မန္တလေးမြို့၊စိတ်ကျန်းမာရေးဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပြည်သူသို့ အသိပေးလိုသောအချက်များ

ပြင်ပလူနာပြသနိုင်သောအချိန်ဇယား (ခ)စိတ်အထူးကုပြင်ပလူနာအချိန်ဇယား တနင်္လာနေ့မှ သောကြာနေ့ထိ နံက် (၉)နာီ ပြည်သူလူထုထံသို့အသိပေးလိုသောအချက်များ မိမိဌာနမှ ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးလျှက်ရှိသောလုပ်ငန်းများ၊ အသိပေးလိုသည့်အချက် အလက်များနှင့် ထိုဝန်ဆောင်မှုများအားရယူရန်အတွက် လိုအပ်သောအချက်အလက်များနှင့်လျှောက် လွှာပုံစံများ- မန္တလေးမြို့၊စိတ်ကျန်းမာရေးဆေးရုံကြီးအနေဖြင့်- (၁)- စိတ်ကျန်းမာဆေးရုံတက်လူနာများကို ဆေးသောက်မှန်ကန်စေရန်နှင့်အချိန်မှန်မှန်ဆေးတိုက်ပေးခြင်းများကိုစနစ်တကျကုသစောင့်ရှောက်ပေးလျှက်ရှိပါသည်။ (၂)- ပြင်ပလူနာများအနေဖြင့်ဆေးကုသခြင်း၊စိတ်ရောကိုယ်ပါပြန်လည်ကောင်းမွန်လာစေရန် ကျန်းမာရေးအသိပညာပေးခြင်းနှင့်ရက်ချိန်းမှန်ကန်စေရေးတို့အားပြုလုပ်ပေးပါသည်။ (၃)- ပိုင်ရှင်မဲ့လူနာများအတွက် အစစအရာရာအဆင်ပြေစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးပါ သည်။ (၄)- စိတ်ကျန်းမာရေးလူနာများအားကုသရာတွင် မိသားစုများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါသည်။ထို့ကြောင့်ဆေးရုံတက်ပါကလူနာအကြောင်းနားလည်သောမိသားစုဝင်(သို့မဟုတ်) လူနာစောင့်(၁)ဦးစောင့်ရှောက်ရန်လိုအပ်ပါသည်။၎င်းလူနာစောင့်သည် အရက်နှင့်မူးယစ်ဆေးဝါးသုံးစွဲသောသူမဖြစ်ရပါ။ မန္တလေးမြို့၊မူးယစ်ဆေးစွဲရောဂါကုဆေးရုံအနေဖြင့်- (၁)- မူးယစ်ဆေးစွဲလူနာများကိုအပြတ်ဖြတ်လိုပါကပြင်ပလူနာအနေဖြင့် သောက်ဆေးပေး၍ ကုသမှုပေးထားပါသည်။ပြင်ပလူနာအနေဖြင့် သောက်ဆေးသောက်ပြီးကုသ၍ မပြတ်နိုင်သောလူနာများကို Methadone အစားထိုးဆေးသောက်ရန် ပညာပေး၍လမ်းညွှန်ပေးပါသည်။Methadone ဆေးသောက် သောလူနာများအားဆေးရုံတင်၍ ကုသမှုပေးပါသည်။ (၂)- Methadone အစားထိုးဆေးသောက်လျှင် အခြားအရက်၊ဘီယာ၊စိတ်ကြွဆေးများနှင့်ရော၍ သုံးစွဲမရကြောင်းပညာပေးပါသည်။ (၃)- အိပ်မပျော်၊ယင်းထခြင်းစသောကြောင်းအရင်းများဖြစ်ပေါ်ပါကဆရာဝန်နှင့်ဆွေးနွေးပြီးမှသာဆေးစက်တိုး၍ ကုသမှုပေးခြင်း။ […]
ခုတင်(၃၀၀) သင်ကြားရေးဆေးရုံကြီး ၊ မန္တလေး မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ နှင့်ပြည်သူလူထုထံသို့ အသိပေးလိုသော အချက်များ

မန္တလေးမြို့၊ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သော လူနာများအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ပေးနိုင်ရန် အတွက် ကုသရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများ နှင့် ဆေးရုံအုပ်ချုပ်မှု ဆေးရုံအုပ်ကြီးများ ၊ အထူးကုဆရာဝန်ကြီးများ နှင့် ဆေးရုံအုပ်များ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်၍ အစဉ်တိုးတက်အောင် ဆောင်ရွက်လျှက်ရှိပါသည်။ မန္တလေးမြို့၊ခုတင်(၃၀၀)ဆံ့သင်ကြားရေးဆေးရုံကြီးသည် ဗဟိုအဆင့်ဆေးရုံကြီး ( Tertiary Centre ) တစ်ခုဖြစ်ပြီးပြည်သူလူထု အား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြီးပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် နှင့် လူနာလမ်းညွှန်မှုများ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ကုသရေးဦးစီးဌာန နှင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ညွှန်ကြားချက်များကို လိုက်နာ၍ ဆက်လက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များ ၊ အသိပညာပေးချက်များ နှင့်ကျန်းမာရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ရောဂါဘယကင်းဝေးစေရေးတို့အတွက် […]
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၂) အား ကျင်းပ

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးကို (၉-၅-၂၀၂၂) ရက်နေ့နှင့် (၁၆-၈-၂၀၂၂) ရက်နေ့တို့တွင်ပြုလုပ်ခဲ့ပါသည်။
ဆေးဘက်ကျွမ်းကျင်(၄)(ဓာတ်မှန်/ဆေးစပ်)နှင့်စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း)ရာထူးနေရာများ လျှောက်လွှာခေါ်ယူခြင်း
Consultation Meeting to Develop Integrated Checklists အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank) တို့ ပူးပေါင်းဆောင်ရွက်သည့် Myanmar COVID-19 Emergency Response Project (M-CERP) စီမံချက်ဝင်ဆေးရုံများအား Monitoring and Evaluation ပြုလုပ်ရန် Checklist ရေးဆွဲခြင်းအစည်းအဝေးကို မန်းမြန်မာဟိုတယ်၊ နေပြည်တော် တွင် (၂၂-၁-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ (M-CERP) စီမံချက်တွင် ပါဝင်ဆောင်ရွက်သည့်ဌာနများမှ ညွှန်ကြားရေးမှူး များနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) မှ (M-CERP) စီမံချက်ဝင်ဆေးရုံများတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား Monitoring and Evaluation ပြုလုပ်မည် ဖြစ်ပါကြောင်းနှင့် Monitoring and Evaluation Indicators […]
