Consultation Meeting to Develop Integrated Checklists အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် (World Bank) တို့ ပူးပေါင်းဆောင်ရွက်သည့် Myanmar COVID-19 Emergency Response Project (M-CERP) စီမံချက်ဝင်ဆေးရုံများအား Monitoring and Evaluation ပြုလုပ်ရန် Checklist ရေးဆွဲခြင်းအစည်းအဝေးကို မန်းမြန်မာဟိုတယ်၊ နေပြည်တော် တွင် (၂၂-၁-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ (M-CERP) စီမံချက်တွင် ပါဝင်ဆောင်ရွက်သည့်ဌာနများမှ ညွှန်ကြားရေးမှူး များနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။


အစည်းအဝေးတွင် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းရည်မွန်၊ ညွှန်ကြားရေးမှူး(စီမံကိန်း) မှ (M-CERP) စီမံချက်ဝင်ဆေးရုံများတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား Monitoring and Evaluation ပြုလုပ်မည် ဖြစ်ပါကြောင်းနှင့် Monitoring and Evaluation Indicators များအား ရှင်းလင်းပြေကြားပြီး Reporting စနစ်တွင် အသုံးပြုမည့် Google Form နှင့် Supervision Checklist များအား ရှင်းလင်းတင်ပြ၍ သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ဆွေးနွေးခဲ့ပြီး Monitoring and Evaluation Indicators နှင့် ကိုက်ညီသော Google Form နှင့် Checklists (Draft) များအား ရေးဆွဲခဲ့ပါသည်။

Leave a Comment