမှု ပြန်လည်ရရှိပြီဖြစ်ပါသည်။ ၄။ ကတိပေးနိုင်သည်မှာ ဆယ်ဂဏန်းမပြည့်သော ဆရာဝန်နှင့် အထူးကုများမှ သူနာပြုဆရာဆရာမများ .. တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ပူတာအိုဆေးရုံတိုးတက်ရေးနှင့် ပြည်သူများကျန်းမာရေးအတွက် အထူးပင်ကြိုးစားလျက်ရှိကြောင်းပါ. ၅။ လိုအပ်သော […]