ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ပူးပေါင်းစီစဉ်သည့်နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအားခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် Japan Heart တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်းစာတွေ့၊ လက်တွေ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈:၀၀)နာရီတွင် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ရာ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  OSAKA UNIVERSITY မှ Professor Mikihiko kogo နှင့် အဖွဲ့ဝင်များ၊ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများမှ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များ သင်တန်းသား စုစုပေါင်း(၃၁)ဦးတို့ တက်ရောက် ခဲ့ပါသည်။ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားရာ တွင် ၂၀၁၂ခုနှစ်မှစတင်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သော Japan Heart အဖွဲ့၏ ပူးပေါင်းကူညီဆောင်ရွက်မှုများကြောင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျေးဇူးတင်အသိအမှတ်ပြု ပါကြောင်း ဗဟိုအဆင့်ဆေးရုံများသာမက တိုင်းဒေသကြီး/ ပြည်နယ်များရှိဆေးရုံများတွင် နှုတ်ခမ်းကွဲ၊ […]

သွားတုဆိုင်ရာလက်ထောက်ကျွမ်းကျင် (ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲ ခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့           ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သွားတုဆိုင်ရာလက် ထောက်ကျွမ်းကျင် သင်တန်း(ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈: ၀၀)နာရီ တွင် သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်တော်)၊ သင်တန်းခမ်းမ၌ ကျင်းပပြုလုပ်ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အထူးကုဆရာဝန်များ၊ သင်တန်းနည်း ပြများ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။           အခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဆိုပါ သင်တန်း၏ရည်ရွယ်ချက်များအနေဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံများရှိ သွားနှင့်ခံတွင်းဆေးကုသဌာနများတွင် အများပြည်သူများကို သွားကျန်းမာရေး ဝန်ဆောင်မှုများ အရည်အသွေးပြည့်မီစွာကုသပေးနိုင်ရန် (Digital Dentistry) နည်းပညာများဖြင့် ကုသပေးနိုင်ရန်ရည်ရွယ်ပြီး သင်ကြားရေးဆိုင်ရာအတတ်ပညာများကို အခြေခံကျကျ တတ်မြောက် စေရန်၊ […]

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ဌာနတွင်း Computer သင်တန်းဆင်းပွဲကျင်းပခြင်း

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် ဌာနတွင်း Computer သင်တန်းဆင်းပွဲအား (၅-၇-၂၀၂၄) ရက်နေ့ နံနက် ၁၁ နာရီကဆောင်ရွက်ခဲ့ပြီး သင်တန်းသူ/သင်တန်းသား ၂၅ ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

လယ်ဝေးဆေးရုံ

လယ်ဝေးဆေးရုံသမိုင်းအကျဉ်း လယ်ဝေးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ မှ အထွေထွေရောဂါကု ပြင်ပလူနာအချိန်ဇယား စဉ် ပြင်ပလူနာ    ပြင်ပလူနာကြည့်သော  အချိန်  မှတ်ချက် ၁ အထွေထွေရောဂါကု ပြင်ပလူနာ နံနက်(၈:၀၀)မှ ညနေ (၄:၀၀)ထိ   ၂ အရေးပေါ်လူနာ (၂၄:၀၀)နာရီ    နေပြည်တော် လယ်ဝေးမြို့ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ  ဆေးရုံအုပ်ကြီးရုံးခန်း  ဖုန်း – ၀၉-၄၂၁၃၆၉၉၅၃  အရေးပေါ်နှင့် ပြင်ပလူနာဌာန ဖုန်း -၀၉-၇၉၀၄၂၃၇၈၁   အီးမေးလ်        (lewehospital100bedded@gmail.com)  ဖက်စ်နံပါတ် – ၀၆၇ -၄၁၉၀၈၆ လယ်ဝေးမြို့ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ မှ အထူးကု ပြင်ပလူနာ အချိန်ဇယား စဉ် ပြင်ပလူနာကြည့်သော နေ့ရက် ပြင်ပလူနာကြည့်သော အဆောင် ပြင်ပလူနာကြည့်သော အချိန် […]