Video Conferencing on COVID-19 infection of Healthcare Workers ကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးဝန်ထမ်းများတွင် COVID-19 ရောဂါပိုးကူးစက်မှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်းကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီမှ ညနေ (၄:၀၀)နာရီအထိ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ကုသရေးဦးစီးဌာနများ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ IPC focal person များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။အဆိုပါ အစည်းအဝေးတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်မောင်ကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်၊ သင်္ဃန်းကျွန်းပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှ၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ(ဆေးပညာ) ပါမောက္ခဒေါက်တာမာမာကြည်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မြို့မှ ဆေးရုံအုပ် ဒေါက်တာ သီတာဝင်းနှင့် ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့က ဆေးရုံအလိုက် ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်မှုအခြေအနေ၊ ဖြစ်ပွားရသည့် အကြောင်းရင်း၊ ဆောင်ရွက်ထား ရှိမှု တို့နှင့် ပတ်သက်၍ Presentation များ တင်ပြကြပြီး တက်ရောက်လာကြသူများက မေးမြန်း ဆွေးနွေး ခဲ့ကြကာ အစည်းအဝေးကို ညနေ (၄:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

Leave a Comment